Pages

Tuesday, January 18, 2011

မန်း လက်ဆောင်



တစ်ခါက ရွာတစ်ရွာမှ မောင်သောင်းရွှေဦးဆောင်သောသူငယ်ချင်းတစ်စုမန္တလေးမြို့သို့တက်လာကြသည်။
မြို့ထဲ လျှောက်သွားကြသည်။ ဈေးချိုတွင် ၀ယ်ချင်စရာများကို လျှောက်ကြည့်ကြသည်။ အိမ်တော်ရာဘုရားဖူးကြသည်။ ခြင်းဝိုင်းလည်း ၀င်ပြီးကြည့်ကြသည်။
ချမ်းသာကြီးကျောင်းတိုက်က ရွာကဦးဇင်းကို ၀င်ပြီးဖူးကြသည်။ သမိုင်းဝင် ချမ်းသာကြီးဘုရားကိုလဲ ဖူးရသေးသည်။ ပြီးတော့ ဘုရားကြီးဖူးကြသည်။ လိပ်စာကြေွးကြသည်။ ငါးကန်လဲရောက်သည်။ တောင်ပေါ်တက်ကြသည်။ မြွေကြီးနှစ်ကောင်တွင် ဓာတ်ပုံရိုက်ကြသေးသည်။
ညရောက်တော့ ဦးဇင်းက လိုက်ပို့သောကြောင့် ညဈေးတန်းရောက်ကြသေးသည်။
ညဈေးတန်းတွင် မန္တလေးမြို့ မုံ့ဟင်းခါးစားကြသေးသည်။ ၀က်သားဒုတ်ထိုးလဲ စားကြသည်။ ငါးရက်နေပြီးတော့ ရွာပြန်ခဲ့သည်။ ရွာထိပ်ရောက်မှ မောင်သောင်းရွှေ သတိရသည်။

" ဟာ...ညွှန့်စိန်မှာလိုက်တဲ့ ကျုံရေ တော့ မေ့ရစ်ပြီကွာ၊ ညွှန့်စိန်က မန္တလေးမြို့ ကျုံးရေက အန္တရာယ်ကင်းတယ်ဆိုပြီး ငါ့ကို မှာလိုက်တာ၊ ဘုရားဖူး၊ မန္တလေးတောင်တက်နဲ့ မေ့သွားတာ၊ အခုမှ သတိရတယ်၊ တတ်နိုင်ဘူး.. ဟေ့၊ သူမှာတာတော့ မေ့လို့မဖြစ်ဘူး၊ မင်းတို့လဲ သူ့သွားမပြောနဲ့၊ ဒီရေကန်ထဲကပဲ ခတ်လိုက်တော့မယ် ဆိုပြီး အနီးရှိရေကန်ထဲကခတ်ပြီး သူပေးလိုက်တဲ့ ရေပုလင်းတွင် ဖြည့်လိုက်သည်။ ရွာဦးတွင် စောင့်နေသော ညွှန့်စိန်က

" ဟာ သောင်းရွှေ ငါမှာလိုက်တဲ့ မန်း ကျုံးရေ ပါလားဟေ့ .."
မင်းကလဲ ဘယ်မေ့မလဲ၊ ရော့ အန္တရာယ်ကင်းတယ်၊ သောက်ဟေ့"။
ညွှန့်စိန် မန်းရေကို မနားတမ်းသောက်ပါတော့၏။ ပြီတော့ ရှုံ့မဲ့ပြီး မှတ်ချက်လဲချသည်။
" အင်း မန်းရေ မို့သာ သောက်ရတယ်။ ကျွဲချေးစော်တော့ ခတ်နံနံပဲကွ"။

No comments:

Post a Comment