ဒီကိစ္စလား
K ဆက်ရှင်ကိုသွားလိုက်ပါ..
သူတို့ပြောလိုက်တဲ့
အတိုင်းသွားကြည့်တယ်။
K
ဆက်ရှင်က ဌာနက Reception မှာရှိနိုင်တယ်လို့ ပြန်ညွှန်တယ်။
နောက်တော့
ဌာနပိုင် ဆရာနဲ့ဝင်တွေ့ကြည့်တယ်။
ဖုန်းတွေ
တတီတီခေါ်ပြီး ပြောနေသည်။
ကိုယ်တို့အကြောင်းပြောနေတာလား၊
သူ့အိမ်က
ဒကာမကြီးကို သတိရလို့ ပြန်ဆက်နေတာလားတော့ မသိ။
ပြုံးလိုက်၊
ရယ်လိုက်နဲ့ ကြည်နူးစရာကြီး။
သူ့ကိုကြည့်ပြီး
အဆင်ပြေနိုင်တယ်လို့ ယူဆနေရတယ်။
ဒီကိစ္စလား..
Exam
ဌာနကို သွားလိုက်ရင် အဆင်ပြေပါတယ်..
အဲ
လာပြန်ပြီ နောက်တစ်ဌာန၊ သွားကြည့်လိုက်တယ်။
အထက်က
စာလာပါလိမ့်မယ်၊ အဲဒီတော့ ကျနော် ခင်ဗျားတို့ဌာနကို ပို့ပေးပါ့မယ်..
ဆိုတော့
ရှေ့ဆက်လို့မရဖြစ်ပြီ။
စိတ်ပေါက်ပေါက်နဲ့
ဌာနပြန်လာပြီး ထိုင်နေမိတယ်။
ကိုယ်လိုစိတ်ပေါက်နေတဲ့
သူကလဲ တဗြစ်တောက်တောက်ဖြစ်နေတယ်။
တဗြစ်တောက်တောက်တွေ
စုလိုက်တော့ ဌာနမှူးဆီရောက်သွားတယ်။
ဌာနဆီသွားမယ်ကြံတော့
ဧည့်သည်ရောက်နေလို့ ခဏစောင့်ပါလို့ ရုံးအစောင့်က ပြောတယ်။
အေး.မင်းတို့ပြောသလိုစောင့်ဆို၊
စောင့်မယ်..
မင်းတို့ဌာနဆရာတွေ၊
ဌာနမှူးတွေ..ဘုတ်အဖွဲ့တွေ ဟိုညွှန်၊ ဒီပို့လုပ်တယ်။
လုပ်ထုံးလုပ်နည်းတွေကိုအကုန်
မသိကြဘူးလား..
ဒီလိုပါပဲ..၊
နည်းနည်းချင်းလုပ်ရတာပေါ့.
ကုလားက
အပြုံးမပျက် ပြန်ပြောတယ်။
အဲ
တစ်ခုတော့ ရှိတယ်ဗျ။
အကုန်သိတဲ့သူတစ်ယောက်ရှိတယ်။
ဘယ်ဌာန၊
ဘယ်နေရာ၊ ဆရာဘယ်သူ၊ ဌာနမှူးဘယ်အချိန်ရှိတယ်။
လက်မှတ်ဘယ်အချိန်ထိုးတယ်။
အနားချိန်စသည်ပေါ့ဗျာ...
အင်း..အင်း...၊
အာ..အိုကေပဲ..၊ အဲလိုလူမျိုးတွေ့ချင်နေတာ ဘယ်မှာလဲ.
ဟော
ဟိုမှာ..
ကုလားညွှန်ပြရာကြည့်လိုက်တော့
..
အောက်ခြေသိမ်းရုံး အကူ
ဖြစ်နေတယ်။
ကျောင်းသား
လေးငါးခြောက်ယောက်ကို လက်ချာပေးသလို တောင်ညွှန်၊ မြောက်ညွန်လုပ်နေတာတွေ့
ရတယ်။ မော်တော်ပီကယ်
ယာဉ်ထိမ်းကြီးနဲ့တောင် တူနေသလိုလိုရှိတယ်။
အာ..၊
သူက အကုန်သိတယ်ဆိုတာ ဟုတ်ပါ့မလား..
လို့ပြောမိတော့..၊
သိပ်ဟုတ်တာပေါ့..၊
ဒါပေမယ့်
လက်မှတ်ထိုးပြီး ဘာကိုမှ သူ လုပ်မပေးနိုင်ဘူး။
ဌာနမှူးနဲ့
တွေ့ချင်ရင်တော့ နောက်နေ့လာခဲ့ပါ..
ပြီးရော
ဘာတတ်နိုင်သေးလဲ။
စိတ်ချဉ်ပေါက်တာတွေ
ယောက်ယက်ခတ်ပြီး ဘယ်ရောက်ကုန်တယ် မသိတော့။
ဗိုက်ဆာလာတာပဲသိတယ်။
နောက်ဆုံးတော့
“ဒီကိစ္စလား” နောက်နေ့ပေါ့။
ကတ်ကြေးတစ်ချောင်+
နို့တစ်ခွက်
...............................................
အဖြေရှာသည်။
ပြဿနာ
ငါးဆယ်ကျော်ကျော်လောက်တွေ့ရသည်။
ဆရာက
တစ်မျိုးပြောသည်။
ကျောင်းသားက
တစ်မျိုး ကောက်ချက်ချသည်။
တစ်ယောက်တစ်ပေါက်နဲ့
အရှုံးအနိုင်မပေါ်ပဲ ပျော်စရာပင်ကောင်းနေသည်။
မှန်သည်ထင်၍
လုပ်လိုက်ကြသည်။
မှားသည်ဟု
အဖြေထွက်လာသည်။
အမှန်ဘာလဲ
သူတို့ကိုမေးကြည့်သည်။
မေးမိသူတိုင်းက
အဖြေတစ်မျိုးစီပေးကြသည်။
နောက်ဆုံးတော့
အတွေ့အကြုံရှိ ဆရာများကိုဌာနမှူးရုံးခန်းခေါ်ပြီး တိုင်ပင်ဆွေးနွေးကြသည်။
အဖြေမှန်သည်
ဆရာများတွင် မရှိဖြစ်နေသည်။
မှန်ပေသည်။
ဆရာတို့သည် ကျောင်းသားများ မဟုတ်ကြတော့သည်ကိုး။
ကြာပြီဆိုတော့
မေ့လောက်ပါပြီ ဆိုတဲ့ သီချင်းလေးကို တိုးတိုးလေးဆိုမိသည်။
ထို့ကြောင့်
အခြားဌာနက ကျောင်းသားတစ်ယောက်ကို မေးကြည့်ပါဟု ဆုံးဖြတ်လိုက်ကြသည်။
ကျောင်းသားများလာလေ့လာထရှိသော
မိတ္တူဆိုင်က ထိုင်စောင့်နေသည်။
မကြာခင်ကျောင်းသားတစ်ယောက်ရောက်လာသည်။
အခြေအနေကိုပြောပြတော့
ကူညီနိုင်သည်ဟု ပြောသည်။
သူ့အဆောင်ကို
ခဏပြန်သည်။
ပြီးတော့
ပြန်လာသည်။
သူ့ကိုယ်ပိုင်စာဖိုင်လေးကိုပေးသည်။
ပုံစံတကျပြုလုပ်ထားသည်။
ကုလားများသည်
ရံခါ အလွန်သဘောကောင်းတတ်သည်။
များသောအားဖြင့်
ကျောင်းသားများသည် အသားအရောင် မခွဲခြား ကူညီပေးတတ်ကြသည်။
ကျုပ်တို့က
သူတို့ထက် နည်းနည်းအသားဖြူသည်။
.........................
Workshop
တစ်ခုတွင် ပါမောက္ခတစ်ဦးပြောသည်ကို သတိရနေမိသည်။
“ပီ
အိပ်ခ်ျ ဒီ လုပ်တာ လွယ်ပါတယ်။
ကတ်ကြေးကောင်းကောင်းတစ်ချောင်းလိုတယ်”တဲ့။
“မှန်ပါတယ်ဆရာ။
ဒါပေမယ့်
အဲဒီကတ်ကြေးထက်အောင်သွေးရတာ တော်တော်ခက်တယ်”..
အကူအညီပေးသော
ကုလားကျောင်းသားကို ကော်ဖီ(ချရေ) တစ်ခွက်တိုက်လိုက်သည်။
“ဆိုင်က
ကော်ဖီတွေ မသောက်နဲ့ နို့အတုတွေနဲ့လုပ်ထားတာ။
နွားနို့စစ်စစ်နဲ့ဟာကိုသောက်ပါ”
ဒါပေမယ့်
သူတစ်ခွက်လုံးကုန်အောင်တော့ သောက်သွားသည်။
အားနာလို့ထင်ပါသည်။
No comments:
Post a Comment