Pages

Thursday, August 29, 2013

တို့ ထေရ် ဆရာ





ဘ၀အတူ

စေတနာကူလို့ရယ်ဖြင့်

သင်ကြားပါတဲ့ မြတ်ဆရာ။

တပည့်အထာ

မကွာသိလို့ရယ် ညွန်းတဲ့ စေတနာ။

ဝန္ဒနာ အခါခါဖြင့်

မြတ်ဆရာ တို့ထေရ်ဘုန်းကို

မြတ်နိုးမိပါ။


မန်းရွှေမြို့တော်၊ သာသနာ့တက္ကသိုလ်ကျောင်းသား အမှတ်တရပါ။ 
....................................................................................

"နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ."
သုံးခေါက်ဖြင့် စာသင်ခန်း အတန်းတက်ခြင်းကို ဖွင့်လှစ်လိုက်သည်။ 
စာပေပို့ချပေးမည့် ဆရာတော် လည်း နေရာ အသင့်ယူပြီးပြီဖြစ်သည်။

နေ့လည် တစ်နာရီ အချိန်မို့ အိပ်ယာထနောက်ကျသော စာသင်သား တစ်ချို့ မရောက်ကြသေးပါ။
ကျောင်းသားတစ်ချို့၏ နေရာများလွတ်နေဆဲဖြစ်သည်။

စည်းကမ်းအရ အတန်းခေါ်ချိန်ငါးမိနစ်မျှနောက်ကျရောက်ခဲ့သော် ပျက်ကွက်စာရင်းအဖြစ်တင်နိုင်ပေသည်။
 စာချဆရာတော်သည် ကျောင်းသားများ၏ အခင်းအကျင်းကို ခဏဝေ့၀ိုက်ကြည့်သည်။
နေရာလပ်တစ်ချို့ရှိနေသေးခြင်းကြောင့် အတန်းတက်စာရင်း မခေါ်သေးပါ။
ဆရာတော်သည် ကြည့်လက်စ စာအုပ်ကို ခဏပိတ်လိုက်သည်။

တင်ပ..၊ ကျောင်းသားစုံပြီးထင်ပါတယ်။
ခွင့်ရှိရင် ပြောပါဦး..
ခွင့်ယူထားသော ကျောင်းသားတစ်ချို့အမည်များကို ပြောလိုက်သည်။
ထို့နေ့ကျောင်းခေါ်စာရင်းသည် ဤမျှဖြင့် ပြီးစီးသွားသည်။

တင်ပ..၊ နောက်ကျလို့ ပြေးရတဲ့ အကြောင်းလေးပြောပြဦးမယ်..
တပည့်တော်တို့ ဒီသာသနာ့ တက္ကသိုလ်တက်ရောက်ခါစက အရှင်ဘုရားတို့လိုခေတ်မီသေးတာမဟုတ်ဘူး။
ကျောင်းသားကနည်းနည်းပေါ့။

 ရောက်ခါစတွေဆိုတော့ ဆရာအဖြစ်ပြန်လည်ပို့ချပေးဖို့ ခေါ်တဲ့ အချိန်ပေါ့..

တစ်နေ့တော့ မန်းလေးတောင်ပေါ်ကို အခုပါဠိဌာနမှူးနဲ့ အတူတက်ကြတာပေါ့..
အင်္ဂလိပ်စကားပြော လေ့ကျင့်ရအောင်လို့ပါ..
မိုးကလဲနည်းနည်းအုံ့နေတယ်။ နာရီတွေဘာတွေလဲ မပါဘူးပေါ့ဘုရား..

တပည့်တော်တို့ကလဲ ပြောကောင်းကောင်းနဲ့ ပြောလိုက်ကြတာ။
တော်တော် နောက်ကျ သွားပါတယ်။ အချိန်လဲ မကြည့်ပဲနဲ့ ပြန်ဆင်းလာကြတာ။

ငါ့ရှင်တို့ သိတဲ့ စန္ဒာမုနိဘုရား မြောက်ဘက်ဘေးက အဲဒီတုန်းက အခုလိုတောကြီး မဟုတ်ဘူးဘုရား။ ပျံကျ အိမ်တွေနေကြတာပေါ့။ အဲဒီ တဲကြိုး တဲကြားရောက်တော့ ဘုရားဝတ်တက်မောင်း ခေါက်သံကြားလိုက်ရ တယ်။

ဟာ အေးအေးဆေးဆေးနဲ့ဆင်းလာတာ။ မောင်းခေါက်သံကြားလိုက်ရတော့မှ အချိန် တော်တော်နောက် ကျနေပြီဆိုတာ သိလိုက်ရတယ်။

ဘာပြောကောင်းမလဲ။ ပြေးလိုက်ကြရတာဘုရား သင်္ကန်းတွေ တလွှားလွှားနဲ့။ 
မရှက်အားဘူး။ လူတွေက ၀ိုင်းကြည့်ကြတယ်။ ဘာလဲပေါ့။ တတ်နိုင်ဘူးဘုရား။
ရောက်ခါစကျောင်းသားဆိုတော့ ကျောင်း အထုတ်ခံရမှာကြောက်တာကိုးဘုရား။

နောက်တော့လဲ ပုံမှန်ပါပဲ။ အရှင်ဘုရားတို့လိုပေါ့။ 
ပထမနှစ်၊ ဒုတိယနှစ် ရောက်ခါစတုန်းကတော့ ကျောင်းတက် မောင်းမခေါက်ခင် ကျောင်းသားက အတန်း ထဲက စောင့်နေတယ်။

တတိယနှစ်၊ စတုတ္တနှစ်ကျတော့ ဆရာက အခန်းထဲကနေ တပည့်ကိုပြန်စောင့်ရတာပေါ့။
ဒီလိုပါပဲ ..။နားလည်မိပါတယ်။ ၀ဋ်လည်တယ်လို့ ဆိုနိုင်မလားပဲဘုရား။
ဒါပေမယ့် ငါ့ရှင်တို့ကို စာနာမိပါတယ်။
.......................................

သူတို့ ငယ်စဉ် ဘ၀ဖြင့် တပည့်များ အပေါ် စာနာ နားလည်တတ်သော ဆရာဟု သိရချိန်ဝယ် နောက်ကျ
ကျောင်း သားတစ်ချို့၏ မျက်ဝန်းများ ရီဝေနေသည်။

ဆရာတော်ကားပြုံးသည်။
နှောင်း အတိတ်က အရိပ်တို့ အတွေးဝယ် ခတ်သောကြောင့် ပြုံးလေသလား။
သို့မဟုတ်နောက်ကျကျောင်းသား၏ နောင်တ အတွက် ခွင့်လွှတ် အပြုံးလား မခွဲခြားနိုင်။
နှစ်ခုစလုံးလည်း ဖြစ်နိုင်သည်။

တို့ဆရာများချမ်းမြေ့ကြပါစေ။

.................................

Friday, August 16, 2013

အဲ ယောင်သွားလို့

 
ရှေးအခါတုန်းက သာသနာ့ဘောင်တွင် အနှစ်အတော်ကြာနေပြီးမှ လူဝတ်လဲလိုက်သော လူပြန်တော်ကြီးတစ်ဦး ရွာစဉ် လှည့်ပြီး ဆီရောင်းရသည်။

ဆီဗျို့၊ ဆီ၊ ဒီဘက်အိမ်ကများ ကပ္ပိကြဦးမလားဗျာ...

ဘုန်းကြီး အပြောမျိုးဖြင့် အော်ရောင်းနေသော ထိုလူကြီးကို အနီးရှိ အိမ်ရှင်မ တစ်ဦးက...

ဟော တော် ..၊ ဘုန်းကြီးလူထွက်ကြီးထင်တယ်..

ထိုစကားကိုကြားလိုက်ရသော လူပြန်တော်ကြီးသည်.

အဲ..အဲ ၊ ယောင်သွားလို့ ဒကာမကြီးရေ..။
 

Thursday, August 15, 2013

ဇယာ ဟေး






ခင်ဗျား၊ ဗုဒ္ဓကိုကောင်းကောင်းသိမယ်နော်။
အိမ်ဘေးက လူကိုမေးကြည့်ဖူးသည်။

အာ..၊ ကျနော်ကောင်းကောင်းသိတာပေါ့ဗျာ။
ကျနော်တို့ ဆီမှာ သီချင်းတစ်ပုဒ်ရှိတယ်။

ဗုဒ္ဓရယ်၊ သခင်ယေရှုရယ် ပြီးတော့ မဟတ္တမဂန္ဓီဂျီတို့ကို ဖွဲ့ဆိုထားတဲ့ သီချင်းပေါ့။
ဗုဒ္ဓက နံပတ်တစ်မှာ ရှိတယ်လေ။
ကျနော် ဟိန္ဒူဘာသာဝင်တစ်ယောက်ပါ။

ဒါပေမယ့် ဗုဒ္ဓလမ်းညွှန်ချက်တွေကို ငယ်ငယ်ကတည်းက သိပါတယ်။
ပြီးတော့ လူတိုင်းက ဗုဒ္ဓကိုကြိုက်နှစ်သက်ကြပါတယ်။
ဗုဒ္ဓက မေတ္တာတရားကို လက်ကိုင်ထားတယ်။ ညီညွတ်ရေးကို ပုံဖော်ပါတယ်။
ဒါက သူသိတဲ့ ဗုဒ္ဓဖြစ်သည်။

မှန်တာပေါ့ဗျာ။ အိန္ဒိယနိုင်ငံ ရွှေရောင်ခေတ်တွေကို ပိုင်ဆိုင်ထားတာ ဗုဒ္ဓဘာသာ လွှမ်မိုးတဲ့ အချိန်တွေလို့ Heritage of Buddhism မှ ကျနော်ဖတ်ဖူးပါတယ်။

အဲဒီမှာ အခန်းတစ်ခန်းက 1000 years of Glory ဆိုပြီး အိန္ဒိယနိုင်ငံသားကြီး D.C.Ahir ကရေးထား ပါတယ်။

“Those 1000 years were in many ways the grandest in our history. The name and fame of India rose to highest peaks in those centuries, and the the realm of art and literature, learning and piety, Indian achievement reached highest still unsurpassed”.

ပြီးတော့ ခင်များတို့ အိန္ဒိယနိုင်ငံရဲ့ အလံတော်မှာ မြတ်ဗုဒ္ဓရဲ့ အမှတ်တံဆိပ် ဓမ္မစက္ကကို ပုံဖော်ထား တယ်လေ။

အော်..၊ ဟုတ်လား၊ ကျနော်သိထားတာက အဲဒီစက်ဝိုင်းကြီးကို အသောကစကြ ( Asoka Cakra) လို့သိတာပါ။

ဟုတ်ပါတယ်။ အသောကမင်းကြီးရဲ့ ဗုဒ္ဓအပေါ်မြတ်နိုးမှုနဲ့ ငြိမ်းချမ်းခြင်းပုံရိပ်တို့ကို မြတ်နိုးနားလည်တဲ့၊ အမ်ဘေဒကာက ပုံဖော်ခဲ့တာပေါ့ဗျာ။
ဗုဒ္ဓဘာသာခေါင်းဆောင်ကြီး အမ်ဘေဒကာကို ခင်များပြောတာလား။
သူက မေးသည်။

ဟုတ်ပါတယ်။
ရဲရဲဝံ့ဝံ့ပြန်ဖြေလိုက်သည်။
............................

နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ရေး အောင်ပွဲကို အိန္ဒိယနိုင်ငံတွင် ပထမဆုံးတက်ရောက်ရသည်။
မဂဓတက္ကသိုလ်တွင် M.A တက်ရောက်စဉ်အဆောင် ( ၃) အပေါ်ထပ်တွင်ဖြစ်သည်။
အမွှေးနံ့တို့ကြိုင်လှိုင်နေသည်။ အဆောင်မှူးနှင့် အုပ်ချုပ်ရေးအရာရှိကြီးတို့သည်
တိုင်ထိပ်တွင် ရစ်ချည်ထားသော အလံတော်ကို ဆွဲဖွင့်လိုက်သောအခါ ..
Jana gana mana သီချင်းကို သံပြိုင်ဆိုကြသည်။

မြန်မာကျောင်းသားရဟန်းတော်များသည်လည်း သံပြိုင်ပင် အလွယ်ဆုံးအပိုဒ်ဖြစ်သော..
Jaya he Jaya he Jaya he..
ဇယာ ဟေး ဇယာ ဟေး ဇယာ ဟေး
ကိုရွတ်ဆိုကြသည်။
အဓိပ္ပာယ်မှာ
အောင်မြင်ပါစေ..
အောင်မြင်ပါစေ..
အောင်မြင်ပါစေ..

လေတွင် လွန့်လူးနေသော အလံတော်တွင် ပါရှိသည့် မြတ်ဗုဒ္ဓ၏ ဓမ္မစင်္ကြာ အ၀န်းသည် တဖျတ်ဖျတ် 
လူးလွန့်လျက် တက်ရောက်လာသူ အားလုံးကို ဦးညွတ်စေသည်။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။
........................

အိန္ဒိယနိုင်ငံ၏ သြဂုတ်လ ၁၅ရက်၊ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရေးဖွဲ့ပါသည်။

သညာ အမှား





ကပ္ပိယကြီး၊
ဘုရား၊
ကိုရင်ပြောလေ၊ ဘာမေးမလို့တုန်းဘုရား။

ရွာထိပ်က ဒကာမကြီးနာမည်မေ့နေလို့ပါ။
တစ်ရွာလုံး တပည့်တော် အမျိုးချည်းပဲ။ မေးချင်တာမေး ကိုရင်။

ရွာထိပ်မန်ကျီးပင်တောင်ဘက်နားက ဒကာမကြီးလေဗျာ။
ခပ်၀၀နဲ့။ နာမည်မှာ ရွှေဆိုတဲ့ အမည်တောင်ပါသေးတယ်။

အင်..၊ ကိုရင်ကလဲ ပြောရော့မယ်။
နက်ထည်ပါဘုရား။

အော်.၊ ဟုတ်တယ်။ ဟုတ်တယ်။
အမှတ်လွဲသွားလို့ပါ။