Pages

Tuesday, January 11, 2011

နှင်းခဲ ပျော်ချိန်

နာမည်လေးမှာ သူများနှင့် မတူ ထူးခြားပါသည်။ တစ်ရွာလုံးတွင် နာဂ နာမည်များသာ မှည့်ခေါ်ကြပါသည်။ သူတို့ရွာတွင် အင်ဆန်း၊ ယောမယမ်း၊ စွန်းစန်း၊ ယွန်စိုင်း၊ အရောင် နှင့် ကြာနောင်တို့ကို သာ ကြားနေ ရသ ဖြင့် သူ့နာမည်ကို မှတ်မိနေခြင်းလဲဖြစ်ပါလိမ့်မည်။ ပြီးတော့ သူမလှသည်။ လူပြောများသည်။ လူငယ်များ အကြားတွင် နာမည်ကျော်သည်။ နာဂမလေးတစ်ယောက်ဖြစ်ပါသည်။အစဉ်အဆက် ကတည်း ကပင် သူတို့ မွေးချင်းများသည် လှကြကြောင်းလဲ ပြောကြသည်။ တစ်ခါတလေ လမ်းတွင် ဆုံမိသည်။ ဘာမှ မပြောပါ။ စကားနည်းပါသည်။ အေးလဲအေးချမ်းပါသည်။

ဤ နာဂရွာလေးတွင် သူသာ အလှဆုံးဖြစ်ပေလိမ့်မည်။ သူမကို အမြဲတမ်းမတွေ့ရပါ။ တောင်ယာကို သွား တတ်သည်။ တခါသွားလျှင်လဲ တစ်လ ကိုးသီတင်း ကြာတတ်သည်။ ကျောင်းတွင် လုပ်ကိုင်စရာ၊ သာရေး၊ နာရေးရှိလျှင် သူမကို တွေ့ရတတ်သည်။ 'မအေးကြည် လာပါဦး၊ မအေးကြည် ဘယ်တုန်းက ပြန်ရောက်လဲ၊ မအေးကြည်ကို မတွေ့မိတာတောင် အတော်ကြာပြီနော်'။

ဤရွာလေးတွင် သူမသာ အထက်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ထားသူလဲ ဖြစ်ပြန်သည်။ မိဘများ ကွယ်လွန်သွားခဲ့ကြသော်လည်း မိမိလုပ်အားဖြင့် မိမိဘ၀ တက်လမ်းကို ရှာဖွေတတ်သူလေး လဲဖြစ် နေပြန် ၏။ နောက်တော့ မြို့တက်သွားသည်။ ရန်ကုန်မြို့ရှိ တိုင်းရင်းသား ကျေးရွာလေးတွင် တာဝန်းထမ်း ဆောင် ခွင့် ရရန် လူတွေ့စာမေးပွဲဖြေရန် ဖြစ်ပါသည်။ သို့သော် မအေးကြည် မအောင်မြင်ပဲ ပြန်ခဲ့ရသည်။ တောင်တန်းတွေ အကြားက သူမရွာလေးကို ပြန်ခဲ့သည်။

တောင်ယာများအကြားတွင်မအေးကြည်ကိုတွေ့ရပေလိမ့်မည်။တခါတရံချင်းတွင်းသောင်ပြင်တွင် မအေးကြည် ရောက်နေလိမ့်မည်။ ပြီးတော့ အပြုံး နုနုလေး တစ်ခု တွဲခိုနေလိမ့်မည်။ ငါ အားကိုးရာ ဆိုတာ ငါသာ ပဲလို့ ပြောကောင်းပြောနေပေလိမ့်မည်။ သတိရပါသည် မအေးကြည်။ ဘ၀တက်လမ်းများကို လဲရှာ ဖွေတွေ့ပါစေကြောင်း ဆုတောင်းနေပါသည်။

ပြီးတော့ မအေးကြည် နေတဲ့ ရွာလေးက စာရေးဆရာကြီး ရန်ကုန် ဘဆွေ ရေးသာ ချယ်မှုံးခွင့်ရခဲ့သော နာဂမလေး အနန်းဟာဗီး၊ အမျိုးအတွက် အခက်အခဲ များစွာကို ခေါင်းငုံ့မခံပဲ ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့သော နာဂ အမျိုးသမီးလေး အနန်းဟာဗီး နေတဲ့ရွာကမို့လဲ ပိုပြီး သတိရပါသည်။ အနန်းဟာဗီးလို ဖြစ်အောင်လဲ ကြိုးစားစေချင်တာ အမှန်ပါ။

ရန်ကုန်မြို့ကို ပြန်လာချင်ပေမယ့် စိတ်ချရတဲ့ အဖော်မရှိလို့ပါလို့ ပြောပြီး ရွာကိုပြန်လာစေချင်တဲ့ အကြောင်းနဲ့ ပြီးတော့ အောက်ပြန်ဆင်းတဲ့ အခါကြရင် ရန်ကုန်ကို ပြန်လိုက်မယ်လို့ ပြောတဲ့မအေးကြည်။

ပြန်မလာနိုင်တဲ့ အဖြစ်ကို ခွင့်လွှတ်စေချင်သည်။ နောက်ကြုံတဲ့ အခါကြရင်တော့ မအေးကြည်တို့ဆီ ပြန် လာခဲ့ပါဦးမည်။ မိတ်ဟောင်း ဆွေဟောင်းတွေ ရှိတဲ့ အရပ်ကို ပြန်လာချင်တဲ့ စိတ်တွေလဲ အမြဲတမ်းရှိ နေ ပါသည်။
ခဏပြန်ဦးမယ်လို့ပြောပြီး ပြန်လာခဲ့ရသော အဖြစ်ကိုလဲ သတိရနေပါသည်။ ဆွေမျိုးတွေလို ကောင်းခဲ့တဲ့ အပေါင်း အသင်းတွေကို ကိုယ့်ရပ် ကိုယ့်ရွာ အပြီးပြန်တော့မယ် ဆိုတာ မပြောရက် မပြောရဲခဲ့တာလဲ ပါ ပါ သည်။ အပြီးပြန်တော့မယ် ပြောလျှင် သူတို့ ငိုကြမည်။

ခွဲခွါခဲ့ရသော မနက်လေးကို အခုထိ သတိရနေမိသည်။ နှင်းကွဲစ အချိန်လေးတွင် ချင်းတွင်မြစ်ဖျားက သူ တို့ရွာလေးကို ခွဲခွါခဲ့ရသည်။

No comments:

Post a Comment