Pages

Saturday, January 8, 2011

ဗုဒ္ဓနေ့

     

   ဒီကနေ့ ဒီနေရာကို ရောက်ရတဲ့ အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ပြောချင်ပါတယ်။ ဒီနေ့ ကုလသမဂ္ဂမှာ ဤကဲ့သို့မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော  ပထမဆုံး သတ်မှတ် ကျင်းပတဲ့ ကဆုန်ကပြည့် ဗုဒ္ဓနေ့ ပွဲတော်ကို စလိုက်ကြပါစို့။
ကျုပ်က ထေရ၀ါဒ ရဟန်းတော်တို့ရဲ့ အ၀ါရောင် သင်္ကန်းကို ၀တ်ဆင်ထားပေမယ့် အာရှသား တစ်ယောက်တော့ မဟုတ်ပါဘူး။ နယူးယောက်ဇာတိသားလို့ ဆိုနိုင်တဲ့ ဘရုတ်ကလင်(brooklyn) မှာမွေးပြီး ကြီးပြင်းခဲ့သူတစ်ယောက်ပါ။

ကျုပ်ဘ၀ရဲ့ ပထမ အနှစ်နှစ်ဆယ် အတွင်းမှာ ဗုဒ္ဓဘာသာအကြောင်းဘာမှ မသိခဲ့ပါဘူး။ ကျုပ်ဘ၀ရဲ့ အနှစ်နှစ်ဆယ်ကာလ အတွင်းမှာ ဗုဒ္ဓဘာသာဆိုတာ ခေတ်သစ် ရုပ်ဝါဒဆန်သော လောက အတွက် အလှည့်အပြောင်း ဖြစ်နိုင်သော ၀ါဒတစ်ခုအဖြစ် စိတ်ဝင်စားမှုပိုလာခဲ့ပါတယ်။
နောက်နှစ်များမှာတော့ စိတ်ဝင်းစားမှု တိုးပွားခဲ့ပါတယ်။ ကျုပ်ရဲ့ အနောက်တိုင်း ဒဿနဆိုင်ရာတွေကို လေ့လာတဲ့ ပညာရပ်ပြီးဆုံးတော့ သီရိလင်္ကာကို သွားခဲ့ပြီး အဲဒီမှာပဲ ဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ်သို့ ရောက်ခဲ့ပါတယ်။ သီရိလင်္ကာ နိုင်ငံမှာပဲ ကျုပ်ရဲ့ ရင့်ကျက်တဲ့ဘ၀ အစိတ်အပိုင်း အဖြစ်နဲ့ နေထိုင်ခဲ့ပါတယ်။ အခုလို ကိုယ့်ဇာတိမွေးရပ်မြေကို ပြန်ရောက်ခဲ့ရပြီး ကြီးကျယ်ခန်းနားတဲ့ ပရိတ်သတ်ကို စကားပြောခွင့် ရလို့ အထူးဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့(vesak) နေ့ဆိုတာ မြတ်ဗုဒ္ဓ အလောင်းဖွားမြင်သောနေ့၊ သဗ္ဗညုတအဖြစ်သို့ ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ အဖြစ်သတ်မှတ်ကြပါတယ်။ ဒီအဖြစ် အပျက်တွေဟာ ကဆုန်လပြည့်နေ့ပဲဖြစ်ပါတယ်။ 

မြတ်ဗုဒ္ဓဟာ ဘီ စီ ငါးရာစုကစပြီး အာရှရဲ့ အလင်းရောင်ဖြစ်ခဲ့ပါတယ်။ မြောက်ပိုင်း ဆီးရီးယား၊ တောင်ပိုင်း သီရိလင်္ကာ ကနေ ကဘူးချိုင့်ဝှမ်း အရှေ့ဘက် ဂျပန် အထိ အဆုံးအမ တွေကို တစ်ချိန်ကဖြန့်ကျက်ထားနိုင်ခဲ့ပြီး  ညွှန်ကြားမှု  ပေးနိုင်တဲ့ သူဖြစ်ခဲ့ပါတယ်။ သိမ်မွေ့သောကိုယ်ကျင့်တရား၊ လူသားဆန်သော အမြင်တွေနဲ့ မွေးဖွားသည်မှသေသည့်တိုင်အောင် မြတ်ဗုဒ္ဓ၏ မြင့်မြတ်သော အရည် အသွေးများက လမ်းညွှန်မှုပေးနိုင်ခဲ့ပါတယ်။ 

သန်းပေါင်းများစွာသော လူသားများရဲ့ အမြင့်မြတ်ဆုံးသော ကိုယ်ပိုင် အရည် အသွေးဖြင့် တက်တက်ကြွကြွဖြစ်အောင် စိတ်ပိုင်း ဆိုင်ရာအမြင်တို့ဖြင့် မြင့်မြတ်စေခဲ့ပါတယ်။ မြတ်ဗုဒ္ဓ၏ ကျက်သရေရှိတဲ့မြင့်မြတ်မှုက အားလုံးသော အနုပညာ စာပေ၊ ပန်းချီ၊ ပန်းပု၊ ရုပ်လုံး အပြင်ဆင်အားလုံးတို့ရဲ့ အရေးကြီးတဲ့ အချက်ဖြစ်ခဲ့ပါတယ်။

ဒီကနေ့ ဗုဒ္ဓဘာသာအနေနဲ့ တစ်ကမ္ဘာကလုံးပိုမိုသိရှိခဲ့ကြပါပြီ။ စိတ်ပါဝင်စားသော တပည့် သာဝကများနှင့်လဲ ပြန့်နှံ့တိုးပွားခဲ့ပြီး အနောက်တိုင်း ယဉ်ကျေးမှုအတွက်လဲ အရေးကြီးသော အပိုင်းအဖြစ်သို့ရောက်ရန် စတင်နေပါပြီ။ ယခုကစပြီး ကုလသမဂ္ဂအနေနဲ့ နေ့တစ်နေ့ အနေနဲ့ နှစ်စဉ် နှစ်တိုင်းသတ်မှတ် ပြီး မြတ်ဗုဒ္ဓရဲ့ အနှိုင်းမဲ့ ပညာ၊အပိုင်းအခြားမရှိ စိတ်အားထက်သန်မှုတို့ကို ဂုဏ်ပြုသောအားဖြင့်  ကျင်းပဖို့ အသင့် အတော်ဆုံး အခါသမယပင်ဖြစ်ပါတယ်။ 
ကမ္ဘာ့ လူပေါင်းများစွာကလဲ မြတ်ဗုဒ္ဓကို သူတို့၏ လမ်းညွှန်၊ ဦးဆောင်သူအဖြစ်နဲ့ကြည့်နေကြပါပြီ။

No comments:

Post a Comment