Pages

Wednesday, January 26, 2011

ဦးထိပ်တင်ပါသည်


‘ဦးဇင်းတပည့်တော် တစ်ခုမေးချင်လို့ပါ’၊ ဒကာတစ်ယောက်က သူမသိ တာလေး မေးချင် လို့ဆို လာတဲ့ စကားပါ။ သိရင်တော့လဲ ဖြေဖို့အသင့်ပါ။ အကုန်လုံးကြီးမသိတော့လဲ အာမခံချက်ရဲရဲ မပေးရဲပြန်ပါဘူး။
‘ ပြောပါ ဒကာ ဦးဇင်း သိရင်ဖြေမှာပေါ့’ လို့ပြောလိုက်တော့။ တင်းပါ လို့ပြောပြီး သူကမေးလာပါတယ်။ ‘ ဒီလို ဘုရာ့၊ နေ့စဉ် ဘုန်းကြီးတွေ၊ ဆရာတော်တွေနဲ့ ဦးဇင်းတို့လို ရဟန်းတော်တွေနဲ့ စကားပြောတဲ့ အခါမှာ ပေါ့ ဘုရား၊ ဟုတ်တယ်၊ လိုက်နာပါ့မယ်၊ နားလည်ပါတယ် ဆိုတဲ့ သဘောကိုဆောင်တဲ့ စကားက တင်းပါး၊ တခါ တလေလဲ တင်ပါး လို့ပြောကြပါတယ်၊ မြန်မာစကားပဲလားဘုရား၊ ဒါမှမဟုတ် သူများဆီက ယူပြီးသုံးတာလား သိချင်လို့ပါ၊
‘ အော် ဟုတ်ပြီ၊ ဒကာရေ၊ ဦဇင်းတို့ကိုရင်စပြီးဝတ်တော့ အိမ်ကပါလာတဲ့ အသုံး အနှုံးတွေကို ဆရာတော် တွေနဲ့ ပြောကြတဲ့အခါ ထဲ့ထဲ့ပြီး ပြောမိလွန်းလို့ ဆရာတော်က ကျောင်း သားသစ်တို့၊ ကိုရင် ၀တ်ခါစ ဆိုရင် စစ ချင်း ‘ တင်ပါး၊ မှန်ပါ၊ အရှင်ဘုရား၊ တပည့်တော်’ လို့ လိုက်ပြီး ဆိုရသေးတယ်။ အဲ နောက်ပြီးမှ အဓိပ္ပာယ်ကို ပြောပြတယ်။ အဲဒီ အထဲမှာ အခုန ဒကာတော်ပြောတဲ့ တင်ပါး ဆိုတာကို ဆရာတော်က 
'ကိုယ်ထက် အသက်ကြီးသော သီတင်းသုံးဖော်တို့နှင့်ဖြစ်စေ၊ ဆရာတော်နှင့်ဖြစ်စေ၊ အတူတူနေတဲ့ကိုရင် အချင်း ချင်းဖြစ်စေ စကားပြောတဲ့အခါ တင်ပါးလို့ သုံးရတယ်။ သူရဲ့ဆိုလိုရင်းက အရှင်ဘုရားပြောတာကို ဦးထိပ် တင်ပါသည်လို့ ဖြစ်တယ်။ အဲဒါကို အမြန် ပြော တော့ တင်ပါး ဖြစ်နေတာနော် ကိုရင်တို့’ လို့ပြော ဖူးပါတယ်။ 
အဲ ဒကာတော်သိချင်တဲ့ အဲဒီ တင်ပါးက ဦးထိပ်တင်ပါသည်လို့ ဆိုလိုတာပါပဲဗျာ၊”။ ကဲ ဟုတ်ပြီလား၊ 
တင်ပါး ဘုရား။ ဦးထိပ်တင်ပါသည် ဘုရား။

No comments:

Post a Comment