Pages

Tuesday, January 4, 2011

မေတ္တာခရီးစတင်သောနေ့

မေတ္တာဟူသည် အတိုင်းအတာမဲ့ အရာတစ်ခုတွင်ပါဝင်၏။
ခက်ထန်မာကြောသော စိတ်ထားကင်းနေခြင်းကို မေတ္တာဟုခေါ်၏။ နေ့စဉ်သုံးမြန်မာစကားတွင်တိုက်ရိုက်ယူသုံး၏။
မေတ္တာကိုချစ်ခြင်းဟုပြန်ဆိုခြင်းသည် ပေမ-တဏှာနှင့်ရောထွေးတတ်၏။
မေတ္တာ၏လိုရင်းမှာ တွယ်တာခြင်းကင်းပြီး အကျိုးလိုလားခြင်းပင်ဖြစ်၏။
မြင်မြတ်သူများ၏ ကိုယ်ပိုင်တရားများတွင် မေတ္တာပါဝင်၏။ပါရမီထိုက်သော အရာလည်းဖြစ်၏။
သူတော်ကောင်းများ လက်တွင်ရှိသော ငြိမ်းချမ်းရေးလက်နှက်မှာ မေတ္တာပင်ဖြစ်၏။ ဤမေတ္တာဖြင့်ပင်အောင်နိုင်ခဲ့ကြ၏။ မေတ္တာဖြင့်သာ အောင်နိုင်ရေးကို ကျင့်သုံးပြခဲ့ကြ၏။ လိုက်နာကျင့်သုံးရေးကိုလဲ ပြသတော်မူခဲ့ကြသည်။
ထိုလွင်ပြင်တွင်ပေါက်ရောက်နေသော အရာတိုင်းကို ခံစားခွင့် လူတိုင်းတွင်ရှိပါသည်။
          မြတ်ဗုဒ္ဓ၏ အဆုံးအမများသည် မေတ္တာ အရင်းခံ၏။
 မြတ်ဗုဒ္ဓမေတ္တာလွင်ပြင်တွင် လောကီချမ်းသာ၊ လောကီလွန်ချမ်းသာများ ပွင့်ပေါက်ရှင်သန်ကြသည်။ ဆိုပါလွင်ပြင်တွင် ပေါက်ရောက်ရှင်သန်သောအရာတို့သည် သက်ရှိလောကသားအားလုံးအတွက်ပင်ဖြစ်၏။

1 comment:

  1. မေတ္တာကိုချစ်ခြင်းဟုပြန်ဆိုခြင်းသည် ပေမ-တဏှာနှင့်ရောထွေးတတ်၏။
    မေတ္တာ၏လိုရင်းမှာ တွယ်တာခြင်းကင်းပြီး အကျိုးလိုလားခြင်းပင်ဖြစ်၏။
    မေတ္တာစစ်ကြောင့် ချမ်းမြေ့ရပါတယ်။ ။

    အမိုး

    ReplyDelete