Pages

Thursday, January 6, 2011

ချင်းတွင်းမြစ်ဖျားတစ်နေရာ


လေပြေရယ်ကလာ
သစ်ပင်မှာဟိုဒီတိမ်းတယ်
ယိမ်းနွဲ့ဟန်ပါ။

ကျေးငှက်ရယ်ကသာ
ဘာသာဝါသူတွန်ကျူးတယ်
လွမ်းဘွဲ့သံသာ။

မြစ်ပြင်ရယ်ကသာ
ရှော်တယ်မှာလေဟုန်စီးတယ်
ဒီးဒီးသံပါ။

သဲပြင်နုဝါ
ခရုမှာစိမ်စိမ်ပြေးတယ်
လုယက်သူငါ။

သာ သာ သာ သာ
ရှုခင်းတွေပုံကာစုတယ်
ရှုလှည့်စမ်းပါ။

No comments:

Post a Comment