Pages

Saturday, January 15, 2011

ထင်ရှားသော အမှတ်အသား

“ပြော မပြောချင်ဘူး။ ဖြည့်လိုက်ရတဲ့ ကွက်လပ် ဖြည့်လို့ကိုမပြီးနိုင်ဘူး။ အခုလဲ ကြည့်ဦး၊ ရှေ့နောက် မျိုးတွေ ရဲ့ နာမည် ကိုအိမ်ထောင်ဘက်နာမည်နဲ့တကွ ဖြည့်ရဦးမယ်တဲ့။ ဘုန်းကြီးဝတ်လာကတည်းက အမေနဲ့ အဖေကိုတောင် နာမည်မေ့ချင်ချင် ဖြစ်နေတာပါဆို ဘယ်လိုလုပ်ပြီး မွေးချင်းနာမည်တွေ မှတ်မိတော့မလဲ။ လုပ်လိုက်ရင် တော့ မေ့ပေါက်ချည်းပဲ”။
ပြော ပြော ဆို ဆို ဦးတိဿ အနီးရောက်လာတယ်။ လက်ထဲမှာလဲ စာရွက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ။ ဖောင်တိန်တွေလဲပါတယ်။ စာရွက်တွေကြည့်လိုက်တော့လဲ ဖျက်ရာတွေက တော်တော်များနေပါတယ်။ မိဘ အမည်ဆိုသောနေရာ၌ပင် ဖျက်ရာပြင်ရာတော်တော်များနေတာတွေ့ရတယ်။
 “မောင်ရင် ကူညီစမ်းပါဦး၊ ဒီမှာ ထင်ရှားတဲ့ အမှတ်အသားဆိုပြီး အဖြည့်ခိုင်းနေပြန်ပြီ၊ မှတ်ပုံတင်ကလဲ ရှာမတွေ့သေးဘူး။ အဲဒီအထဲ ဘယ်လိုပါတယ်က မမှတ်မိတော့ဘူး..ဟ”။
“ဦးဇင်းရုံးသွားရမှာမို့လား၊ မြန်မြန်ပြီးဖို့ဆိုရင် တော့ ထင်ရှားသော အမှတ်အသားဆိုတဲ့ နေရာမှာ စိတ်တိုတတ်သည်လို့ ဖြည့်လိုက်..ဦးတိဿရေ”။ နောက်ထပ် အဖြည့်ခိုင်းမှာ မဟုတ်တော့ဘူး၊ စိတ်ချ”။

No comments:

Post a Comment