Pages

Sunday, January 9, 2011

မြည်လိုက်တဲ့ဗျောက်

           ရွာတစ်ရွာတွင်ဖြစ်၏။ ကိုကျော်သိန်းသည် ဆယ်အိမ်မှူးဖြစ်၏။  
ရွာအရှေ့ပိုင်း သူကြီးအိမ် အစည်းအဝေးမှ ကျေးရွာလုံခြုံအတွက် ရွာထဲဆူဆူညံညံ မလုပ်ကြရန် တားမြစ်ဖို့ အသိပေးလိုက်၏။ 
           ဗျောက်မဖောက်ရန်လဲ တားမြစ်ဖို့ အမိန့်ပေးလိုက်သည်။ ကိုကျော်သိန်းသည်
လိုက်နာပြီးဆောင်ရွက်ဖို့နှင့် ရွာသားများကို ဗျောက်မဖောက်ရန် အော်ပြောသွားသည်။ 

ထိုစဉ် “ ဖောင်း” ကနဲ့ကြားလိုက်ရသည်။ ကိုကျော်သိန်း ချက်ချင်း အမိန့်ထုတ်လိုက်၏။
' ဘယ်ကောင်လဲကွ ဗျောက်ဖောက်တာ”။ တစ်ဘက်မှ “ သူကြီးသားကွ”
ဤတွင် ကိုကျော်သိန်းပြောလိုက်သည်က “ ဟ မြည်လှပါလား”။

No comments:

Post a Comment