Pages

Thursday, January 27, 2011

အမ် အေ ကွ

ရွာတစ်ရွာတွင် ဖြစ်သည်။ ရွာဦးကျောင်း ဆရာတော်သည် တပည့်များစွာ မွေးပြီး စာပေပို့ချ ပေးတော်သူသည်။
ဆရာတော်၏ တပည့် အားလုံးပင် ကျမ်းဂန် တတ်မြောက် ကျွမ်းကျင်တော်မူကြသည်။

ထိုအထဲတွင် အသက်ငယ်ငယ်ဖြင့် အဆင့်မြင့်အတန်းများ အောင်မြင်ထားသော ဦးပုညလဲပါသည်။ စာမေးပွဲများ အောင်မြင်ပေမယ့် အသက်ငယ်သောကြောင့် မထေရ်ကြီးများ၏ ခိုင်းစေခြင်း၊ သြ၀ါဒပေးခြင်းများကို ခံရလေ့ ရှိသည်။ ဒကာများကပင် ရိုရိုသေသေ မရှိလှ၊ ဦးပုညဟုခေါ်ရိုးမရှိ၊ 
ငယ်နာမည် ဖြင့် ဦးဇင်း အာလူး ဟုသာချစ်စနိုးခေါ်ကြသည်။

အခံရ ခက်ခက်ဖြင့်ပင် သီရိလင်္ကာနိုင်ငံသို့ရောက်လာပြီး ဘာသန္တရစာပေများကို လေ့လာသည်။ တက္ကသိုလ် မှ M,A ဘွဲ့ရသောအခါ ရွာကိုပြန်ခဲ့သည်။ 

သို့သော် ရွာပြန် ရောက်သောအခါ ဒကာများက ဦးဇင်း အာလူး၊ မထေရ်ကြီးများက M,A အာလူး သာ ဖြစ်နေ ပြန်၏။ ဦးပုည အခံရခက်နေသည်။ စိတ်ပေါက်ပေါက်ဖြင့် ကျောင်းပေါ်သို့ တက်ခဲ့ရာ လှေးကားရင်းမှ ခွေးက ဟောင်ပါတော့သည်။ ဦးပုည ဒေါသ အထွတ်အထိပ် သို့ရောက်ခြေပြီ၊

" ဟဲ့ ခွေး၊ မင်း ငါ့ဘာမှတ်နေလဲ၊ ငါ M,A ( philosophy)ကွ၊ သေသွားမယ်"။ ဆိုပြီးလိုက် ကန်ပါတော့သည်။

No comments:

Post a Comment