Pages

Friday, January 7, 2011

ဟန်ကိုယ့်ဖို့

     ရွာတစ်ရွာတွင် သားဖနှစ်ဦးရှိ၏။ သားဖနှစ်ယောက်လုံး အရက်သောက်ကြသည်။ မည်မျှသောက်ကြသည်ဆိုလျှင် 

သူတို့ကို ကိုက်သောခြင်သည် ခန္ဓာကိုယ်ထဲရှိ အရက်ရှိန်ကြောင့် ပက်လက်ပင်လန်ကြသည်ဟုပြောကြသည်။
         
တခါသော် သားဖနှစ်ဦးလုံး မဖြစ်မနေခရီးသွားဖို့ကြုံလာသည်။ ရထားဖြင့်သွားရမည့် ခရီးဖြစ်၏။

သွားရမည့် ခရီးမှာ ဝေးသောကြောင့် လမ်းတွင် ဆင်းပြီး အရက်သောက်ဖို့အခွင့်အရေးကလဲမရှိ။ 

       ဤသို့ဖြင့် သားဖနှစ်ဦးတိုင်ပင်ပြီး ဓာတ်ဗူးထဲတွင် အရက်ဝယ်ထည့်ခဲ့ကြသည်။ ရထားထွက်ပြီးခဏအကြာတွင်၊

သားဖြစ်သူက ဓာတ်ဗူးကိုထုတ်ပြီး ရုတ်တရက် ငှဲ့ကာ ဂွတ် ကနဲ့မြည်အောင်သောက်လိုက်သည်။ 

      ဤတွင်အဖေဖြစ်သူက “ ဟဲ့ ကောင်လေး ရုပ်ပျက်တာကွာ၊ မှုတ်သောက်ဟဲ"့။

No comments:

Post a Comment