Pages

Tuesday, January 11, 2011

အာဂသတ္တိ

မြန်မာပြည် အလယ်ပိုင်းက ရွာတစ်ရွာတွင်ဖြစ်သည်။ ခွေးရူးပေါသော ကာလတစ်ခုတွင်ဖြစ်၏။
ဆိုပါရွာတွင် မောင်သောင်းရွှေ ဆိုသော လူငယ် တစ်ယောက်လဲရှိပါသည်။

တစ်ခါသော် ရွာအနီး အနားတွင် ခွေးရူးသောင်းကြမ်း နေကြောင်းကြားရသည်။
 ကိုယ့်ရွာဘက်မလာနိုင်စေရန် ရွာသားလူငယ်များ သတိ ၀ိရိယဖြင့် နေ နေကြရ၏။
ခွေရူးကိုက်ပါက နောက်ဆက်တွဲ ပြဿနာမှာ မလွယ်သောကြောင့် အသက်ပါဆုံးရှုံးတတ်ကြောင်း သိကြသည်။
တစ်နေ့တွင် မောင်သောင်းရွှေနေသော ရွာနားသို့ ခွေးရူး ကပ်လာကြောင်း ကြားရသည်။

" အမေ ကျုပ်တို့ အိမ်နား ခွေးရူးကပ်ရင် ပြောပါ" ဟု အမေ့ကိုပြောလိုက်သည်။
 ခဏအကြာတွင် သူ့အမေက " ဟဲ့ သောင်းရွှေ တို့ရွာ အနောက်ဖျား ခွေးရူးဝင်ပြီတဲ့ ဟဲ့" ဟုသတိပေးလိုက်ရာ မောင်သောင်းရွှေမှ " အမေ ကျုပ်အတွက် ဘာမှ မပူနဲ့ ကျုပ်အိမ်အနောက် ခန်းထဲရောက်ပြီ"။

No comments:

Post a Comment