Pages

Monday, August 22, 2011

လက်ဆင့်ကမ်း အမွေ

ဘုရားရှင်သည် သူ၏ တရားတော်များတွင် ကြာ ကို မကြာခဏ ဥပမာပြုပြီး ဟောတော်မူလေ့ ရှိသည်၊ 
စိတ်အာရုံကို ညွတ်နူးစေသော ကြာပန်းတို့သည် စွတ်စိုသော ရာသီဥတုနှင့် ညွန်အိုင်တို့၌ ပွင့်လန်းနေသည်တို့ကိုမြင်နိုင်လေသည်။ 

လူအုပ်တို့ အကြား မြို့၏ လမ်းများပေါ်တွင် ဆွမ်းခံဝတ်ဖြည့်နေသော 
ရသေ့၊ ရဟန်းတော်တို့အား ဆွမ်းလောင်းသူတို့က 
တရားဓမ္မ ရှာဖွေနေသော သူတို့အား ပြင်ပလိုအပ်ရာ
ပစ္စည်းများလှူဒါန်းနေကြသည့် အဖြစ်ကို  တွေ့မြင်နိုင်လေသည်။

တစ်ခါတွင်စာရေးသူသည် ခါးကုန်းကာ လေးကိုင်း ပုံပန်းပေါက်နေပြီး၊ 
အဖာအထေးများဖြင့် ညစ်နွမ်း စုတ်ပြတ်နေသော အ၀တ်များဝတ်လျှက်.....
အဖွားအို တစ်ဦး သွားနေသည်ကို လမ်းဘေး တစ်နေရာတွင် တွေ့ရလေသည်။

အသုဘတစ်ခု လှည့်လည်သွားလာနေသော ရသေ့တို့ကို တစ်နာရီခန့်အတွင်းမြင်ရသည်မှာ တစ်ချိန်က အလောင်းတော် သိဒ္ဓတ္ထမင်းသားမြင် တွေ့ခဲ့ရသော နိမိတ်ကြီးလေးပါးကို သတိတရဖြစ်စေသည်။

ဤကဲ့သို့အတွေ့အကြုံများသည် ရှုမြင်ရသူအတွက် ၀တ္ထုဇာတ်လမ်း ဆန်သော အတွေးအမြင်ကျယ်ပြန့်မှု တရားဓမ္မ အမြင်တို့ကို တိုးပွားလာစေသည်။

သည်ထက်သာမကသေးပါ၊ မြတ်ဗုဒ္ဓဘုရားရှင် တရားဟောတော်မူသော နေရာ သီတင်းသုံးတော်မူသော
နေရာတို့၌ တရား ရှုမှတ်ပွားများရခြင်း လှူဒါန်းဖွယ်ရာတို့ကို လှူဒါန်း လိုက်ရခြင်းအားဖြင့် ပျားပန်းခတ် လှုပ်ရှားနေသော လူများ ဈေးဝယ်၊ ဈေးသည်တို့ ရှိနေသော်လည်း မှန်ကန် လေးနက်သော စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတို့ကို ရရှိစေသည်။

ဗုဒ္ဓဂယာမှပြန်လာသော သူတော်စင်ဒကာ ဒကာမတို့သည်မိမိတို့အိမ်သို့ ပြန်ရောက်ပြီးနောက်ကာလ ကြာသည့်တိုင် မိမိတို့ကျင့် ကြံ အားထုတ်မှု နှင့် သဒ္ဓါတို့ကို သတိတရဖြစ်နေ စေတတ်သည်။

ဘုရားဖူးများ မဇ္ဈိမဒေသ ခရီးသည်ကို ပြည့်ပြည့်၀၀ ခံစားနိုင်ရန် အချို့သော သဘောတရား၊ ဘာသာရေးများ အကြောင်းများ၊ ဆိုင်ရာဆိုင်ရာ ဗုဒ္ဓ၀င်နေရာမြတ်များ ရှေးဟောင်း သုတေသန ဆိုင်ရာနောက်ခံ သမိုင်း တို့ကို သိဖို့လိုအပ်ပါသည်။ ဗုဒ္ဓ၀င်ဆိုင်ရာ နေရာ အများစုသည် ရှေးအခါက ဤမဇ္ဈိမဒေသသို့ ဘုရား လာခဲ့ကြ သော ဘုရားဖူးတို့၏ ရေးထား မှတ်သားချက်တို့မှ ဆင်းသက်လာခြင်းဖြစ်သည်။

နှောင်းစာရေးဆရာ တို့သည်လည်း အခါအားလျှော်စွာ အကိုးအကား ပြုကြရပါသည်။ ဆိုပါ အကိုး အကားတို့သည် သူတို့ခေတ်က အခြေအနေ  တို့ကိုသိနိုင်ရန် အရေးပါ အရာရောက်လှပါသည်။ 

အလားတူပင် ဘုရားဖူးများ ဆောက်လုပ် လှူဒါန်းထားသော အထိမ်းအမှတ် အဆောက်အဦးတို့သည် သူ့ခေတ်၊ သူ့အခါ သက္ကရာဇ်နှင့် ဗုဒ္ဓဘာသာဆိုင်ရာ ကွဲပြားခြားနားသော အနုပညာကို ပြနေသလိုပင် ဆိုပါလက်ရာများ၏ လက်ရာ အနုစိတ်ကြွယ်ဝမှုတို့ကို နားလည် ခံစားနိုင်သည်။ 

No comments:

Post a Comment