Pages

Monday, August 15, 2011

ဓမ္မ ခရီးသည်

မဇ္ဈိမဒေသသို့ မြန်မာ၊ တရုတ်၊ ကိုးရီးယား၊ သီရိလင်္ကာ၊ ဆူမတြာ ဟူသော အရပ်မျက်နှာမျိုးစုံက လာကြသည်။ နောက်ဆုံးသီရှိရသည့် အချက်မှာ ယခင်က ဆိုဗီယက်ပြည်ထောင်စုဖြစ်ပြီး ယခု ကဇာကစ္စတန်ဒေသမှပင် လာရောက်သည်ကိုတွေ့ရသည်။ ထိုဒေသသည် ယခင်က ဗုဒ္ဓဘာသာသြဇာသက်ရောက်သော ဒေသဖြစ်ခဲ့သည်။ တရုတ်နှင့်ကိုရီးယာနိုင်ငံ တို့မှ လာရောက်ကြသော ဘုရားဖူးများသည် တက်လမကန်လွင်ပြင်နှင့် ကမ္ဘာတွင် အမြင့်ဆုံးတောင် တန်း များ ၌ပါဝင်သော တောင်တန်းများကို ဖြတ်သန်းကြရသည်။ 

အဆင့်ဆင့်အားဖြင့် ရေလမ်းကြောင်း ပြောင်းစီး ရသည်။ ပင်လယ်ပြင်တွင် မုန်တိုင်းများ၊ ပင်လယ်ဓါးပြများ၊ ဖျားနာမှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ သီရိလင်္ကာ၊ ဆူမတြာ၊ ဂျာဗာဒေသများမှလာသော ဘုရားဖူးများသည် ဘင်္ဂေါပင်လယ်ပြင်ကို ဖြတ်ပြီး တန်ရလိပဆိပ်ကမ်းတိုင်အောင် ရွက်လွှင့်ကြရပြီး ဂင်္ဂါမြစ်ဝှမ်းကနေ ပတ္တနားတိုင်အောင် ခြေလျှင် ခရီး ဆက် ကြရပြန် သည်။ နီပေါနှင့် တိဗက်ဒေသများမှ လာသောဘုရားဖူးများအတွက် ခရီးလမ်းမဝေးလှသော်လည်း ရာသီဥတုမှာ ကြီးမားသော အခက်အခဲ ဖြစ်ပြန်သည်။ အေးမြပြီးခြောက်သွေ့သော  လေနုအေးတို့သည် တောင်တန်းများ ဆီ မှဆင်လားပြီး ပူပြင်းခြောက်သွေ့သော လွင်ပြင်ဖြစ်သည့် မဇ္ဈိမဒေသသို့ ရောက်သော အခါရာသီဥတုသည် ကြမ်းတမ်းလာတော့၏။

ဤဒေသဤ အခြေအနေနှင့်ကြုံတွေ့ကြရသော ခရီးသွားဘုရားဖူးတို့သည် မကျန်းမာ ဖြစ်မှု၊ အချို့ဆိုလျှင် အသက်ပါ ဆုံးရှုံကြရသည်။ ဘုရင် စထရောင်ဘတ်စတန် စဂမ်ပို၏ စေလွှတ်မှုဖြင့် အ၀လောကိတေသွှရ ဘုရားအလောင်းရုပ်တု ပင့်ရန် ပထမဆုံး ဘုရားဖူးအဖြစ် လာရောက်သော တိဗက် ခရီး သွား ရှီဗျကောင်ကျ မှတ်တမ်းတွင် သူ၏ဌာနေအပြန်တွင် ဂယာဒေသ မဟာဗောဓိပင်၏မှ ဗောဓိညောင် ရွက်များနှင့် နေရဉ္ဖရာမြစ်ကမ်းမှ သဲများကို ယူရန် ရည်ရွယ်ထားခဲ့သည်။ ရှေးအခါက ထိုင်းနိုင်ငံမှ လာရောက် ရဟန်း တော် တစ်ပါး၏ မှတ်တမ်းတွင်လဲ  ရေးသား မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။
အမည်မထင်ရှားသော ရဟန်းတော်တစ်ပါးသည် ထိုင်းနိုင်ငံ ဖွန်ဂ်နှင့် လမ်ပန်မှ တဆင့် မြန်မာနိုင်ငံသို့ ၀င်ခဲ့သည်။ ထိုမှဆက်ကာ အိန္ဒိယနိုင်ငံသို့ ခြေလျှင်ခရီးကြွတော်မူခဲ့သည်။ 

ထင်ရှားသော ကလျာဏီကျောက်စာအရ ၁၃ ရာစုတွင် ဈာန်ယျာဉ်ခရီးဖြင့် သွားလာနိုင်သော ရဟန်းတော်တစ်ပါးသည် ဘုရားရှင်ပွင့်တော်မူရာ ဗုဒ္ဓဂါယာသို့ နေ့စဉ် အသွား အပြန်ပြုတော်မူသည်။ ဤကဲ့သို့ ဈာန်သမာပတ်နှင့်ပြည့်စုံသော ရဟန်းတော်သည် မနက် တိုင်း မဂဓတိုင်းသို့ ကြွတော်မူပြီး ဥရုဝေလာ အရပ်ရှိ ဗောဓိညောင်ပင်ကို တံမြက်လှည်းခြင်း အမှုကို ပြုတော်မူပြီး သဒ္ဓမ္မပူရမည်သော ပဲခူးသို့ပြန်လည်ကြွတော်မူပြီး ဆွမ်းခံခြင်းပိဏ္ဍပါတ၀တ်ကို ဖြည့်တော်မူသည်။ 
တစ်ခုသော မနက်ခင်းတွင် မထေရ်မြတ်  ဗောဓိညောင်ပင်ကို တံမြက်လှည်းနေစဉ် ပဲခူးဒေသမှပြန်လာသော ကုန်သည်များကို မြင်လေသည်။ ကုန်သည်များကလဲ ပဲခူးဒေသမှ လူများကို မြင်ခဲ့ကြောင်းဆက်စပ် ပြောဆိုကြလေသည်။

မြန်မာနိုင်ငံမှ လာသော ဘုရားဖူး အများစုတို့ကမူ အမ်းတောင်ကြား လမ်းမှ ရခိုင်ရိုးမကိုဖြတ်ပြီး ပူအိုက် စိုထိုင်းပြီး ပင်လယ်ဓါးပြ သောင်းကြမ်းသော Sundarbans( ဆုန္ဒရာဘန်း) တိုင်အောင်   ရေကြောင်း ခရီးဖြင့် ဆက်ကာ ဂင်္ဂါမြစ် အတိုင်အောင် ရွက်လွှင့်ကြရသည်။ 
ဘင်္ဂေါကမ်းရိုး တစ်လျှောက် ခြေလျှင်ခရီးဖြင့် သော်လည်းကောင်း သွားကြရသည်၊
ခရီးထွက်ခွာခဲ့ကြသော လူများစွာတို့၏ အများစုမှာ ပြန်လာရန် အကြောင်းမရှိတော့။

အချို့ သော ခရီးသွားတို့မှာမူ မဇ္ဈိမဒေသသို့ရောက်ရန်ပင် မစွမ်းဆောင်နိုင်ကြတော့။ တရုတ်ရဟန်းတော် ချင်းမင် သည် ထိုကဲ့သို့သော ခရီးသွားမျိုးဖြစ်သည်။

‘ သူ၏ အဓိက ရည်ရွယ်ချက်မှာ မဇ္ဈိမဒေသသို့ရောက်ရန် ပင်ဖြစ်သည်၊ တိုက်တိုက်ဆိုင်ဆိုင် သူသည် ကုန် အပြည့် တင်ထားသော ကုန်တင်သင်္ဘောဖြင့် လိုက်ပါလာခဲ့သည်။ သင်္ဘောသည်ကမ်းကို ခွာခဲ့သော်လည်း ရုတ်တရက်ဖြစ်ပေါ်လာသော မုန်တိုင်း၏ အရှိန်ဖြင့် ပင်လယ်ပြင်သည် ကြမ်းတမ်းပြီး လှိုင်းလေထန်ကာ ဦးတည်ပြီးမောင်နှင်ရမည့် ခရီးကို ရှာဖွေ မတွေ့တော့၊ တစ်နာရီ အတွင်း၌ပင် ကုန်တင်သင်္ဘော စတင်မြုပ်လေတော့၏။ ၀ရုန်သုန်ကားနှင့် အထိတ် တလန့်ဖြစ်နေသော သင်္ဘောသားများနှင့် ကုန်သည်တို့သည် သင်္ဘောသားများ အတွက် စီစဉ်ထားသော သက်ကယ်လှေများကို ကုတ်ကပ်တက် နေကြလေသည်။

သင်္ဘော၏ အကြီးအကဲသည် ဗုဒ္ဓဘာသာဝင်ဖြစ်နေ၏။ သူသည်သက်ကယ်လှေငယ်ကို ရသော အခါ ရဟန်းတော် ချင်းမင်ကို သူတို့နှင့် အတူလိုက်ပါရန် ခေါ်လေသည်။ ရဟန်းတော်ချင်းမင်က ငါ့နေရာ အစား အခြားတစ်ယောက်ကိုသာ ခေါ်သွားပါတော့ ငါမသွားတော့ဘူးဟု ပြောလေသည်၊ အခြားသူများ အတွက်ကြောင့် သင်္ဘောအကြီး အကဲနှင့်လိုက်ပါ မသွားခြင်းဖြစ်သည်။  ရဟန်းတော် ချင်းမင်သည် တည်ငြိမ်စွာဖြင့် မြတ်ဗုဒ္ဓ၏ တရားတော်တို့ကို ရွတ်ဖတ်ရင်းနှင့်ပင် ပင်လယ်ကြမ်းပြင်ဆီသို့ သင်္ဘောကြီးနှင့် အတူမြုပ်သွားလေတော့၏။

အချို့သော ခရီးသွား ဘုရားဖူးတို့သည် မိမိတို့ ရည်ရွယ်ချက် ပန်းတိုင်အောင်မြင်စွာဖြင့် မဟာဗောဓိသို့ ရောက် ခဲ့ ကြသော်လည်း  မွေးရပ်မြေသို့ ကားပြန်မရောက်ကြတော့၊ 

တစ်ဆယ့်ငါးရာစု အလယ်ပိုင်းတွင် သီရိလင်္ကာ နိုင်ငံမှ ရဟန်းတော် ဓမ္မဒီပင်္ကရမထေရ်သည် ဗုဒ္ဓဂယာသို့ ဘုရားဖူးထွက်ခဲ့သည်။ မထေရ်မြတ်သည် နီပေါ တိဗက်နှင့် တရုတ်နိုင်ငံ များသို့လဲ ခရီးလှည့်လည်ရန် ဆုံးဖြတ်ခဲ့သည်။ ဤမျှခက်ခဲသော ခရီးကြီးကို လွန်မြောက် အောင်စွမ်းဆောင်နိုင်ခဲ့သော်လည်း အမိမြေ သီရိလင်္ကာသို့ အပြန် ခရီးတွင် ပျံလွန်တော် မူသွားခဲ့သည်။ 



No comments:

Post a Comment