Pages

Tuesday, August 23, 2011

ဒေ၀ါနံ ပိယဒဿီ အသောက


မြတ်စွာဘုရားထင်ရှားရှိတော်မူစဉ် မြတ်စွာဘုရားပရိနိဗ္ဗာန်မပြုမီ ဘီစီ ၄၈၃ ခုခန့်ကတည်းကပင် ဘုရားရှင် ဖြစ်တော်စဉ်နှင့် သက်ဆိုင်သော ထင်ရှားသော နေရာမြတ်များသို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့လာ ရောက်ဖူးမြော်ခဲ့ကြပြီးဖြစ်သည်။  သို့သော် သမိုင်းမှတ်တင် အနေအားဖြင့် ပထမဆုံး ခရီးသွားအဖြစ်ဖြင့် မှတ်တမ်းခြင်းခံရသူမှာ အသောကမင်းဖြစ်သည်၊ အသောကမင်းသည် မိမိကိုယ်ကို နတ်တို့ချစ်ခင်သော သူ 'ပိယဒဿီ'ဟု ညွှန်းလေ့ရှိသည်၊ 

ဘီ စီ ၂၇၀ တွင် အဘိသိက်ခံယူသော အခါ အသောကမင်းသည် မောရိယ မင်းဆက်၏ တတိယမြောက် ဘုရင် ဖြစ်လာသည်၊ အသောကမင်းသည် အမွေ အနေအားဖြင့် အိန္ဒိယတစ်ခွင် တောင်ပိုင်း အစွန်း ဒေသနှင့် ယနေ့ သြရိဿဟု ထင်ရှားသော ယခင် ‘ကာလိင်္ဂ’ကို ချန်ထားပြီး အာဇဂနစ္စတန်မှသည် ဘင်္ဂလာဒေ့ရှ်တိုင်အောင် ကြယ်ပြန့်သော အင်ပါယာကြီးကို ဆက်ခံခဲ့သည်၊ 

သူ၏လက်ဦးမှုရယူသော အောင်ပွဲ အနေအားဖြင့် အသောကမင်းသည် ညီတော် ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်၊ နန်းစံပြီးနောက် ရှစ်နှစ် အကြာတွင် အသောကမင်းသည် ကာလိင်္ဂစစ်ပွဲကို စတင်ဆင်နွှဲသည်၊ ဆိုပါ ကာလိင်္ဂစစ်ပွဲ အတွင်းမှတ်တမ်းတင်ထားသည့် အသောက မိန့်ဆိုသော စကားများမှာ-

‘လူပေါင်းတစ်သိန်းခွဲ အသက်ဆုံးရှုံးကြရသည်၊ လူပေါင်းတစ်သိန်း အသတ်ခံရသည်၊ လူပေါင်းများစွာမှာ အခြားအကြောင်းများကြောင့် သေဆုံးကြရပြန်သည်’ 

သူပြုလုပ်ခဲ့သော လုပ်ရပ်များကို လေးလေးနက်နက် နားလည်လိုက်ခြင်းအားဖြင့်  အသောကမင်းသည် ထိတ်လန့်ခဲ့ရပြီး သူသန္တာန်တွင် နိုင်ငံအုပ်ချုပ်ရေး အနေအားဖြင့် ပြောင်းလဲမှုများ၊ အထူးအားဖြင့် ဗုဒ္ဓဘာသာပေါ်တွင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်၊ 

အသောကမင်းသည် သဒ္ဓါတရား အားကောင်းသော မင်းဖြစ်ခဲ့သည်၊ မင်းဖြစ်ပြီးနောက် သူ၏ အင်ပိုင်ယာ အုပ်ချုပ်မှုပတ်သက်ပြီး ဗုဒ္ဓဘာသာတရားနှင့် လျှော်ညီစွာ အကောင်းဆုံး အုပ်ချုပ်ခဲ့သည်၊ အသောကမင်းသည် နယ်ချဲ့သမားဝါဒကို စွန့်လွှတ်ခဲ့သည်၊ တရားမျှတမှု၊ အုပ်ချုပ်ရေး၊ ကွဲပြားခြားသော ဘာသာတရားတို့၏အကြား ညီညွတ်မှုကို ဦးတည်သည့် အပြုသဘောချဉ်းကပ်မှုများကို ဆောင်ရွက်ခဲ့သည်၊
ဆေးဘက်ဆိုင်ရာသဘာဝ အပင်များကို အလွယ်တကူ မရနိုင်သော နေရာဒေသများတွင် စတင်စိုက်ပျိုးခဲ့ပြီး တောရိုင်းတိရိစ္ဆာန် အများ အပြားတောလိုက် သတ်ဖြတ်ခြင်းကို တားမြစ်ပိတ်ပင်ခဲ့သည်၊ 

သို့သော် အသောကမင်း၏ လုပ်ဆောင်ချက် အားလုံးထဲတွင်ဗုဒ္ဓဘာသာပြန့်ပွားအောင်အားထုတ်ခဲ့ခြင်း
သည် တာရှည်ခိုင်ခန့်သော အကောင်းဆုံး ရလာဘ်တစ်ခု ဖြစ်ခဲ့သည်၊

အသောကမင်းသည် သူ၏ မင်းနေပြည်ပတ္တနာတွင် တတိယသင်္ဂါယနာတင်နိုင်ခဲ့ပြီး သံဃအဖွဲ့အစည်းကို အညီအညွတ်ပြုနိုင်ခဲ့သည်၊ ထို့နောက် ပရိယတ္တိ၊ ပဋိပတ္တိ အတွေ့အကြုံရှိ ရဟန်းတော်များကို အိန္ဒိယနိုင်ငံတစ်ဝှန်းလုံးနှင့် နိုင်ငံအပြင်ဘက် ဆီးရီးယား၊ အီဂျစ်၊ နက်ဆီဒိုးနီးယားများတိုင်အောင် သာသနာပြု ကြွရောက်စေတော်မူခဲ့သည်၊ ထိုကဲ့သို့ဆောင်ရွက်ခဲ့သော နိုင်ငံခြားသာသနာပြု ခရီးအနက် အအောင်အမြင်ဆုံးခရီးမှာ မိမိသားအရင်း မဟိန္ဒမ ထေရ်ကို သီရိလင်္ကာကျွန်းသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်၊

အစဉ်အလာစကားများအရ အသောကမင်းသည် မြတ်ဗုဒ္ဓမွေသရီတော်များဖြင့် တည်ထားသော စေတီတော် ရှစ်ဆူထဲမှ ခုနှစ်ဆူကို ဖွင့်လှစ်ပြီး ရရှိလာသော မွေတော်များကို ရှစ်သောင်းလေးထောင် ခွဲခြမ်းကာ တစ်စုလျှင် စေတီတစ်ဆူကျ တည်ထားခဲ့သည်၊ ရှစ်သောင်းလေးထောင် အရေအတွက်သည် အနည်းအငယ် ချဲ့ကားမှုရှိပေမယ့် မောရိယ အင်ပါယာခေတ်တွင် အစအဦးဆုံး အနေအားဖြင့် စေတီတော် အများအပြား တည်ထားခဲ့ခြင်းမှာ သံသယဖြစ်ဖွယ်မရှိပါ၊ 

သူ၏တစ်ခုသော ရေးသားဖော်ပြမှုတွင် အသောကမင်းသည် အပျော်တမ်းခရီးသွားခြင်းကို စွန့်လွှတ်ခဲ့ပြီး ထိုခရီးအစား ဘုရားဖူးခရီးသွားခြင်းများ သို့မဟုတ် အသောကခေါ်လေ့ရှိသော ဓမ္မခရီးများကို စတင်ခဲ့သည်၊ ဘီစီ ၂၆၀ တွင် ဗုဒ္ဓဂယာသို့ ဓမ္မခရီး ထွက်ခဲ့ပြီး နောက်ဆယ်နှစ် အကြာတွင် ဖွားတော်မူရာလုမ္ဗိနီသို့ ဓမ္မခရီးဆက်ခဲ့သည်၊

1 comment:

  1. ကာလိင်္ဂစစ်ပွဲ အကြောင်းကို ပြည့်ပြည့်စုံစုံ လေးရေးနိုင်ပါက ရေးပါလို့မေတ္တာရပ်ပါတယ်ဗျာ ။
    လေးစားစွာဖြင့်

    လှိုင်ဝင်း
    အမေရိကန်ပြည်ထောင်စု

    ReplyDelete