Pages

Saturday, June 25, 2011

တိမ်တောက် ည




တိမ်တမာန် သက်သေထား လွမ်းစကား သူတို့ဆို၊
ပိုတယ်လို့ထင်မိ၊

ရင်တွင်း မရှိ အချစ်ဗလာ ဟာတာတာမို့ မင်းမသိတဲ့၊
ခင်မိတဲ့ သူငယ်ချင်းက သူ့ရင်တွင်းက ဖြစ်တွေကိုပြောပြတယ်၊

ဘာတဲ့ တိမ်တမာန်ရယ် တိမ်ယံတွင်းက လမင်းရယ်၊
အလင်းဖြာတဲ့ လျှပ်ပန်း လွမ်းတေးသီတဲ့ ကျေးငှက်၊
လေးလေးနက်နက် သူပြောတယ်၊

ထူရန်ကောတဲ့ မင်းသိအောင်ငါပြောပြမယ်၊
အဲဒါတွေ အားလုံးဟာ အလွမ်းတွေကို အိမ်ပြန်ပို့တဲ့၊
ဝေဟင်ပျံ အလွမ်း စေတမာန်တွေတဲ့၊

အင်း ...............
အခုတော့ တိမ်တောက်ရင် အိမ်စိတ်ရောက်တယ်၊
လျှပ်ပန်းလက်တော့ အလွမ်းတို့ကထိုးနှက်တယ်၊

ငွေလသာရင် အေးမြတဲ့ အမေ့ရင်ခွင်ကို တမ်းတမိတယ်၊
ပြောရဦးမယ် လွမ်းတတ်ပါပြီ သူငယ်ချင်းရယ်။

No comments:

Post a Comment