စာသင်သား ဘ၀သည် အမြဲတမ်းပြေးလွှားနေရသည်ချည်းဖြစ်ရသည်၊ စာဆိုလဲရှိသည်၊ စား သုတ်သုတ်၊ သွား သုတ်သုတ်၊ လာ သုတ်သုတ်၊ စာသင်ပျိုနုသည် သုတ်သုံးကျမ်းနှင့် ညီရမည်ဟု အာစရိယ၊ ပါစရိယများ လက်ကိုင် သုံးခဲ့ကြသည်၊
အသုတ်တွေများနေလိုက်ပုံများ…..
အိန္ဒိယနိုင်ငံတွင် မြန်မာပြည် အနယ်နယ် အရပ်ရပ်မှလာရောက်ပြီးအနာဂတ်သာသနာတော် အတွက်
မွေးရပ်စွန့်ခွာ၊ ဆရာကိုပြစ်၊ အမိပြစ် အဖရှောင်ကာ အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် ပညာသင်ယူ ကြရသည်၊ မြန်မာပြည်ကဲ့သို့ ဆွမ်းကပ်မည့်သူ အဆင်သင့်မရှိ၊ ရဟန်းတော်များ ကိုယ်တိုင်မီးဖိုချောင် ၀င်ပြီး ကြော် လှော်ချက်ပြုတ်ကြရသည်၊ “ဆင်ခြင်ဉာဏ်ရှေး၊ ဆွမ်းတော်အေး'ဟု ကြားရဖူးသည်။
စာတွင်သာရှိသည်ဟု ပြောရတော့မည်၊
အိန္ဒိယနိုင်ငံရောက်မြန်မာကျောင်းသားများဖို့မူ မီးဖိုချောင်တွင် ချွေးသံရွှဲရွှဲ၊ အိုးအမည်း မည်း ရှိလှသည်၊ ဆွမ်းကျက်၊ ဟင်းသင့်ပြီဆိုလျှင် သံဃာတော်များကို ဆွမ်းဘုဉ်းပေးရန်ကြွရောက်တော်မူ ပါဘုရား ဟု လျှောက်ကြားရသည်၊ ဆွမ်းလာယူကြပြီး သင့်ရာ မိတ်ဆွေများနှင့် စုပေါင်း ဘုဉ်းပေးကြရသည်၊
တစ်နေ့ ဦးနေမိန္ဒတို့ အလှည့်ကြ၏၊ အဆင်သင့်သမြင့် ဆွမ်းဘုဉ်းပေးကြွတော်မူပါ ဟု အော်လိုက်ရာ……
လျှောက်ထားသံပင် အဆောင်တစ်လျှောက် မနှံ့မပျံ့သေး၊ ဆွမ်း အိုးကား တစ်ဝက်ကျနေပြီ၊
ဟင်းကား အိုး ကပ်ပြီဖြစ်၍ ဂျစ်ဂျစ်ဂျောက်ဂျောက် မြည်ချေပြီ၊
ဤတွင်နောက်ကျမှ ရောက်လာသော ဦးဇင်း တစ်ပါးက
‘အင်း အသံထက်မြန်တဲ့ လေယဉ်တော့ ကြားဖူးပါတယ်၊
အသံ ထက်မြန်တဲ့လူသား ကတော့ အိန္ဒိယနိုင်ငံရောက် မြန်မာကျောင်းသားတွေပါပဲဗျာ”တဲ့၊
အသံ ထက်မြန်တဲ့လူသား ကတော့ အိန္ဒိယနိုင်ငံရောက် မြန်မာကျောင်းသားတွေပါပဲဗျာ”တဲ့၊
မြန်မာ့နည်းမြန်မာ့ဟန်ဖြစ်သော သွား သုတ်သုတ်၊ စား သုတ်သုတ်၊ လာ သုတ်သုတ်သည် အသံထက်မြန်သော လူသားများဖြစ်စေသည်၊
No comments:
Post a Comment