Pages

Friday, June 10, 2011

မဟာဗောဓိ

မဟတ္တမဂန္ဓီ၏ခေါင်းဆောင်မှုအောက်တွင် ကျင်းပပြုလုပ်သော အိန္ဒိယကွန်ကရက်က ခရစ်နှစ် ၁၉၂၂ ဂယာ တွင် စည်းဝေးသော ဗုဒ္ဓဘာသာကွန်ဖရင့်အားအသိမှတ်ပြုပြီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးသောအခါ မဟာဗောဓိစေတီတော်ကြီးကိုဗုဒ္ဓဘာသာဝင်တို့အား ပြန်လည် ပေးအပ်မည်ဟု ကတိထားခဲ့သည်၊ သို့သော် ယခုတိုင်( ၂၀၁၁) ဆိုပါ ကတိသည် ဗုဒ္ဓဘာသာဝင်များ အတွက် မဖြည့်ဆီးနိုင်ခဲ့ပေ။

အကြိမ်ကြိမ်ကြိုပမ်းပြီး နောက်တွင် မဟာဗောဓိစေတီတော် ပြန်လည်ရရှိရေး အတွက်ဖွဲ့စည်းခဲ့သော အပြည်ပြည်ဆိုင်ရာ အဖွဲ့ကြီးက ဟိန္ဒူဘုန်းတော်ကြီး မဟန့်၏ ထိန်းချုပ်မှုအောက်မှ လုံးဝလွန်မြာက်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း ဗီဟာပြည်နယ် အာဏာပိုင်များလက်သို့ ထိန်းချုပ်ခွင့်ကို ဆက်လက်ပေး အပ်ခဲ့ရပြန် သည်၊

ခရစ် ၁၉၄၉တွင် ဗီဟာပြည်အစိုးရသည် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သော  ရာဇဒြာပရာဆတ်ကို ဦးဆောင်စေလျှက် ကော်မတီ အစည်းအဝေး တစ်ရပ်ယူ ခေါ်ခဲ့သည်၊ ထိုကော်မတီမှ မဟာဗောဓိစေတီ တော် ကြီးနှင့် ပတ်သက်ပြီး ၁၉၄၉ ဥပဒေတစ်ရပ်ကို ဖန်တီးဖွဲ့စည်းနိုင်ခဲ့သည်၊ ဟိန္ဒူဘာသာဝင်လေးဦးနှင့် ဗုဒ္ဓဘာသာဝင် လေးဦးစီပါဝင်စေလျှက် ပြည်နယ်တရားရေး ၀န်ကြီးဟောင်းကို သဘာပတိခန့်လျှက် ကော်မတီ တစ်ရပ် ထူထောင်နိုင်ခဲ့သည်၊ သဘာပတိသည် ဟိန္ဒူဘာသာဝင်ဖြစ်ရမည်ဟု ဥပဒေအတိအကျ ပြဌာန်းခဲ့ သည်၊ 

တကယ့်လက်တွေ့တွင်မူ ပြည်နယ်တရားသူကြီးကသာ မဟာဗောဓိစေတီတော် ကြီးနှင့် ပတ်သက်သည့် ကော်မတီ ကိစ္စအ၀၀ကို ထိန်းချုပ်ထားခဲ့သည်၊ မကြာခဏဖြစ်လေ့ရှိသော ဖြစ်ရပ်မှာ ကော်မတီသက်တမ်း ကုန်ဆုံး၍အသစ်ကော်မတီမဖွဲ့နိုင်သေးမီ ကြးကလာများ၌ ပြည်နယ်တရားသူကြီးကသာ တစ်ဦးတည်း ဆောင်ရွက်လေ့ရှိသည်၊ ထိုဖြစ်ရပ်သည် အခြားသော ကော်မတီဝင်များနှင့် တရားသူကြီး၏ လုပ်ပိုင်ခွင့် အာဏာ အခြေ အနေကို ထင်ထင်ရှားရှား သိနိုင်သည်၊ ဟိန္ဒူဘာသာဝင်ကော်မတီဝင်များသည် တရားသူကြီး၏ လက်ပါးစေအဖြစ် တွေ့မြင်နိုင်ပြီး ဗုဒ္ဓဘာသာဝင် ကော်မတီဝင်များမှာမူ ပြယုဂ် အဖြစ်သာရှိခဲ့ကြသည်၊ ထို့ထက် ပိုဆိုးသည်ကား ဟိန္ဒူဘာသာဝင် တစ်ဦးအနေနဲ့ တရားသူကြီးသည် ဟိန္ဒူဘုန်းတော်ကြီးမဟန့်၏ လွှမ်းမိုးခြင်း ကြီးကြီးမားမား ရှိခဲ့ပြန်သည်၊ ဤနည်းအားဖြင့် လူမျိုးရေးနှင့် သက်ဆိုင်မှုများ ချဲ့ထွင်လာခဲ့ကြပြီး ယခင်ပိုင်ရှင် ( မဟန့်) သည် ထိန်းချုပ်မှုကို မစွန့်လွှတ်ခဲ့ပေ။

၁၊ ဥပဒေသည် အိန္ဒိယအစိုးရ၏ လေစားထိုက်သောဘာသာရေးဆိုင်ရာ အချက်အလက် ၂၆ ဖွဲ့စည်းပုံကို ဆန့်ကျင်လျှက်ရှိသည်၊

၂၊ ဥပဒေသည် ဗုဒ္ဓဘာသာဝင်များ၏ ဆန္ဒကိုဆန့်ကျင်သည်၊ အထွတ်အမြတ်ထားရာများဖြစ်သော မူဆလင် ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ဂျူးဘာသာဝင်တို့၏ မြင့်မြတ်သောနေရာတို့သည် ယင်းတို့၏ ဘာသာရေးခေါင်းဆောင်များကသာ အုပ်ချုပ်နေသည်၊ အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် တို့ အတွက်သာ ဆိုပါ အခွင့်ထူးကို လက်လွတ်ဆုံးရှုံးနေရသည်၊

၃၊ ဥပဒေကြောင်း အရတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည် အခြားသော အဖွဲ့ဝင်တို့၏ မသမာသော ဆုံးဖြတ်ချက်တို့ကိုသာ လက်ခံ ကြရပြန်သည်၊

၎၊ ရန်လိုသော ဟိန္ဒူဘာသာသည် အိန္ဒိယနိုင်ငံပါတီများတွင် အန္တရယ်ပေးခြိမ်းခြောက်လေ့ရှိသည်၊ လူမျိုးကြီးဟိန္ဒူတို့၏ ဗုဒ္ဓဘုရားရှင်သည် ဗိသျှနု၏ လူဝင်စားသာဖြစ်သည်ဟူသော တိုက်ခိုက်မှုများ တွေ့နိုင်သည်၊

၅၊ ဥပဒေသည် အကျင့်ပျက်ခြစားမှုနှင့် အလွဲသုံးစားပြုခြင်းတို့ကို အားပေးထောက်မှုရှိနေသည်၊
အကျင့်ပျက်ခြစားမှုများ

နှစ်စဉ်နှစ်တိုင်း ကမ္ဘာအရပ်ရပ်မှလာရောက်ကြသော ဗုဒ္ဓဘာသာဝင်တို့သည် မဟာဗောဓိစေတီ တော် ပြုပြင်ထိမ်းသိမ်းရန်နှင့် မဟာဗောဓိ တစ်ဝိုက်တွင် သီတင်းသုံးကြသော ဗုဒ္ဓဘာသာ ရဟန်းတော်များ ထောက် ပံ့နိုင်ရန် ဒေါ်လာသန်းချီပြီး လှူဒါန်းလျှက်ရှိသည်၊ ဥပဒေသတ်မှတ်ထားသော အချက်လက်များကြောင့် ကြီးကြပ်ရေး တာဝန်နှင့် မဟာဗောဓိ စေတီတော်မြတ်ကြီးအား လိုအပ်သော လျှပ်စစ်မီးတို့ အတွက် အသုံးချ မှုမ တွေ့ရပါ၊ ကော်မတီအဖွဲ့ဝင်များ လှူဒါန်းထားသော ဘဏ္ဍာငွေများကို ကိုယ်ကျိုး အတွက် အသုံးပြုနေကြသည်၊

ကုလသမဂ္ဂအဖွဲ့ကြီးက မဟာဗောဓိစေတီတော်မြတ်ကြီးသည် အလွန်အရေးပါ အရာရောက်သော ကမ္ဘာ့ အမွေအနှစ်အဖြစ်၂၀၀၂ ခုနှစ်တွင် သတ်မှတ်ထားသော်လည်း ဤကဲ့သို့အရေးကြီးလှသော နေရာမြတ် အတွက် တိကျသော ဆုံးဖြတ်များ လိုအပ်ချက်များကို ပြီးမြောက်အောင်ဆောင်ရွက်သည်မရှိပါ၊

ခရစ် ၂၀၀၆ ခုနှစ်တွင် ဗောဓိပင်မြတ်မှ အကိုင်းကို တိတ်တဆိတ် ဖြတ်တောက်ပြီး အုပ်ချုပ်ရေး ကော်မတီသည် ချမ်းသာသော ငွေပိုင်ရှင်များသို့ ရောင်းချခဲ့သည်၊

ထိုဖြစ်ရပ်ဖြစ်ပွားပြီး နောက် မကြာမီပင် မဟာဗောဓိ အုပ်ချုပ်ရေး အကြီးအကဲ ရဟန်းတော် နှုတ်ထွက်သွား ခဲ့သည်။

No comments:

Post a Comment