Pages

Wednesday, June 15, 2011

အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည်ဆန်းသစ်ခြင်း

အိန္ဒိယပြည်တွင် မြစ်ကြီးများ ရှိကြသည်၊ ဂင်္ဂါမြစ်၊ ယမုံနာ၊ မဟီ၊ သရဗူ၊ အစိရ၀တီမြစ်တို့သည် စီးဆင်းမြဲ ရှိနေ ကြသည်၊ သူတို့ခရီးဆုံး၍ ပင်လယ်ပြင် အစ သမုဒ္ဒရာသို့ရောက်သော် အားလုံးသောမြစ်ရေ တို့ သည် ပေါင်းစည်းပြီး တစ်မျိုးတည်းဖြစ်သွားကြသည်၊ မြင့်မြတ်သောရေ၊ နိမ့်ကျ ယုတ်ညံ့သောရေ ဟူ၍ မရှိတော့ပါ၊ ဘုရားရှင်လက်ထက်တော်က ဗြဟ္မဏလူမျိုး၊ ခတ္တိယလူမျိုး၊ ၀ဿလူမျိုး၊ သုဒ္ဓလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင် အဖြစ်သို့ရောက်သောအခါ ပင်လယ်ပြင်ရောက်သော မြစ်ရေတို့ကဲ့သို့တစ်ပေါင်းတစ်စည်း တည်းဖြစ်သွား ကြသည်၊

ခရစ်နှစ် ၁၉၅၆ အောက်တိုဘာလ ၁၄ ရက် တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံထူထောင်မှုတွင် ဦးဆောင်ပါ ၀င်ခဲ့ သော တိုင်းပြုပြည်မှု တရားရေး ပညာရှင် အမ်ဘေဒကာသည် ဗုဒ္ဓဘာသာကိုလက်ခံယုံကြည်ခဲ့ပြီး သရဏဂုံ သုံးပါးနှင့် ငါးပါးသီလကို မြန်မာပြည်ဖွားရခိုင်အမျိုးသား ရဟန်းတော် ကုသိနာရုံဆရာတော် အရှင်စန္ဒြမုနိအထံမှ ဇာတ်နိမ့်အဖြစ်သတ်မှတ်ထားသော နောက်လိုက်နောက်ပါ အိန္ဒိယ အမျိုးသား ငါးသိန်း နှင့်တကွ အိန္ဒိယနိုင်ငံ အလယ်ပိုင်နာဂပူမြို့တွင် ဗုဒ္ဓဘာသာ အဖြစ်သို့ သက်ဝင်ယုံ ကြည်ခဲ့ကြသည်၊

နှစ်စဉ်နှစ်တိုင်း အမ်ဘေဒကာ၏ နောက်လိုက်နောက်ပါ များစွာတို့သည် အမ်ဘေဒကာ လမ်းစဉ်နှင့် ဗုဒ္ဓဘာသာ ကိုမြတ်မြတ် နိုးနိုးကျင့် သုံးလိုက် နာခဲ့ကြသည်၊ ၂၀၀၁ခုနှစ်မှစတင်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ သံဃာ့ ဥက္ကဌဘဒ္ဒန္တ အာနန္ဒ မဟာထေရ်မြတ် သည် မဟာဗောဓိစေတီတော်မြတ် ဗုဒ္ဓဘာသာ ၀င်သူတော်ဝင်တို့ လက်ပြန်လည်ရရှိရေး အဖွဲ့ကို ဦးဆောင်ခဲ့ သည်၊ အမ်ဘေဒကာ ဦးဆောင်မှုဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့သော သူတို့သည် နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာနှင့် ပတ်သက်သော နေ့ထူးနေ့မြတ်များကို ကျင်းပဖို့ မမေ့ခဲ့ကြပါ၊ သူတို့သည် မြတ်ဗုဒ္ဓအားပူ ဇော် ကြသလို ခေါင်းဆောင်ဖြစ်သော အမ်ဘေဒကာကို လဲ အရို အသေပေးကြသည်၊ ကျေးဇူးတုံ့ပြန်သောအားဖြင့် အောက်ပါနေ့ထူးနေ့မြတ်များကို ထူးမြတ်သောနေ့ရက် များ အဖြစ် မဟာရဌပြည်နယ်တွင် သတ်မှတ်ထားကြ သည်၊

၁၊ ဓမ္မ ဒိကသျှနေ့-( Dhamma Diksha Day)

ဆိုပါနေသည် ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ စတင်သက်ဝင်ယုံကြည်သောနေ့ဖြစ်သည်၊ ထိုနေ့သည် အောက် တိုဘာလ ၂၄ရက်ဖြစ်သည်၊ ဤနေ့မြတ်တွင် အိန္ဒိယနိုင်ငံ နာဂပူမြို့တွင် ဗုဒ္ဓဘာသာဝင်များ စုဝေးပြီး ၁၉၅၆ ခု တွင် ဗုဒ္ဓဘာသာကူးပြောင်းသည့် အခမ်းအနားကို ထိုမြို့တွင် ကျင်းပခဲ့ကြသည်၊ အခြားသော တိုင်းရင်သား ဗုဒ္ဓဘာသာဝင်တို့လဲ အမျိုးမျိုးသော အခမ်းအနားများကို ကျင်းပကြသည်၊

၂၊ ဗုဒ္ဓဇယန္တီနေ့-( Buddha Jayanti Day)

ဗုဒ္ဓဇယန္တီနေ့သည် နှစ်စဉ်ကျင်းသော နေ့ထူးနေ့မြတ်ဖြစ်သည်၊ ဗုဒ္ဓဘာသာဝင်တို့သည် ရွတ်ဖတ်မှုများ၊ လှူဖွယ်ဝတ္ထုများဖြင့် ဘုရားရှင်အား ပူဇော်ကြသည်၊ ဤ အခါသမယအထူးတွင် ဆွေးနွေးပွဲများ၊ အစည်းအဝေး များနှင့် ကမ္မဌာန်းစီးဖြန်းမှုများကို လုပ်ဆောင်ပူဇော်ကြသည်။

၃၊ အမ်ဘေဒကာ ကွယ်လွန်ခြင်း အမှတ်တရ နေ့-( Ambedkar’s Death Memorial Day)

အမ်ဘေဒကာ ကွယ်လွန်ခြင်း အမှတ်တရနေ့သည် မဟာရဌပြည်နယ်ရှိ မဟာရဌီ ဗုဒ္ဓဘာသာဝင်တို့ အတွက် ၀မ်းနည်းဖွယ်ရာ အကောင်းဆုံးနေ့ တစ်နေ့ဖြစ်သည်၊ ထိုနေ့သည် ဒီဇင်ဘာလ ၆ရက်နေ့ဖြစ်သည်။

၎၊ အမ်ဘေဒကာဇယန္တီနေ့-(Ambedkar Jayanti Day)

အမ်ဘေဒကာ ဇယန္တီနေ့သည် အမ်ဘေဒကာမွေးနေ့၌ အမှတ်တရ ကျင်းပခြင်းဖြစ်သည်၊
ထိုနေ့သည် ဧပြီလ ၁၄ ရက်နေ့ဖြစ်သည်၊ အလွန်ပျော်ရွှင်ဖွယ်ရာကောင်းသော အခါသမယဖြစ်သည်၊ ဤနေ့တွင် မဟာရဌပြည်နယ်သားများသည် အထူးချီတက်လမ်းလျှောက်ခြင်းများနှင့် ဆွေးနွေးပွဲများကို ကျင်းပကြသည်။

ဤနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် မဟာရဌပြည်နယ်တွင် အသစ်ဖြစ်သော ဗုဒ္ဓဘာသာအ၀န်း အ၀ိုင်း တစ်ခုကို ထူထောင်နိုင်ခဲ့ကြသည်၊ အသစ်ဖြစ်သော ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓဘုရားရှင် အလိုကျ  ဖြစ်သော ဘ၀နေနည်းများကို တဖန်ပြန်လည်လုပ်ဆောင်နေကြသည်။

မဟာဗောဓိစေတီတော်မြတ်တွင် လူမျိုးစုံ နိုင်ငံ အစုံမှလာရောက်ပြီး ဗုဒ္ဓဘုရားရှင်အား လေးမြတ်ပူဇော်ကြ သည်၊ တစ်ချို့ ဗုဒ္ဓဘုရားရှင်ကို ဘာသာရေးခေါင်းဆောင် အဖြစ် သိကြသည်၊ တစ်ချို့က လူမှုတော် လှန်သော ပုဂ္ဂိုလ် အဖြစ် သိကြသည်၊ တစ်ချို့က စိတ်ပညာ ဆရာတစ်ဆူ အဖြစ်သိကြသည်၊ သဘာဝတ္ထသမား အဖြစ်လဲ ယူဆကြပြန်သည်၊ လူမှုပေါင်းစည်းရေး သမားဟုလည်း ဆိုကြ သည်၊ လောကအဆုံးကို သိသူလဲဖြစ်ပြန်သည်၊ 

အထူးအခြားဆုံးမှာ အိန္ဒိယနိုင်ငံကြီးတွင် အလယ် အလတ် လမ်းစဉ်ကို ညွှန်ခဲ့သော မဟာလူသားကြီး ဖြစ်ပြန် သည်၊ လူမှုသမိုင်းကြောင်းတွင် အရှည်ကြာဆုံး လူ့အဖွဲ့အစည်းကို ထူထောင်သူလဲဖြစ်ပြန်သည်၊ ဘိက္ခု အဖွဲ့ အစည်းကို ထူထောင်ခဲ့သည်၊ ကမ္ဘာအရပ်ရပ်မှ လာရောက်ကြသော ရွှေဝါရောင်ဆင်မြန်းထားသော ရဟန်း တော်များသည် တည်ငြိမ်မှု၊ အေးချမ်းမှု၊ သစ်လွင်မှုတို့ဖြင့် မဟာဗောဓိစေတီတော် ၀န်းကျင်ကို အလှဆင် နေ ကြသည်၊ ထိုသို့ လှပသောနေ့ထူးကို ကိုယ်တိုင် ပါဝင်ရင်း တိုးဝှေ့ပူဇော်ခွင့် ရသည်မှာ ရင်တွင်း စိမ့်စိမ့်အေးချမ်းမှု တသိမ့်သိမ့်ဖြင့် ဗောဓိညောင်ပင်လေတိုးသံတို့သည် ဓမ္မသံစဉ် အလှကို  ဖော်ကျုးနေသလိုရှိသည်၊

No comments:

Post a Comment