Pages

Friday, June 3, 2011

ခရီးသွား


 ၁
ခရီးသွားသောအခါ တော၊ တောင်၊ ရေ၊ မြေ၊ စမ်းချောင်း၊ ရှုခင်း၊ လွင်ပြင်၊ ချိုင့်ဝှမ်း၊ လေပြေ၊ မုန်တိုင်း၊ မိတ်ဆွေ၊ ရန်သူ၊ သာယာသော လမ်း၊ ငြှောင့်ဆူးပြွမ်းသော လမ်း၊ အဆင်း၊ အတက် တို့သည် ခရီးသွား၏ ကာရံများ ဖြစ် သည်ဆိုလျှင် ………….
 ၂

ရှင်မဟာရဌသာသည် ရွှေစက်တော်သို့ ဘုရားဖူး ကြွရောက်သည်၊ ငယ်စဉ်ကပင် မျိုးရိုး အနွယ်အားဖြင့် အထက် တန်းကျကျနေနိုင်သော အခြေမှ သာသနာ့ဘောင် ၀င်ရောက်ပြီး ရှင်ချစ်သားမြတ် ဖြစ်ခဲ့သည်၊ ခံစားရသမျှကို စာစီသည်၊ သူ့ခံစားမှုကို မျှဝေသည်၊ လူ့သဘာဝအရ အခက် အခဲများနှင့် ရင်ဆိုင်ရသောအခါ နှစ်ခွဖြစ် တတ် ကြသည်မှာ ဓမ္မတာဟု ဆိုရပေမည်၊ ထိုအဖြစ်ကို သူရေးဖွဲ့သည်၊ 

တောကောင် အပေါင်းတို့၏ တောက်သံ၊ ဟောက်သံ ချုန်းသံ၊ ကြိမ်းသ၊ံ သာယာမြူးထူး သီကျူးသံတို့သည် တောလုံးညံနေလေသည်၊ ထိတ်စရာတောကို သူမြင်သည်၊

လက်တစ်ကမ်းသို့ လာရောက်မြည်ကျူးကြသော ကျေးငှက်တို့၏ ဘာသာဘာဝ အော်ဟစ် မြည်ကျူသံတို့ သည် ကျိကျိ ကျာကျာ တီတာတာဖြင့် နေ၀င်ရိုးရီတွင် ဆည်းဆာလေချိုနှင့် အတူ သာယာ နေသည်ကို တွေ့ ရတော့ တောလား( ကဗျာ) ရှည်ကြီးကို ဖွဲ့သီသည်၊

‘ချိုးနှစ်ဖော်မူ၊ ရွှင်ပျော်အမြဲ၊ မကွဲတူကွ၊ နေသည်ဆသော်၊ ကာမလူ့ဘောင်၊ မရှောင်နိုင်သော်၊ ညာကြေကျော်စော်၊ သဘောစင်စစ်၊ ရှင်၏ဖြစ်မှ၊ တစ်ဆင့်လူ့ခွင်၊ ၀င်လဦးမည်၊ ချစ်ကြည်မျိုးနွယ်၊ ဥစ္စာကြွယ်သည်၊ လူဝယ်လူကောင်း၊ အကြောင်းရုံးစည်၊ ဖြစ်မည်တည်ဟု’

တောတိုး တောင်တက်ဖြင့် သွားလာရင်း ချိုးနှစ်ကောင် အတောင်ယှက်ပြီး တစ်လှည့်စီ ခွန်းဟသီကျူးနေသော သဘာဝ တော အလှကို မြင်ရသော အခါ သာသနာ့ဘောင်မှ ရွေ့လျှော်သက်ဆင်း လူ့ အဖြစ်နှင့်နေခဲ့သော် အဆင့်တန်း မြင့်မြင့် နေရမည်၊ ဆွေမျိုးပေါင်း အလည် ဂုဏ်ဝင့်ထည်မည်၊ စည်းစည်းရုံးရုံး ရွှင်ရွှင်လန်းလန်းဖြင့် တောတိုးရသည်ကဲ့သို့ မပင်ပန်းပဲ ချမ်းသာကြောင်းကို ပြေးမြင်မိသည်၊ သို့သော် ခက်ခဲသောလမ်း နှင့် လွယ် ကူသောလမ်းတို့ကို ကွဲကွဲပြားပြား သိမြင်ပြီး (ခက်ခဲပေမယ့်) စိတ်တွင်ပေါ်လာသော လောကီ မြင်ကွင်းတို့ကို 
‘ဟင်းချ ’ ပယ်ဖျောက်ကာ နေလုံးပျောက်ချိန်ဝယ် ဘုရားရှင်ကို ဖူးမြော်ဖို့ရေး ခရီးလှမ်းဆက်ခဲ့သည်၊ ခရီးသည် အတော်အတန်နီးခဲ့ပေပြီ၊ စိတ်သည် ရောက်ချင်စောလျှက်………….

 ၃
ခရီးဆက်တော့သည်။

No comments:

Post a Comment