Pages

Friday, June 3, 2011

အလည်တယ် ပုဂံ

ဦးဘသော်သည် အသက် ခြောက်ဆယ်ကျော်ပြီ၊ မြေးများပင် နောက်ထပ်မျိုးဆက် တိုးကြတော့မည်၊

မြေးများ သုံးနှုံးပြောဆိုသော ခေတ်စကားများကို ဦးဘသော် နားမလည်တော့ပါ၊ ရံဖန်ရံခါ တိုင်းတစ်ပါး စကားများကို ဖော်ဖော်သီသီပြောဆိုနေသော မြေးများကို ကြည့်ပြီး မျက်လုံးပြူးရသည်၊ ဘာရယ်တော့ မသိ၊
တစ်နေ့တွင် ရွာမှ မိတ်ဆွေအပေါင်းအသင်းတို့ရောက်လာရာ

‘ ငါ့ မြေးရေ၊ ဒီမှာရွာက အမျိုးတွေ ရောက်နေတယ်၊ ငါ့မြေး မင်္ဂလာဆောင်တုန်းက ဓာတ်ပုံတွေထည့်တဲ့ အလည်တယ်ပုဂံ ယူခဲ့ပါကွ’ သူတို့ကြည့်ရအောင်လို့၊

တောကရောက်လာသော မိတ်ဆွေတို့ မည်သို့တွေးကြမည်မသိပါ၊

‘ အာ အဖိုးကလဲ ဓာတ်ပုံ album ပါဗျ’

No comments:

Post a Comment