Pages

Friday, June 17, 2011

ဇာတိမာန

န ဇစ္စာ ၀သလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြဟ္မဏော။
ကမ္မုနာ ၀သလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြဟ္မဏော။

အမျိုးဇာတ်ကြောင့် လူယုတ်မာ မဖြစ်နိုင်သလို၊ အမျိုးဇာတ်ကြောင့်မြင့်မြတ်သူ မဖြစ်နိုင်ပေ၊
လုပ်ရပ်ဖြင့်သာ မြင့်မြတ်သူ ယုတ်ညံ့သူဖြစ်နိုင်သည်။

အိန္ဒိယနိုင်ငံ၏ ဇာတ်ဝါဒ ကိုပြောကြမည်ဆိုလျှင် ဝေဒခေတ်ကို ပြန်ပြီး သွားရ မည်ဖြစ်သည်၊ ဆိုပါဝေဒခေတ် တွင် အဆင့်အတန်းခွဲခြားသော အယူအဆနှင့် လူမျိုးရေးဆိုင်ရာ ခွဲခြားရေး ပြန့် ပွားခဲ့သည်၊ အမျိုးမျိုးခွဲခြား သတ်မှတ်ခဲ့သည်၊ ဝေဒခေတ်အာရယန်တို့အကြား ဗြဟ္မဏတို့ ၀ါဒတိုးပွားလာ သည်နှင့် သူတို့ ဗြဟ္မဏ များသည် မဟာဗြဟ္မာကြီး၏ အဖန်ဆင်းခံ အမြင့်ဆုံးအဆင့်ဖြင့် သတ်မှတ်ခဲ့သည်၊ 

ထိုဖန်ဆင်းသည်ဟူသော အယူအဆများကြောင့်ပင် လူသားများကို အမျိုးဇာတ်လေးမျိုးဖြင့် ခွဲ့ခြားသတ် မှတ်ခဲ့ ကြောင်း ဗြဟ္မဏတို့က ဆိုကြသည်၊ ထိုသို့ဇာတ်ဝါဒခွဲခြားသတ်မှတ်ချက်အရ ဗြဟ္မဏများသည် ပထမတန်း အမြင့်မြတ်ဆုံးလူမျိုးစုများ ဖြစ်ကြသည်၊ ဗြဟ္မဏများသည် ပညာရေးကဏ္ဍတာဝန်ယူခြင်း၊ ယဇ်ပူ ဇော်ခြင်းများ ဆောင်ရွက်ခြင်း၊ မိတို့အခြားသော အမျိုးဇာတ်တို့အထံမှ ပူဇော်ဖွယ်များကို လက် ခံခြင်းတို့မှ ဗြဟ္မဏများ၏ တာဝန်ဖြစ်သည်၊ ခတ္တိယအမျိုးဇာတ်သည် ဒုတိယအဆင့် အဖြစ်သတ်မှတ် ကြ သည်၊ သူတို့သည် တိုင်းပြည်အုပ်ချုပ်ရေးနှင့် နိုင်ငံကာကွယ်ရေးများကို တာဝန်ယူကြသည်၊ ၀ဿမျိုးဇာတ်မှာ တတိယတန်းစား အဖြစ်သတ်မှတ်ပြီး စိုက်ပျိုးရေးနှင့် စီးပွားရေး ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ကြရသည်၊ စတုတ္ထမျိုးဇာတ်မှာ သုဒ္ဓဟုခေါ်ဝေါသတ်မှတ်ကြသည်၊ သူတို့သည် ဇာတ်နိမ့် များဖြစ် ကြသည်၊ သူတို့၏ အဓိကတာဝန်မှာ အထက်တွင်ဖော်ပြခဲ့သော အမျိုးဇာတ်များ၏ လိုအပ်ချက်များ ကို ဆောင်ရွက်ရခြင်းဖြစ်သည်၊

ဝေဒခေတ် ဗြဟ္မဏအမျိုးဇာတ်ဝါဒကို အမြင့်မြတ်ဆုံးအဖြစ်မြှင့် တင်ခဲ့ သည်၊ နောက်ပိုင်းကာလ များတွင် သုဒ္ဓမျိုးဇာတ်များ အပေါ်ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်ခဲ့သော အခြားသော နောက်ပြန်ဆွဲ အမျိုး ဇာတ်ဆိုင်ရာပြောင်းလဲမှုများ တိုးပွားလာခဲ့သည်၊ ထိုမျိုးဇာတ်များမှာ ပန်ချမ( Pancamas) ပါရီယား (Parias) ဟာရီဂျန်(Harjans) သို့မဟုတ် အောက်ဆုံးအဆင့်ဖြင့် သတ်မှတ်သော မျိုးဇာတ်များ ( Untouchables) ဟုခေါ်ကြသည်၊

ဗြဟ္မဏများထုံးစံများအရ ဇာတ်နိမ့်သုဒ္ဓများ ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင် ပါဝင်ဆောင်ရွက်နေ ပါက သူတို့သည် ဘာသာရေးဆိုင်ရာအခမ်းအနာများ ရွတ်ဖတ်နေခိုက် အခြားသော ဗြဟ္မဏများအား သွားရောက် ပြီးစကား မပြောမိဖို့ အထူးသတိထားရသည်၊ အကယ်၍ထူးခြားသော သတင်းစကားပြော စရာရှိလျှင် အခြား သော ခတ္တိယမျိုးဇာတ်နှင့် ၀ဿမျိုးဇာတ်များကို အကူအညီတောင်းကြရသည်၊ ထိုကဲ့သို့ရွတ်ဖတ်ခြင်း ဘာသာ ရေး အခမ်းအနားများတွင် သုဒ္ဓများ ပါဝင်ဆောင်ရွက်နေပါက ရွတ်ဖတ်မှု အတွက်ပြင်ဆင်ထားသော မြင့်မြတ် သော အရာများကိုပင် မတို့ထိရပေ၊ မည်ကဲ့သို့သော ဇာတ် နိမ့်ဖြစ်စေ ဗြဟ္မဏများကို မနှောက်ယှက်ရပေ၊ အကယ်၍ အနှောက်အယှက်တစ်ခုပြုမိခဲ့လျှင် သူတို့သည် ငရဲတွင် အသေအချာရောက်ရမည့် အဖြစ်သတ် မှတ်ခြင်းခံရသည်၊ ဗြဟ္မဏတို့သည် ဇာတ်ဝါဒမြင့်မြတ်မှုကို အတိအလင်းကြေငြာဖို့ ဇာတ်ခွဲခြားမှုကို အသုံးပြုခဲ့ကြသည်၊ 

ထိုအဆိုကို ပိုမိုခိုင်မာစေရန် ဗြဟ္မဏတို့သည် နတ်ဒေ၀တာများ၏ နာမည်များနှင့် သူတို့ ကိုယ်ပိုင် ဘာသာရေးဆိုင်ရာဘဂ၀တ် ဂီတကဲ့သို့ သီးခြားကျမ်းစာများကို ထည့်သွင်းခဲ့ကြသည်၊ ဗြဟ္မဏများ သည် မိမိတို့မှ အခြားသောဇာတ်များကို မဟာဗြဟ္မာကြီး၏ အလိုအရဟု တွေးယူပြောဆိုပြီး ခွဲခြားနိုင်ရန် ပြု လုပ်ခဲ့ကြသည်၊ ဤသို့အားဖြင့် ဗြဟ္မဏများသည် အခြားသောဇာတ်ရှိသူတို့အား ခြေဖြင့် တို့ထိခြင်း များ ပြုလုပ်ကြသည်၊ ဇာတ်ချင်းမတူသူများနှင့်အိမ်ထောင်ပြုခြင်းနှင့် အခြားသော အဆက် အဆံ ပြု လုပ်ခြင်းများကို ဟိန္ဒူဝါဒတွင် ပြင်းပြင်းထန်ထန် တားမြစ်ထားကြ သည်၊ ဗြဟ္မဏတို့ သည် ဗြဟ္မဏတို့၏ လုပ် ငန်းများကိုပင် အခြားသော ဇာတ်နိမ့်သုဒ္ဓများအား ဗြဟ္မဏများ၏ ခွင့်ပြုချက်မရပဲ မလုပ်ကိုင်ရ ဟုပင် ပြောဆိုကြသည်၊ ဇာတ်နိမ့်များသည် အခြားသောဇာတ်မြင့်များနှင့် သက်ဆိုင်သော နေရာများ တွင် နေထိုင်ခြင်းကို တားမြစ် ထား ကြသည်၊ ဗြဟ္မဏများနှင့် အတူစကားပြောခြင်းနှင့် အတူတကွ လမ်းလျှောက်ခြင်းများကိုလဲ တိတိကျကျ ကန့် သတ်ပညတ်ထားကြသည်၊ 

အကယ်၍သုဒ္ဓတစ်ယောက်သည် ဗြဟ္မဏအမျိုးသမီးတစ်ဦးကိုကြည့်မိခဲ့လျှင်ထိုသူအားလက်ဖြတ်ခြင်း၊
ခြေဖြတ်ခြင်းနှင့် အခြားသော ကိုယ်လက်အင်္ဂါတို့ကို ဖြတ်ပြီး အပြစ်ပေးခြင်း ခံရမည် ဖြစ်သည်၊ သုဒ္ဓတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ဗြဟ္မဏ အသိုင်းအ၀ိုင်းတွင် အပြစ်ရှိသည်ဟု မယူဆကြ ပေ၊ သုဒ္ဓတစ်ယောက်သည် ဝေဒကျမ်းကိုလေ့လာခွင့်မရှိဟုတားမြစ်ထားကြသည်၊ အောက်ထစ်ဆုံးအားဖြင့်
ဝေဒကျမ်းဂန်များ ရွတ်ဖတ်ခြင်းများအား နားထောင်ကိုပင် တားမြစ်ခြင်းခံရကြသည်၊ 

အကယ်၍သုဒ္ဓတစ် ယောက်သည် အထက်ပါကိစ္စရပ်များကို ပြုလုပ်မိခဲ့လျှင် ထိုသူအား အလွန်ပြင်း ထန်သော အပြစ်ပေးခြင်းခံရ မည်ဖြစ်သည်၊ ဝေဒကျမ်းဂန်များရွတ်ခြင်းကိုနားထောင်ရာ ကိစ္စတွင် သုဒ္ဓ တစ်ယောက်အား နားထဲသို့ ရေပူများ လောင်းထည့်ခြင်းဖြင့် အပြစ်ပေးကြ သည်၊ ဗြဟ္မဏဘာသာ ၀င်ဗြဟ္မဏအား၏ အလိုအားဖြင့် ခတ္တိယဇာတ်နှင့် ၀ဿဇာတ်များသည် နှစ်ကြိမ်မွေးဖွားကြသည်၊ ထို့ကြောင့် ခတ္တိယဇာတ်ရှိသူများကို ဒွိဇ( နှစ်ဇာတ်) ရှိသူများဟု ခေါ်ကြသည်၊ သုဒ္ဓများအတွက် တစ်ကြိမ် သာမွေးဖွားကြသည်၊ 

ထိုကိစ္စအတွက်ကြောင့်ပင် ဤဇာတ်မြင့်သုံးမျိုး သည် သူတို့၏ သရုပ်အမှန်ဒွိဇ ကိုပြနိုင်ဖို့အရေး ခုနှစ် နှစ် တစ်ကြိမ်၊ ရှစ်နှစ်တစ်ကြိမ်၊ ကိုးနှစ်နှင့် ဆဲ့တစ်နှစ် တို့တွင် အသီးသီး ဥပနယ ဟူသော အခမ်အနား မျိုး ပြုလုပ်ကြသည်၊ သုဒ္ဓများများမှာမူ ရှေးပဝေသဏီ ကတည်းကပင် အခြားသော ဇာတ်မြင့်မျိုးဇာတ် များ၏ ကျေးကျွန်းများသာ ဖြစ်ခဲ့ကြရသည်၊ ဤကျေးကျွန်များသည် ဇာတ်မြင့်များ၏ အလိုဆန္ဒရှိလျှင် အချိန်မရွေးရောင်းချခြင်းခံရသည်၊ သုဒ္ဓများသည် ဇာတ်မြင့်များ အတွက် ဈေးရောင်းကုန် ပစ္စည်းဖြစ်ရသည်၊ အထက်ပါစည်းမျဉ်းများဖြင့် ဗြဟ္မဏများသည် သူတို့၏ အာဏာနှင့် ဂုဏ်ရည်များကို လူ့အသိုင်းအ၀ိုင်းတွင် ထိမ်းသိမ်းနိုင်ခဲ့သည်၊ သဂ္ဂ(Svarga) သို့မဟုတ် မောက္ခ(Moksha) တို့သည် သုဒ္ဓများအတွက် တားမြစ်ခြင်း ခံရသည်၊ မည်သည့် ပုဂ္ဂိုလ်ကမှ သုဒ္ဓများ ဗြဟ္မပြည်ရောက်နိုင်ရေး မကူညီကြပါ၊ အကယ်၍ ဗြဟ္မဏတစ်ယောက်သည် သုဒ္ဓများအတွက် ကူညီမှုပြုမိခဲ့လျှင် ထိုသူအား အပြစ်ပေးခြင်းခံရ မည်ဖြစ်သည်၊

အထက်ပါကိစ္စရပ်များကြောင့်ပင် များပြားလှသော အတွေးအခေါ်များ နှင့် ဘာသာရေးဆိုင်ရာအမြင်တို့ သည် ဗြဟ္မဏများနှင့်ယင်းတို့၏ ဖန်ဆင်းခြင်းကိစ္စရပ်များတွက်ပေါ်ထွက်လာခဲ့ကြသည်၊ 

ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်လာသောအခါ အိန္ဒိယနိုင်ငံ တ၀ှန်းလုံးတွင် ခြောက်ဆယ့်နှစ်ပါးသော အယူဝါဒ တို့တည်ရှိနေခဲ့ခြင်းဖြစ်သည်၊ သို့သော် သူတို့သည် သီးခြားလူမျိုးရေးဆိုင်ရာ မနှစ်မြို့ဖွယ်ရာကို အလေးထား ခြင်းမရှိခဲ့ကြပါ။

No comments:

Post a Comment