Pages

Monday, July 21, 2014

ဒီ သံယောဇဉ်


ကျောင်းရောက်ခါစ ကိုရင်ကြီးတစ်ပါး ထင်းခုတ်နေသည်။

ဒုတ် အား...
ဟဲ့ ဘယ်လိုဖြစ်တာလဲ ကိုရင်ရဲ့ ..
လက်ဓားခုတ်မိလို့ပါဘုရားးး.
အေးအေး သတိထား ခုတ်..၊

မှန်ပါ...၊
ဒုတ် အား...၊
ဟဲ့ ဘယ်လိုဖြစ်ပြန်တာတုန်း၊
ညာဘက်လက်ပြီးတော့ ဘယ်ဘက်လက် ဆက်ခုတ်မိလို့ပါဘုရားး၊
အေး အေး..၊ ကပ္ပိယကြီးဆီသွား၊ ဆေးထည့်ပေးလိမ့်မယ်..၊
.............................

လက်က ဘယ်လိုဖြစ်တာလဲ ကိုရင် အသစ်ရဲ့၊
ရွာထဲ စိတ်ရောက်သွားလို့ပါ ကပ္ပိယကြီး..။

အင်း...၊ ကိုရင်က လူပျိုပေါက် အရွယ်ကျောင်းရောက်ပြီး၊ ကိုရင်ဝတ်လာတော့ သံယောဇဉ်မကုန်သေး တာပေါ့။

တစ်ခုတော့ ပြောလိုက်မယ်။
သံယောဇဉ်က ဓားနဲ့ ခုတ်လို့ ပြန်တဲ့ အရာ မဟုတ်ဘူးနော်။
ဘုရား များများ ရှိခိုးရင်တော့ ဓားခုတ်စရာ မလိုပဲ ပြတ်တယ်။

ကိုရင် အသစ်က မော့ကြည့်သည်။
ကပ္ပိယကြီးက ခပ်တည်တည်။
ဘုရားဝတ်တက်ရန် ထိုးလိုက်သော ခေါင်းလောင်းသံက ကြည်လင်သည်။

No comments:

Post a Comment