Pages

Monday, July 21, 2014

ဓမ္မသဘင်

ဦးဇင်းက အခုမှ တရားဟောခါစဆိုတော့ သုတ္တန်ကောင်းကောင်း တစ်ခုကို
ဟောလိုက်ဖို့ကောင်းတယ်တဲ့။
အင်း ဟုတ်တာပေါ့၊ ဒကာကြီးမှတ်ထားပါ့မယ်လို့ ပြောလိုက်ရတယ်။

အဲ နောက်တစ်ယောက်ကလာပြီးတော့ အခုခေတ်တရားနာပရိတ်သတ်က ၀ိပဿနာကို အထူးလေ့လာချင်ကြ တယ်ဘုရား.... ..
ဆိုတော့ ၀ိပဿနာလေးကို အချိန်ပိုင်း တရားထိုင်တာလေးပါ တွဲပြီးတော့ ဟောသင့်တယ်၊ မောင်ပဇင်းရေ။
ဟုတ်..၊ ဟုတ်တာပေါ့..၊ ဟောမယ်လေ..ဒကာကြီး။

တစ်ချို့လူငယ်တွေကလဲ ဆရာတော် အခုဖြစ်နေတာက ပရဟိတခေတ်ဆိုတော့ ဗုဒ္ဓ၀င်ဇာတ်တော်လာ ပရဟိတအကြောင်းကောင်းကောင်းဟောသင့်တယ်ဘုရားး။
အေး ငါ့ညီပြောတာမှန်တာပေါ့..။

ကိုယ်တော် အခု မြန်မာတစ်နိုင်ငံလုံး အမျိုးသားရေး ဖြစ်နေတာ ကိုယ်တော်သိတယ်။
ဒါလေးကို အဓိကထားပြီးဟောစေချင်တယ်ဘုရားး.
အာ လုပ်လိုက်မယ်လေ ဒကာတော်ရေ..။

တရားဆိုတိုမှ တဲ့ ဦးဇင်းရေ ခပ်တိုတိုသာဟောလိုက်ပါ။
ဒီလူတွေ သိပ်ပြီးနက်နက်နဲနဲဟောနေလဲ ကိုယ်တော်ပင်ပန်းရုံရှိမယ်..တဲ့
ဘုန်းကြီးလူထွက်တစ်ယောက်ကလဲ ပြောပါတယ်။

ကိုယ်တော်ကတောင်တန်းဒေသသာသနာပြုကြွဖူးတော့ သာသနာပြုရဟန်းတော်များရဲ့ ခက်ခဲတဲ့ အကြောင်း
ကို ဟောသင့်တယ်ဘုရားး.။
အင်း ဒကာတော်ရေ အဲဒါကတော့ ကိုယ်တွေ့ပဲဗျာ..၊ ဒီညဟောလိုက်မယ်လေနော်..။

အခုခေတ်က ပါးပါးလေးကြွားတတ်မှနော် ဦးဇင်းရေ..၊
ခပ်တိုးတိုးလေး မှာလိုက်ဦးမယ်..။
နိုင်ငံခြားမှာ နေပြီးကျောင်းတက်ရတဲ့ အကြောင်းလေးကို ပါကို ပါအောင်ထည့်ပြီးဟောလိုက်ဦးနော်..။
တအားကြီးလဲ မကြွားလိုက်နဲ့ဦး။
မသိမသာလေးပေါ့ဘုရား..၊ ကိုယ်တော်သိပါတယ်။
ဟုတ်သားပဲ..၊ လက်ရှိအခြေအနေလေးပဲ ဟောလိုက်မယ်လေနော်..။

ဦးဇင်းရဲ့ မယ်တော်ကြီးကလဲ ဦးဇင်း ခရီးပင်ပန်းနေတယ်။
တရားကိုတိုတိုသာဟောလိုက်ပါတဲ့..
...ဆိုပြီးတော့ သူတို့ရင်ထဲက ဖြစ်နေတဲ့ ဆန္ဒများ အတိုင်း လာပြီးတော့ စေတနာများနဲ့ လမ်းညွှန်ပေးကြ ပါတယ်။

ဒီလိုအကြံဉာဏ်ပေးချက်များနဲ့ ဦးဇင်းတို့က ပလ္လင်ပေါ်ရောက်လာခဲ့ခြင်းပါ။
ဦးဇင်းတို့ကလဲ ရင်ထဲက လာတဲ့ စေတနာများ အတိုင်းမြတ်ဘုရားတရားတော်များကို ပြန် လည်
ဟောကြားမှာပါ။

ဆန္ဒများနဲ့ ထပ်တူကြနိုင်ပါစေလို့ ဆုတောင်းပါတယ်...။

No comments:

Post a Comment