“ဆူးလေ
အောင်မင်္ဂလာ အဝေးပြေး တစ်ထောင်၊ တစ်ထောင်”
တိုးတက်လာသော
ခေတ်စနစ်အရ လူနည်းနည်းနှင့် ဈေးများများတောင်းနေသော ကားလေးပေါ်သို့ တက် လိုက်သည်။
မြင်ကွင်းတစ်လျောက်မှာလဲ
မိုးတွေညိုလို့၊
ခဏချင်း
ညို့တက်လာသည်။
ကားလေးသည်
အရှိန်နဲ့ မိုးတွေထဲ ပြေးဝင်သည်။
ပြတင်းဝကို
မိုးစက်တို့ တို့ထိ နှုတ်ဆက်ပွတ်ခြွေကြသည်။
ကားလေးအတွင်းမှာတော့
အပူသည်များရဲ့ စကားသံများနဲ့ လောင်စပ်စပ်ပါ။
မိုးကလဲကွာလုပ်လိုက်ပြန်ပြီ..တဲ့၊
မိုးသည်
သူ့ရင်တွင်းက အပူကို သက်သာစေဟန်မရှိပါ။
ပြီးတော့
ထီးကိုယ်စီဖွင့်ကာ လိုရာခရီးဆက်ကြသည်။
ရန်ကုန်မိုးသည်လဲ
ခရီးဆက်ကောင်းနေဆဲပါ။
ညိုနေသည်။
ညို့လာသည်။
ပြိုဆင်းသည်။
အကြိမ်ကြိမ်ပါ။
လမ်းဘေ၀ဲယာရေတွေ
ဖွေးဖွေးဖြစ်လာသည်။
ကလေးပေါ်တွင်းလဲ
ခရီးသည် အနည်းငယ်သာကျန်တော့သည်။
ထိုအခါကျမှ
ကြည့်မိသည်။
ရန်ကုန်ဖြစ်ဟန်ရှိသည်။
မိုးအေးရသည့်အထဲ
ခပ်ပါးပါးအင်္ကျီပျော့လေးကို ၀တ်ထားသည်။
မိုးတွေကိုငေးကြည့်နေသည်။
ပူပင်ဟန်မရှိ။
ပျော်နေသလားထင်ရသည်။
သူ့လက်လေးတွင်
ထီးလဲ မပါ။
ထမင်းချိုင့်လေးကို
ကိုင်ထားသည်။
မိုးက
သည်းကောင်းနေဆဲပါ။
ထီးမပါသူတို့
မိုးရွှဲကြသည်။
ဒီကောင်မလေးလဲ
မိုးရွှဲမှာတော့ သေချာပြီ..၊
မိုက်လိုက်တဲ့
ကောင်မလေး ရန်ကုန်မိုးဆိုတာ အစိုးမရမှန်းသိရက်နဲ့၊ ထီးယူမလာဘူး..၊
နင်တော့
ကိုယ့်ထိုက်ကိုယ့်ကံ မိုးရွှဲရဦးတော့မယ်...၊
ကားလေးပြေးကောင်းနေသလို..၊
ကိုယ်လဲ
တွေးမိတွေးရာ တွေးနေမိသည်။
လူတစ်ပြုံကြီးရှိသောနေရာလေးတွင်
ကားလေး ငြိမ့်ကနဲ့ထိုးရပ်သွားသည်။
ထီးမပါသော
ထိုကောင်မလေး ထိုင်ရာမှထလိုက်ပြီ..
နင်တော့
မိုးရွှဲဦးတော့မယ်..
“အော်”
တွေးချိန်မဆုံးလိုက်ပါ။
ကျုပ်ကိုကျုပ်
“..အော်”လိုက်မိသည့် အဖြစ်ကား..၊
ဗန်ဒါပင်အောက်တွင်
စောင့်နေသော ခပ်ဖြောင့်ဖြောင့် ကောင်လေးက ကောင်မလေးဆင်းလာသော ကားလေးနားရောက်လာပြီး
ထီးမိုးပေးသည်။
အပြုံးချင်းတုံ့လှယ်ကြသည်။
လျပ်ရောင်တွေ
ဖွေးဖွေးထသွားသည်။
ပြီးတော့
တစ်ဦးကိုတစ်ဦးကိုယ်ချင်းပူးကား မိုးအေးဒဏ်ကို အာခံတုပရင်း မိုးရေတွေအတွင်း မှုံဝါးကျန်ရစ် သည်။
.........................
မြင်ကွင်းတစ်လျောက်မှာလဲ
မိုးတွေညိုလို့၊
ခဏချင်း
ညို့တက်လာသည်။
ကားလေးသည်
အရှိန်နဲ့ မိုးတွေထဲ ပြေးဝင်သည်။
ပြတင်းဝကို
မိုးစက်တို့ တို့ထိ နှုတ်ဆက်ပွတ်ခြွေကြသည်။
ထိုနေ့က
ကျုပ်တွင်လဲ ထီးမပါပါ..၊
ဤသို့ဖြင့်
မိုးထဲ ရေထဲ ........၊
.............................................
မိုးမိသော
မဟာရန်ကုန် အမှတ်တရပါ။
No comments:
Post a Comment