သူများတိုင်းပြည်က အဖြစ်အပျက်လေး နှစ်ခုလောက်ပြောပြချင်သည်။
တစ်ခုက သူငယ်ချင်းရဲ့ ဖြစ်ရပ်လေး။
သူက သီရိလင်္ကာမှာကျောင်းတက်သည်။
လင်္ကာမြေသည် မြန်မာနှင့် ရှည်လျားသော သမိုင်းရှိသည်။
ခေတ်အဆက်ဆက် မြန်မာရဟန်းတော်များကူးလူးဆက်ဆံ
သူငယ်ချင်းဖြစ်သူသည် လင်္ကာမြေတွင် ဘတ်စကားစီး၍ကျောင်းတက်သည်။
တစ်နေ့သော် ဘတ်စကားပေါ်တွင်” မင်္ဂလာပါ၊ ချမ်းမြေ့ပါစေ”ဟူသော စာတမ်းရေးထားသည်။
ထိုစာကို သူကောင်းကောင်းဖတ်တတ်နေသည်။
သူငယ်ချင်းသည် ခေါင်းရှုပ်သွားသည်။
ငါ ဘာကြောင့်၊ ဒီစာတွေကို ဖတ်တတ်နေရတာပါလိမ့်ဟု စဉ်းစားသည်။
ငါ လင်္ကာမြေရောက်နေတာ ကြာပြီဆိုတော့၊
ဆင်ဟာလီစာတွေ အလိုအလျောက်တတ်သွားပြီလား။
အတော်ကြာစဉ်းစားလိုက်မှ “ ဟာ ဒါ မြန်မာစာတွေပဲဟာကိုး”။
သူဘာသာသူ ကျိတ်ပြီးရယ်မောမိသည်ဟု ပြန်ပြောပြသည်။
ထိုမင်္ဂလာပါ၊ ချမ်းမြေ့ပါစေ ဟူသော စာတမ်းလေးကို ခရီးသွား မြန်မာရဟန်းတော်တစ်ပါးပါးက ကားသမားကို လက်ဆောင်ပေးထားခြင်းဖြစ်ပေမည်။
..............................
နောက်တစ်ခုက ကိုယ်တိုင်ကြုံရသည့် အဖြစ်။
ကုလားပြည်တွင် လူများသည်။ နေရာတိုင်းတွင် လူတစ်ပြုံကြီး အမြဲရှိတတ်သည်။
တစ်ယောက်တည်း ခရီးသွားရင်း ကုလားတောထဲရောက်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးကုလားတွေချ
ကုလားတစ်ယောက် အနီးနားလာပြီး စကားပြောသည်။
ကိုယ်လဲ တတ်သလောက် မှတ်သလောက် ကုလားစကားရော၊
အင်္ဂလိပ်စကားပါ မကျန် ပြန်ပြောလိုက်သည်။
ခဏကြာသော်.....
ဦးဇင်း၊ ဦးဇင်းကို ကျနော် မြန်မာလိုပြောနေတယ်လေဗျာ..၊
ထိုအခါကျမှ သူ့ကိုသေချာကြည့်မိသည်။
သူကလဲ မိတ်ဆက်သည်။ သူမြန်မာနိုင်ငံမှာမွေးသည်။
ဦးနေ၀င်းနှင်ထုတ်လို့ ကုလားပြည်ပြန်လာရသည့် သူဖြစ်နေသည်။
အေးဗျာ..၊ ကျုပ်ကလဲ ကုလားတောထဲနေရတော့ ကျုပ်ကို ကုလားလို၊ အင်္ဂလိပ်လို ပြောနေတယ်ထင်မိလို့ပါ။
ပြန်စဉ်းစားမိတိုင်း အီလည်လည်ကြီးဖြစ်ဖြစ်နေတယ်။
No comments:
Post a Comment