Pages

Tuesday, July 8, 2014

အနှိုင်းမဲ့ သူ


၁။ 
 "ရေနစ်တုန်း ကယ်တင်ခဲ့သော မဏိမေခလာနတ်သမီးလေးသည် အိန္ဒိယနိုင်ငံသူလေလား၊ တနင်္သာရီ တိုင်းကဆလုံ သူလေးလေလား မပြောတတ်ပေ"
..............................................................
 
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် အိမ်နီးအဖြစ်နေထိုင်ခဲ့ကြသည်။
တူညီသော သမိုင်း အသီးသီးပိုင်ဆိုင်ထားကြသည်။   
မန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဘာသာ၊ စာပေနှင့် လူမှုနေထိုင်မှု စနစ်တို့သည် အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံသည်။
မှတ်တမ်းတင်မထားနိုင်သော ကာလများကတည်းကပင် ကုန်းလမ်းရေလမ်းတို့ဖြင့် ကူးလူးဆက်ဆံခဲ့ကြရ သည်။ အစောဆုံးမှတ်တမ်း အဖြစ် အိန္ဒိယနိုင်ငံသားကြီးဖြစ်သော တို့ဘုရားအလောင်းတော် မဟာဇနက သည် ကုန်ရောင်းကုန်ဝယ် အဖြစ် ဘင်္ဂေါကို ဖြတ်ပြီး မြန်မာနိုင်ငံနှင့် ဆက်သွယ်ခဲ့ဖူးသည်။
ရေနစ်တုန်း ကယ်တင်ခဲ့သော မဏိမေခလာနတ်သမီးလေးသည် အိန္ဒိယနိုင်ငံသူလေလား၊ တနင်္သာရီ တိုင်းက ဆလုံ သူလေးလေလား မပြောတတ်ပေ။ 

၂။
တစ်နေ့ အိမ်ရှေ့အနားယူနေတုန်း ညီအကိုလိုဖြစ်နေသော အိမ်နီးချင်းနှင့် စကားပြောဖြစ်သည်။
မင်းတို့နိုင်ငံက မြန်မာလို့လဲခေါ်တယ်။ တို့ငယ်ငယ်တုန်းကတော့ ဗမာလို့ကြားဖူးတာပေါ့။
ဒါနဲ့ နေပါဦး..၊ အခု မင်းတို့ မြန်မာတွေ သုံးနေတဲ့ စကားကတော့ တရုတ်ကလား၊ အိန္ဒိယကလား။
တဲ့ သူမေးတဲ့ မေးခွန်း။

အင်း..၊ ဒီလိုရှိတယ်။ နှစ်ပေါင်းထောင်ချီပြီး မြန်မာနိုင်ငံလို့ မှတ်တမ်းရှိကြတယ်။ လွတ်လပ်ရေးနောက် ပိုင်းဗမာလို့သုံးလိုက်ကြတယ် ထင်တယ်။ ပြီးတော့ အင်္ဂလိပ်တွေ အုပ်ချုပ်ပြီးနေစဉ်တုန်းက Burma ရယ်လို့ ခေါ်လိုက်တော့ မင်းတို့ငယ်ငယ်က သိနေတဲ့ ဗမာဖြစ်တာပေါ့။
အင်္ဂလိပ်သမိုင်းတွေမှာတော့ ဗမာ အသုံးများပါတယ်။ အခုတိုင်လဲ ခေါ်နေကြဆဲပါ။
တို့ပြောနေတဲ့ ဘာသာစကားကတော့ မင်းကြားဖူးပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်း အမျိုးဇာတ်ကြီးနှစ် ခုဖြစ်တဲ့ ဗြဟ္မဏနဲ့ ခတ္တိယဆိုတာလေ။ 
အဲ..တို့ဘာသာစကားက မင်းတို့ နိုင်ငံရဲ့ ထိပ်တန်း အကျဆုံး ဗြဟ္မဏတွေပြောတဲ့ စကားကနေ ယူသုံးကြတာပေါ့။ တစ်ချို့ဆိုရင် တို့ဘိုးဘွားတွေ က ဗြဟ္မဏကြီးတွေပါပဲ။ နိုင်ငံအုပ်ချုပ်တဲ့ ခတ္တိယအမျိုး ဇာတ်လို့လဲ မှတ်တမ်းတင်ကြတယ်။ တို့ပြောနေတဲ့ Burmese language ဆိုတာ ဗြဟ္မဏ ကနေလာ တာပါ။
မေးခွန်းရှင် ငြိမ်နေသည်။
ငြိမ်မနေလို့လဲ မရပါ။ 
ဇာတ်နှင့်ကိုင်လာသူကို အနိုင်ယူနိုင်ဖို့က ဇာတ်အကြောင်း ပဲရှိသည်။
 
၃။
ပြီးတော့ ရှိသေးတယ်....
မင်းတို့ ဗုဒ္ဓက ဗြဟ္မဏ အမျိုးဇာတ်မှာ မဖြစ်ပဲ ဒုတိယဇာတ်ဖြစ်တဲ့ ခတ္တိယမှာဖြစ်တယ်ဆိုတော့ ပထမ အတန်းစားတော့ မဟုတ်ဘူးနော်။
မင်းမေးတာ သိပ်ကောင်းတယ်။
ဒါပေမယ့် စဉ်းစားလိုက်ရင် တို့ဘုရားက ပထမတန်းစား အမျိုးဇာတ်မှာဖြစ်တယ်ဆိုတာထင်ရှားပါတယ်။
ပြောပြမယ်။ တို့ မြတ်ဗုဒ္ဓတိုင်းက ဗုဒ္ဓဖြစ်ရမယ့် နောက်ဆုံးဘ၀မှာ ဗြဟ္မဏဇာတ်နဲ့ ခတ္တိယဇာတ်တို့မှာပဲ လူဖြစ်ကြ ရတယ်။

မင်းတို့ အိန္ဒိယနိုင်ငံရဲ့ လူနေမှုစနစ်မှာ
၁။ ပညာရေးကိုသာ အဓိကထားတဲ့ ဗြဟ္မဏခေတ်( age of Vedas) နဲ့
၂။ အုပ်ချုပ်ရေးအဓိကကျတဲ့ ခေတ်(  age of politics) လို့ နှစ်မျိုးခွဲခြားနိုင်တယ်။
ဒီနှစ်မျိုးက တစ်လှည့်စီအဓိကကျနေတတ်ကြပါတယ်။

အခု တို့ဂေါတမဗုဒ္ဓလက်ထက် လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ခြောက်ရာကျော်က အခြေအနေကိုပြော ရရင်..

မင်းတို့ အထင်ကြီးကိုးကွယ်နေတဲ့ ဝေဒခေတ်မှေးမှန်နေချိန်၊ အုပ်ချုပ်ရေး အဓိကဖြစ်နေတဲ့ အချိန်မို့ တို့ ဗုဒ္ဓက ခတ္တိယဇာတ်မှာ လူဖြစ်တယ်။ ပထမတန်းစား စစ်စစ်ပါလို့ မင်းမှတ်လိုက်ပါ။

အနှိုင်းမဲ့ ပါရမီများနှင့် လောကငြိမ်းချမ်းရေးအတွက် ကောင်းဆုံးပေးဆပ်ခဲ့သော မြတ်ဗုဒ္ဓသည်အမြင့် အမြတ်ဆုံး အမျိုးဇာတ်မှာ လူဖြစ်သည်။ 

ချမ်းမြေ့ကြပါစေ....။


No comments:

Post a Comment