Pages

Tuesday, July 15, 2014

အဲ...သည်းခံပါလို့


လရောင်လွှမ်းသော မန်းရွှေမြို့တော်ကြီးရဲ့ ၀ါကျွတ်ကာလဖြစ်သည်။
ရပ်ကွက်တိုင်း၊ လမ်းတိုင်းနီးပါးတွင် ၀ါကျွတ်ပူဇာအတွက် မန်းရွှေမြိ့တော်ရဲ့ အစဉ်အလာအတိုင်း အငြိမ့်၊ ဇာတ်တို့ဖြင့် စည်ဝေသည်။
ပနာမ တေးသွားများ လမင်းနှင့် အပြိုင် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကြသည်။


မင်္ဂလာပါ..အဲ..
.နှလုံးသားရှိသူတိုင်း ခံစားနိုင်ပါစေဆိုတဲ့ ကျနော့်ရင်က စေတနာနဲ့ အတူ ...

“မခိုင်ကို ပြောလိုက်ပါ” လို့ အမည်ရတဲ့ တေးသွားနဲ့ဖျော်ဖြေပါရစေ..
အဲ....ကျနော် အခုလို သီချင်းသီဆိုနေစဉ်အတွင်းမှာ ကျနော့်ကို ပန်းကုံးစွပ်ခြင်း၊ ရေမွှေးဖြန်းခြင်းနဲ့ ဆုငွေချခြင်းများကို ကျနော် လုံးဝ လုံးဝ လက်ခံမည်မဟုတ်ပါလို့ ကြိုတင်ပြောထားပါရစေ ရွှေပွဲလာ...

.ရွှေပွဲတော်လာမန်းမြို့သူတို့ ၀ါးကနဲ့ ရယ်ကြသည်။

မခိုင်ကို တိုင်တည်သီဆိုနေသူကား ရုပ်ကြမ်းကြီးနဲ့ လူရွှင်တော်ဖြစ်သည်။

မန်းမြို့ရဲ့ညတို့သည် ရယ်မောသံ တေးသွားတို့ဖြင့် လှနေသည်။

1 comment:

  1. Borgata Hotel Casino & Spa - NJMGM - Mandara
    Book online with Borgata Hotel Casino & Spa, New Jersey's 서울특별 출장마사지 premier integrated hotel destination, MGM 경주 출장샵 Grand 하남 출장마사지 Hotel Atlantic City NJ 속초 출장안마 Casino 군산 출장마사지 & Spa.

    ReplyDelete