အင်
ကြင်း ကြာ အုံ ရတနာပုံတဲ့၊
မြန်မာမင်းများရဲ့
နောက်ဆုံးမင်းနေပြည်။
ရွှေမြန်မာတွေရဲ့
အသည်းနှလုံး။
ဘ၀ရှင်မင်းတရားကြီးရဲ့
ကမ္ဘာ အမွေအနှစ်ထိန်းသိမ်းလိုက်တဲ့ ကြည်နူးဖွယ် ထုံးရောင်မပျယ်တဲ့ ကုသိုလ်တော်။
ကြည့်လိုက်တိုင်း
ကြည်နူးဖွယ်။
မြင်လေရာတိုင်း
ရှုမောဖွယ်။
အတွေးထဲ
အထိ စိမ်းလန်းလွန်းလှဘိတကား။
..........................................................
ခရီးအဝေးကြီးကလာခဲ့ရပေမယ့်
မောပါဘူး။
မန်းတောင်ကိုတက်ခဲ့ပြီ။
ကြည့်လေတိုင်း စိမ်းလန်းလို့ မိုးကြိုပြီပေါ့ မန်းမြိုတော်ကြီးရယ်။
ဟိုး
အနောက်တောင်ဆီမှာ တိမ်ညွန့်တွေ အရောင်စုံကွန့်လို့ လှလွန်းတယ်။
ဘိုးဘိုးကြီးစောင်းတန်းကနေ
ဟိုမန်းတောင်တော်အထွတ်ထိတက်မယ်။
စောင်းတန်းဝဲယာက
အလှူရှင်များရဲ့ ကောင်းမှုမှတ်တမ်းတွေကို တကြည်တနူးကြည့်ရင်း တက်လာခဲ့တယ်။
အိုဟောင်းနေတဲ့
ရက်၊ လ၊ နှစ်တို့ကို မြင်ရတိုင်း အလှူရှင်များရဲ့ စေတနာ သဒ္ဓါအစွမ်းကြောင့် ကြည်နူး
ရတယ်။ တစ်နေရာရောက်တော့
ခဏထိုင်းရင် ခဏတာ ဝေးကွာခဲ့ရတဲ့မန်းမြို့တော်ကြီးကို တစ်ဝကြီးငေးကြည့် တယ်။
အော်..။
ဦးဇင်း မြင်ဖူးသလိုလိုရှိလားလို့ပါဘုရား..၊
ငေးနေဆဲ
အတွေးမပြတ်ခင် ဦးဇင်းတစ်ပါးက နှုတ်ဆက်သည်။
ပါလာသော
အထုပ်များကို သူ့ဘေးတွင် ခဏချကာထိုင်လိုက်သည်။
ချွေးတွေနဲ့
သူလဲ မောလို့ပါ။
ကျုံးတော်ဆီက တိုက်ခတ်လာတဲ့ လေကို တစ်ဝကြီးရှိုက်လိုက်ရင်း သူပြောသည်။
တင်ပ..၊
တပည့်တော်လဲ မြင်းဖူးသလိုလိုရှိလားလို့ပဲ ဘုရာ့၊
တက္ကသိုလ်ကထင်တယ်နော်ဘုရား..
သူကမေးလာသည်။
တင်ပ ၊ အရင်တုန်းကတော့ တက္ကသိုလ်ကပါ။
အခုတော့
အမေ့ခံလိုဖြစ်နေပါပြီဘုရားး။
ကျောင်းဆင်းခဲ့တာ
ကြာပါပြီ။
အော်..၊
တင်ပ ။ တင်ပ၊ ဒါကြောင့်မြင်ဖူးတယ်ထင်တာကို၊ သေချာတာပေါ့ဘုရားး၊
တပည့်တော်လဲ
တက္ကသိုလ်ကျောင်းဆင်းပါဘုရားး၊
ဦးဇင်းပြောသလို
တပည့်တော်က အမေ့ခံမဟုတ်ရပါဘူး ဘုရား..၊ အပယ်ခံပါ။
ပြိုင်တူရယ်မိကြသည်။
ရယ်သံများကတော့ အလွင်လှပါ။
ဒါနဲ့
အခု ဦးဇင်းဘယ်ရောက်နေတာလဲဘုရားး၊
သူကမေးလာသည်။
အော်..၊
တင်ပ၊ တပည့်တော် မန်းတက္ကသိုလ်က ၂၀၀၇ မှာတောင်တန်းသွားရပါတယ်။
တောင်တန်းဒေသမှာ
၂ နှစ်နေပြီးတော့ ဘီ အေ ဘွဲ့ယူပါတယ်။
နောက်တော့
သီရိလင်္ကာနိုင်ငံမှာ အမ် အေ ဆက်တက်ပါတယ်။
အခုတော့
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူးပြည်နယ်မှ ပီ အိပ်ဒီဆက်လုပ်နေပါတယ်။
မန်းကျောင်းထွက်များ
မညံ့ကြောင်း အခွင့်သင့်တုန်း ပြောလိုက်မိသည်။
သူပြုံးသည်။
သူ့ပြုံးသည်
အဝေခွဲရခက်သည်။
ဂုဏ်ယူ
အပြုံး၊ မခံချိသည့် အပြုံး၊ အတိတ်အရိပ်တို့လွှမ်းသော အပြုံး။
အော်..၊
တင်ပ ၊ ကြားသိရတာ ကြည်နူးစရာပါဘုရား..။
ဆက်တက်လိုက်ကြဦးစို့ဘုရား..
ဆိုရင်
မန်းတောင်တော်ကို အတူတူတက်လာကြသည်။
မန်းတောင်တော်ရှုခင်းတွေ
လွှမ်းမိုးလွန်းလို့ စကားဆက်မဆိုမိကြ။
မန်းတောင်တော်
အရိပ်အငွေ့တို့သည် ညှို့ယူနိုင်လွန်းသည်။
တပည့်တော်တို့
မန်းကျောင်းထွက်တွေ ပြည်ပမှာ ကျောင်းဆက်တက်ကြတယ်။
ဘီ
အေ တက်သူလဲရှိတယ်။ အမ် အေ ကနေ စတက်တဲ့ သူလဲရှိတယ်။
တစ်ချို့လဲ
အမ် အေ ပြီးတော့ အမ် ဖီးတက်ကြတယ်ဘုရားး၊
တစ်ချို့လဲ
အိန္ဒိယနိုင်ငံဘက်ကူးပြီး ပီအိပ်ဒီဆက်လုပ်ကြတယ်။ သင်ယူနေကြတုန်းပေါ့ဘုရားး
ဆိတ်ငြိမ်နေမှုကို
စကားလုံးနဲ့ ဖြိုခွဲလိုက်သည်။
တင်ပ..။
ပျော်စရာကြီးရှိမယ်နော်..။
မန်းတက္ကသိုလ်လောက်တော့
ပျော်စရာ မကောင်းလှပါဘူး ဦးဇင်းရယ်..၊
သူရော
ကိုယ်ပါ ပြိုင်တူရယ်မိသည်။
ဒါနဲ့
ဦးဇင်းလဲ မန်းတက္ကသိုလ်ကျောင်းဆင်းဆိုတော့ ဘယ်တက္ကသိုလ်ဆက်တက်နေသလဲ၊
ဘာဘွဲ့တွေ
အတွက် ဆက်လုပ်နေသလဲဘုရားး၊
သူ
တိတ်ဆိတ်နေသည်။
မန်းတက္ကသိုလ်ကြီးကို
ခပ်စိမ်းစိမ်းပြန်သည်။
ပြီးတော့
သက်ပြင်းချသည်။
တပည့်တော်
တတိယနှစ် တူးဒေါင်းပါဘုရား...၊
အာ
ဝေသွားပြီ..၊
လေညင်းတွေ
ခဏဆိတ်သုန်းသွားသည်။
ရွက်ခြောက်
လျောတိုက်ပြေးးလွှားသံတို့ ငြိမ်သွားသည်။
ရင်တွင်းမှာလဲ
ပြောမပြတတ်သော အားနာမှုတို့ ပြည့်နှက်သွားသည်။
ဆိုစရာစကားတို့
ရှာမတွေ့တော့..၊
ဒါပေမယ့်ဘုရားး၊
တပည့်တော်က တက္ကသိုလ်ကြီးက ဘွဲ့တစ်ခု အနေနဲ့ အကုန်မရလိုက်သော်လဲ..၊ သင်ယူခဲ့ရသမျှနဲ့..၊
မန်းတက္ကသိုလ်ကြီးလွမ်းမောမိပါတယ်။
ကျောင်းတက်နေရစဉ်က
ဥပုသ်နေ့တိုင်းလိုလို တက်ခဲ့ရတဲ့.၊
အရသာလေးကိုလွမ်းလွန်းလို့
တက်လာခဲ့တာပါဘုရား..၊
ပညာရေးခရီး ဆက်လက်
လျောက်လှမ်းနေကြတဲ့..၊နောင်တော်ကြီးတို့လို စီနီယာတွေရှိကြလို၊ တပည့်တော်တို့နဲ့
ခေတ်ပြိုင်ကျောင်းနေဘက်တွေလဲ ပြည်ပမှာ ဆက်လက်သင်ယူနေကြတယ်ဆိုတာ ကြားရတိုင်း ကြည်နူးရပါတယ်။
အခု
တပည့်တော် ဓမ္မစကူးသင်တန်းလာတက်တာပါ။
အဲဒီမှာလဲ
သီရိလင်္ကာကနေ ပညာသင်ပြီး ထိုက်သင့်သလိုဘွဲ့ယူလာကြတဲ့.နောင်တော်ကြီးများကလဲ မန်းတက္ကသိုလ်က
ကျောင်းထွက်များကြောင်းကို ပြောပြကြပါတယ်။
ဘွဲ့မရပဲ
ကျောင်းထွက်လိုက်ရတော့ နေစရာက ရွာကျောင်းပဲရှိတော့။ တပည့်တော်ရွာပြန်လိုက်ရပါတယ်။
ရွာရောက်မှ
ကိုယ့်ရွာ ကိုယ့်ကလေးများ ဘာသာရေးအသိအမြင်လိုအပ်နေသေးတာတွေ့ရတော့..
ကူညီချင်စိတ်တွေပေါက်လာတယ်ဘုရားး။
ဒါနဲ့
အခုတော့ ဓမ္မစကူးသင်တန်းဖွင့်ပြီး ဆရာဖြစ်ပို့ချပေးနေတယ်ဆိုတော့..၊
ရွာက
ကလေး လူကြီးအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပေးဆပ်ဦးမယ်ဆိုပြီးပေါ့ဘုရားး၊
သူ့စကားကိုသာနားထောင်နေမိသည်။
မန်းတက္ကသိုလ်က
သင်ပေးလိုက်တဲ့ တပည့်တော်ရဲ့ မပြီးဆုံးသေးတဲ့ ..အသိလေးနဲ့ပေါင်းပြီးတော
့.ကူညီရတာပေါ့ဘုရား..၊
သူ့စကားကြောင့်
ငေးသွားသည်။
တတိယနှစ်
တူးဒေါင်းရဲ့ မြင့်မြတ်တဲ့ နှလုံးသားကိုမြင်ယောင်လာသည်။
ပြီးတော့
ကိုယ့်ကိုယ်ကို ရှက်လာသလိုခံစားမိသည်။
ရင်တွင်းက
သူကို အကြိမ်ကြိမ်ဦးညွတ်မိသည်။
မန်းတောင်တော်ထိပ်သို့ရောက်ခဲ့ပြီ။
ဟိုး
အဝေးလှမ်းကြည့်လဲလှသည်။
အနီးအနားဝန်းကျင်တွင်လဲ
စိမ်းစိုနေသည်။
နေညိုချိန်
မို့ အလှပိုသည်။
ကဲ
ဦးဇင်းပြန်ဆင်းရအောင်ဘုရားး၊ ခရီးဆက်စရာရှိသေးလို့ပါ။
အော်..၊
တင်ပ..၊ အပြန်ခရီးတွင် ကိုယ်သည် နားထောင်သူသက်သက်အဖြင့်ဖြင့် ..၊
ပြီးတော့
သူပြောသမျှသည် လက်တွေ့ကျသည်။
အနှစ်သာရပါသည်။
ဘွဲ့ထူး၊ ဂုဏ်ထူးတွေမပါ။
တောရွာက
ကလေးများအကြောင်းသာပြည့်လွှမ်းနေသည်။
ခြင်္သေ့ကြီးနှစ်ကောင်သို့ရောက်ခဲ့ပြီ။
ဦးဇင်းတို့လို
ပြည်ပဘွဲ့ရတွေ အများကြီးလိုနေပါတယ်ဘုရားး.၊
နောက်တော့
တွေ့ကြသေးတာပေါ့ဘုရား။
တပည့်တော်သွားစရာရှိသေးလို့ပါဘုရားး၊
ကားနဲ့ကြွပါလား
ဦးဇင်း..၊
ရပါတယ်ဘုရားး..၊
တပည့်တော်တည်းတဲ့ ကျောင်းက အနီးလေးပါဘုရား..။
......................................
ကိုယ်က
လိုင်းကားလေးပေါ်တက်လိုက်သည်။
သူကား
လွယ်အိပ်ကိုလွယ်လျက်က လက်တစ်ဘက်တွင် ကျွတ်ကျွတ်အိပ်ဖြင့် ။
ထိုကျွတ်ကျွတ်အိပ်ထဲတွင်
ရွာက ကလေးများအတွက် ခဲတံများနှင့် ဗလာစာအုပ်များပါသည်။
မှတ်ချက်။
အင် ကြင်း ကြာ အုံ။ ၁၂၂၁ ခုကိုဆိုလိုသည်။
တူးဒေါင်း။
စာမေးပွဲ(၂)နှစ် ကျကိုဆိုလိုသည်။
No comments:
Post a Comment