..မေးကြတယ်။
ရဟန်းတော်တစ်ပါး လူဝတ်လဲတာ အပြစ်လားတဲ့။
သူ့ဆုံးဖြတ်ချက်နဲ့သူပါလို့ပြန် ပြောလိုက်တယ်။
ဆရာတော်ကြီးတစ်ပါးမိန့်ဖူးတာ ကြားဖူးပါတယ်။
ရဟန်းတော်ဘ၀နဲ့ အများအကျိုးဆောင်ပြီးကုသိုလများ များရရင် ရဟန်းဘ၀နဲ့နေမယ်။
လူဝတ်လဲလိုက်မှ အများအကျိုးဆောင်ပြီး ကုသိုလ်များများရမယ်ဆိုရင် လူဝတ်လဲမယ်တဲ့။
ဒါပေမယ့် အဲဒီဆရာတော်ကြီး တစ်သက်လုံးရဟန်းတော်ဘ၀နဲ့နေထိုင်ပြီး အများအကျိုးဆောင်တော်မူသွား ပါတယ်။
ဟုတ်တာပေါ့။
ဗုဒ္ဓဘာသာရပ်ဝန်းမှာ ရဟန်းတော်ဘ၀ထက် အများအကျိုးဆောင်နိုင်တာ မရှိဘူးလေ။
..................
ငယ်ဘ၀က ကိုယ်တွေ့လေးကတော့..
စာမေးပွဲခဏခဏကျ၊ ဒဏ်များများထမ်း၊ စည်းကမ်းဖောက်ဖျက်လေ့ရှိသော
ဦးဇင်းငယ်တစ်ပါးက..
ဆရာတော် တပည့်တော် လူထွက်တော့မလို့ဘုရား..။
အော်..၊ အေး..၊ အေး..၊
ရဟန်းတော်လို မနေတတ်တဲ့ သူက လူဝတ်လဲလိုက်လို့လဲ လူလို မနေတတ်ပြန်ဘူးနော်။
ဘ၀မှာ ဘယ်နေရာ ဘယ်ဘ၀ရောက်ရောက် ရဟန်းဆိုရင် ရဟန်းလို၊
လူဆိုရင်လဲ လူလိုနေတတ်ရမယ်။
အခုမင်းက စာမေးပွဲခဏခဏကျ၊ ဒဏ်များများထမ်း၊ ကျောင်းစည်းကမ်းမလိုက်နာဆိုတော့ ..
လူထွက်လိုက်ရင် မင့် ပတ်ဝန်းကျင်မှာ လူပို လူရှုပ်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့၊ မင်းထင်သလား။
ဒါပေမယ့် မင်းရဲ့ ဆုံးဖြတ်ချက်ပါပဲ။
စဉ်းစားပါဦး...။
ရဟန်းတော်တစ်ပါး လူဝတ်လဲတာ အပြစ်လားတဲ့။
သူ့ဆုံးဖြတ်ချက်နဲ့သူပါလို့ပြန်
ဆရာတော်ကြီးတစ်ပါးမိန့်ဖူးတာ ကြားဖူးပါတယ်။
ရဟန်းတော်ဘ၀နဲ့ အများအကျိုးဆောင်ပြီးကုသိုလများ
လူဝတ်လဲလိုက်မှ အများအကျိုးဆောင်ပြီး ကုသိုလ်များများရမယ်ဆိုရင် လူဝတ်လဲမယ်တဲ့။
ဒါပေမယ့် အဲဒီဆရာတော်ကြီး တစ်သက်လုံးရဟန်းတော်ဘ၀နဲ့နေထိုင
ဟုတ်တာပေါ့။
ဗုဒ္ဓဘာသာရပ်ဝန်းမှာ ရဟန်းတော်ဘ၀ထက် အများအကျိုးဆောင်နိုင်တာ မရှိဘူးလေ။
..................
ငယ်ဘ၀က ကိုယ်တွေ့လေးကတော့..
စာမေးပွဲခဏခဏကျ၊ ဒဏ်များများထမ်း၊ စည်းကမ်းဖောက်ဖျက်လေ့ရှိသော
ဦးဇင်းငယ်တစ်ပါးက..
ဆရာတော် တပည့်တော် လူထွက်တော့မလို့ဘုရား..။
အော်..၊ အေး..၊ အေး..၊
ရဟန်းတော်လို မနေတတ်တဲ့ သူက လူဝတ်လဲလိုက်လို့လဲ လူလို မနေတတ်ပြန်ဘူးနော်။
ဘ၀မှာ ဘယ်နေရာ ဘယ်ဘ၀ရောက်ရောက် ရဟန်းဆိုရင် ရဟန်းလို၊
လူဆိုရင်လဲ လူလိုနေတတ်ရမယ်။
အခုမင်းက စာမေးပွဲခဏခဏကျ၊ ဒဏ်များများထမ်း၊ ကျောင်းစည်းကမ်းမလိုက်နာဆိုတော့
လူထွက်လိုက်ရင် မင့် ပတ်ဝန်းကျင်မှာ လူပို လူရှုပ်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့၊ မင်းထင်သလား။
ဒါပေမယ့် မင်းရဲ့ ဆုံးဖြတ်ချက်ပါပဲ။
စဉ်းစားပါဦး...။
................................
ခံစားချက်များ...............
- Manaw Phyuashin ကောင်းလိုက်တဲ့ သြ၀ါဒလေးတွေ ဘု၇ား
ဆ၇ာတော်လည်း ငြိမ်းချမ်းသာယာ နဲ့အစစအ၇ာ၇ာအဆင်ပြေပါစေ ဘု၇ား - Khin Mg Latt ဒါပေမယ့် အဲဒီဆရာတော်ကြီး တစ်သက်လုံးရဟန်းတော်ဘ၀နဲ့နေထိုင်ပြီး အများအကျိုးဆောင်တော်မူသွားပါတယ်တဲ့ ..... ဦတင်ပါတယ်ဘုရာ့။
- Ashin Neyadhamma အဲဒီဆရာတော်ကြီးဆိုတာ ၂၀ ရာစု မြန်မာနိုင်ငံရဲ့ အကြီးဆုံးပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ဘာသာဋီကာကျမ်းပေါင်းများစွာပြုစုပြီး ဘ၀နောက်ဆုံးအချိန်များအထိ အများအကျိုးဆောင်တော်မူသွားတဲ့ .တောင်မြို့ ဆရာတော် ကြီး ဦးဇနကာဘိဝံသပါ.။..ချမ်းမြေ့ပါစေ.....
- Aung Naing Oo ပဗ္ဗဇ္ဇိတ အမျိုး မျိုး ရှိပေမယ့် မြန် မာနိုင်ငံမှာက ရိုးရာအရဝတ်လာကြတာများပါတယ် ဝတ်ပြီးကြာလာတဲ့အခါမလည်း ထွက်ရဲတဲ့သူ ရှားပါတယ်
ပရိယတ္တိပညာရေးကို အပြင်လောက က အာမခံချက် ပေးမထားဘူးလေ