‘ဟယ် သဲလုံ’ တောင်ရောက်ပါပကော’
အ၀ါ၏ စိတ်ထဲတွင် အလိုလိုရွှင်မြူးလာသည်၊ ပိန်းကောလှေ ငယ်လေးများ သဲသောင်စပ်တွင် အစီအရီမေး တင်ငြိမ်သက်နေကြသည်၊ အိမ်ငယ်လေး အတွင်းဆီမှ ဆင်းလာဟန်ရှိသော ကချင်မ ခပ်၀၀လေးသည် ရင်သား ဟင်းလင်းနှင့် ကျောပိုးခြင်းတောင်းတွင် ၀ါးရေကြည်တောက်များထည့်ကာ ကမ်းစပ်၌ရပ်လျှက် ၀ါကိုစိမ်းစိမ်းကြည့်သည်၊
စာရေးဆရာရန်ကုန်ဘဆွေက သူ့လက်ရာနန်းဟာဗီတွင် အ၀ါလို့ခေါ်သောပဒူးမုန်းရွာသူလေး၏ အပြန်ခရီး ကို ရေးပြရာတွင်ပထမဆုံး သဲလုံကချင်ရွာလေးကိုတွေ့ရကြောင်းရေးပြထားသည်၊ အခုတော့(၂၀၀၉) တွင်သဲလုံမရှိတော့ပါ၊ ၁၉၇၃ နောက်ပိုင်းမရှိကတည်းက မရှိတော့ခြင်းဖြစ်သည်၊
အခုတော့ရွာဟောင်းနေရာတွင် တောစပ်စပ်ခြုံတန်းလေးသာမြင်ရသည်၊
တောင်နှင့်မြောက်စီး ဆင်း နေ သော ချင်းတွင်းမြစ်သည် သဲလုံရွာလေးရှိခဲ့ရာ နေရာအရောက်တွင် အရှေ့ ဘက် ထောင်တက် သွား လေသည်၊ကချင်ပြည်သို့ဆန်တက်နိုင်သည်၊
တောင်နှင့်မြောက်စီး ဆင်း နေ သော ချင်းတွင်းမြစ်သည် သဲလုံရွာလေးရှိခဲ့ရာ နေရာအရောက်တွင် အရှေ့ ဘက် ထောင်တက် သွား လေသည်၊ကချင်ပြည်သို့ဆန်တက်နိုင်သည်၊
မြစ်သည် ကျဉ်းပြီးအန္တရာယ်များလာသည်၊ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီးစီး ဆင်း လာသော တနိုင်းချောင်းသည် ပဒူးမုန်းနာဂရွာလေးအရောက်တွင် မြေပြန်နှင့် စတင်တွေ့ ရှိသည်၊ ရေစီး သည် ငြိမ်သွားပြီ၊ မြစ်ပြင်သည် ပြန့်ပြန့်ပြူးပြူးနှင့် ငြိမ့်ငြိမ့်ညောင်းညောင်း စုန်၍ဆန် ၍ ကောင်းလေပြီ၊ ပဒူးမုန်းနာဂရွာလေးအလွန်တွင်သဲလုံရှိသည်၊
အရှေ့ဘက်ဆီမှခရီးစုန်ဆင်းလားသော ခရီးသွားများသည် ချင်းတွင်းမြစ်ဖျားတွင် ပဒူးမုန်းနာဂ ရွာလေးကို စတင်တွေ့ရသည်၊ ထို့ကြောင့်ပင် ပဒူးမုန်းဟူသည် မြို့တံခါးဟု အဓိပ္ပာယ်ရှိကြောင်းပြောပြကြသည်၊ ၀န်း ကျင်တစ်ခွင်လုံး တောများဖုံးနေသည်၊ တောင်ယံများသည် အထပ်ထပ်ဖြင့် အဆင့်ဆင့် စီထား သလိုပင်ထင်ရသည်၊
တောင်ကြောများတွင် ရာသီမရွေး နှင်း မြူခိုးတို့ဝေနေတတ်သည်၊ အောက်ချင်းငှက်မောင်နှံတို့ အတောင် ခတ်သံတစ်ဟီဟီးဖြင့် တောင်ယံကြောဆီပြန်သွားကြသည်၊ ဘယ်တောင်ကြောတွင် နားခိုမည် မသိနိုင်၊ ချင်းတွင်းမြစ်ရိုးတွင် ပိန်ကောရှင်ကိုတံငါက တေးသီသည်၊ ရိုးရာတေးဖြစ်ပေ လိမ့်မည်၊ တောင်ယံ တွင် ပဲ့တင်ထပ်လျှက် မြည်ဟီးသည်၊
ပဒူးမုန်းနာဂရွာလေးကို သစ်ပင်ကြီးများဝန်ရံသည်၊ သစ်ပင်မြင့်မြင့်ကြီးတို့သည် လေအဝှေ့တွင် ဟိုဒီ တိမ်းပြီး ယိမ်းနေကြသည်၊ သစ်ပင်မြင့်မြင့်ကြီးများအလွန်တွင် ချင်းတွင်းကို မြင်ရသည်၊ မှုံပြပြဖြင့် ခရီးဝေးကို သူနှင်နေသည်၊
အစုန်ရှိသူတို့ကို ခေါ်လျှက် ခရီးသွားသည်၊ အဆန်ရှိသူများကို ကျောပေါ်တင်ပြီး ခေါ်ဆောင်သည်၊ သူနဲ့အတူစုန်ဆင်းဖူးပါသည်၊ အဆန်ခရီးလဲသူနဲ့အတူလာဖူးပါသည်၊ အောင်ချင်း ငှက်တွေ ပျံကြ သည်၊ တောင်လေသုတ်ဖြူးလိုက်သဖြင့် ချင်းတွင်းသောင်ယံတွင် အပူခိုးတို့ယိမ်းထိုး လှုပ် ရှားနေသည်၊
ဟို အဝေးဆီက တောင်ပေါ်သားကြီး တစ်ယောက်ရဲ့ လွမ်းလွမ်းဆွေးဆွေး ဟစ်ကြွေး လိုက်သော တေးသံ သည် ရင်ကို အထိခတ်ဆုံးဖြစ်သည်၊ တောင်ပေါ်သားကြီးကို နားလည်သလိုလိုလဲဖြစ်မိသည်၊ လွမ်းအား ပိုတုန်း တွန်းတစ်ရပ် အလားထင်ရသည်၊
'လေတိုက်တိုင်းကြွေ…တဲ့ သစ်ရွက်ဟောင်းများလို……… ဒီချိန်ဒီရက်တွေ တစ်ဖြုတ်ဖြုတ်နဲ့ ကုန်သွားရင် အဖော်ကွာသူဘ၀မှာ အလွမ်းရသက်သာလိမ့်မယ်….'
ချင်းတွင်းကမ်းခြေတွင် နန်းဟာဗီး ရောက်တုန်းက ကချင်မလေးတစ်ယောက်ပြေးထွက်ကြိုခဲ့သော သဲလုံ ရွာလေးသည် အခုတော့ တောတန်းလေးဖြစ်နေပြီ ၊ သောင်ပြင်တွင် နာဂပျိုဖြူ နန်းဟာဗီးကို မြင် လိုက်ရ သလိုလိုထင်မိသည်၊ ချင်းတွင်းသောင်စပ်တွင် မြူခိုးလိုလို နှင်းလိုလိုတို့ တွဲခိုယိမ်းကြနေကြသည်၊
မှတ်ချက်၊ ထိုနာဂရွာလေးတွင် ၂၀၀ရ၊ ၂၀၀၉ နှစ်များတွင် နေခဲ့ရဖူးသည်။
တောင်ကြောမှာ မြူနှင်းခိုးတို့ဝေ................
ReplyDeleteအောက်ချင်းဌက်မောင်နှံတို့ တောင်ကြောကို ပြန်သွားတယ်...
ဘယ်မှာနားခိုမလဲ မသိနိုင်။
ပိန်းကောရှင် ကိုတံငါ၏ ရိုးရာတေးသံ..........
အဝေးဆီက တောင်ပေါ်သားကြီးရဲ့ လွမ်းလွမ်းဆွေးဆွေး တေးသံ........
ဒီအချိန် ဒီရက်တွေ တစ်ဖြုတ်ဖြုတ်ကုန်သွားရင်..........
အဖော်ကွာသူဘ၀.............................
.........................................
မရောက်ဘူးပေမဲ့ လွမ်းမိတယ်။
အမိုး(မြူခိုးလိုလို.....နှင်းလိုလို)