Pages

Saturday, December 24, 2011

သာသနာ့ သူရဲကောင်း



မြတ်ဗုဒ္ဓသာသနာတော်သည် အိန္ဒိယတိုက်တွင်စတင်ပေါ်ထွန်းခဲ့သည်၊ ရှေးဟောင်းအစဉ် အလာ ဗြဟ္မဏ ၀ါဒနှင့် ဇာတ်စနစ်ကိုတွန်းလှန်ကာ နှစ်ပေါင်းနှစ်ထောင်နီး ပါးရှင်သန်ခဲ့သည်၊ ဗုဒ္ဓသာသနာထွန်းလင်းရာ အချိန်ကို မဇ္ဈိမဒေသ၏ အငြိမ်းချမ်းဆုံး ကာလအဖြစ် သမိုင်းပညာရှင်များက မှတ်တမ်းတင်ကြသည်၊ ဗုဒ္ဓသာသနာထွန်း လင်းလာသည်နှင့် ဗြဟ္မဏ၀ါဒသမားများသည် ဘ၀ရပ်တည်ရေး အတွက် အခက်အခဲဖြစ် လာသည်၊

ဗုဒ္ဓ သာသနာတော်ကို သက်ဝင်ယုံကြည်သော အသောကမင်း၏ချီမြှောက်ထောက်ခံမှုမှာလည်း ဇာတ်ဝါဒ သမား များနှင့် ဗြဟ္မဏ၀ါဒသမားတို့အတွက် အခြေအနေ ဆုတ်ယုတ်စရာဖြစ်လာသည်၊ ထိုသူတို့ အခြေအနေ ဆုတ်ယုတ်လာသလောက် ဗုဒ္ဓသာသနာတော်ဘက်တွင်ကား ကြီးကျယ်ပြန့်လာသည် တို့ကို တွေ့မြင်လာကြ ရသည်၊ ထိုပုဂ္ဂိုလ်တို့သည် အခြေအနေအရ ဗုဒ္ဓသာသနာတော်သို့ရောက်ပါမှ အသောကမင်း၏ ထောက်ခံမှုရ သည့်အပြင် စားဝတ်နေရေးလည်း ချောင်လည်မည်ဖြစ်ရကား ရရာနည်းလမ်းရဟန်းဝတ် လာခဲ့ကြသည်၊

ဆိုပါဝမ်းရေး မင်းဘေးစသော ဘေးအန္တရာယ်များကြောင့်ဝင်ရောက်လာသူ များကြီးထွားကျယ်ပြန့် လာသည်နှင့် ထိုသူတို့သည် မိမိတို့ကိုးကွယ်ရင်း ဗြဟ္မဏ၀ါဒများကို ပါဆက်လက်ကျင့်သုံးနေသဖြင့် သာသန်ာတော်အတွက် အခက်ကြုံလာရသည်၊ ထိုအခက်အခဲကို အသောကမင်းတရားကြီးနှင့် ရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့၏ ဆရာ ဒကာလက်တွဲဆောင်ရွက်ခဲ့ခြင်းကြောင့် တတိယ သင်္ဂယနာတင်နိုင်ခဲ့သည်၊

ထေရ၀ါဒ ဖြစ်တော်မူသော ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်၏ ဓမ္မစွမ်းရည်ဖြင့် ဗုဒ္ဓသာသနာတော် အတွင်း ၀င်ရောက်နေရာယူထားသောဗုဒ္ဓ၀ါဒမဟုတ်သော မသန့်ရှင်းသည့်အယူဝါဒတို့ကို ရှင်းလင်းသုတ် သင် နိုင်ခဲ့ သည်၊ အဆိုပါ ဓမ္မ၀ိနယဆိုင်ရာ မဟာအစည်းဝေးကြီးမှထုတ်ပြန်သော အယူဝါဒစစ်တမ်း ကထာဝတ္ထု ကျမ်းကို ထေရ၀ါဒ မထေရ်မြတ်တို့ အတည်ပြုခဲ့ကြသည်၊ ဘုရားဟောနှင့် တစ်တန်းတည်းထား ကာ ပိဋကတ်တော်တွင် ထည့်သွင်းတော်မူခဲ့ကြသည်။

အသောကမင်းတရားနှင့် သံဃာ့ခေါင်းဆောင်မထေရ်တို့သည် ဗုဒ္ဓသာသနာတော်ကို မဇ္ဈိမဒေသ၌သာမက ကိုးတိုင်းကိုးဌာနသို့တိုင် ရောက်ရှိပြန့်ပွားအောင် အယူဝါဒရေးရာကျွမ်းကျင်တော်မူသော မထေရမြတ်တို့ ကို ဦးစီးစေပြီး သာသနာပြုကြွစေတော်မူခဲ့သည်၊ ဆရာဒကာလက်တွဲညီညွတ်ခဲ့မှုကြောင့် အရှေ့တောင် အာရှ၊ တောင်အာရှ၊ အနောက်အာရှနှင့် ဥရောပ တိုက်ဒေသတစ်ချို့အထိ ပျံ့နှံ့ရောက်ရှိခဲ့သည်၊

ဗုဒ္ဓသာသနာတော်သည် မဇ္ဈိမဒေသတွင် ကြာရှည်စွာတည်နိုင် လိမ့်မည်ဖြစ်ကြောင်းကိုလည်း အခြေအနေ အရပ်ရပ်အရ သိရှိပြီးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဆိုပါအခြေအနေများကြောင့် ကမ္ဘာအရပ်ရပ်သို့ သာသနာပြုစေလွှတ်ခဲ့ခြင်းလည်းဖြစ်ပုံရသည်၊ ခရစ်နှစ် ၁၂၀၀ ကျော်တွင် ဗုဒ္ဓသာသနာတော်သည် စတင် ပေါ်ထွန်းရာ မွေးရပ်မြေမှ ပျောက်ကွယ်ခဲ့ရသည်၊ မြတ်ဗုဒ္ဓ သာသနာတော်ရှိသည်ပင်ဆိုစေ ဦးတော့၊ ဗြဟ္မဏ၀ါဒ လွှမ်းမိုးမှုအောက်တွင်ပေါ်ပေါ်ထင်ထင် မရှိတော့ပေ။

မြတ်ဗုဒ္ဓတရားတော် အစစ်အမှန်တို့သည် မွေရပ်မြေမှတစ်ပါး အခြားနေရာများတွင် ရှင်သန်ဖြစ် ထွန်းနေသည်၊ မြတ်ဘုရား၏တရား အဆုံးအမတို့ ခိုင်မြဲစွာတည်ရှိနေသော ဗုဒ္ဓဘာသာနိုင်ငံတို့တွင် သီဟိုဠ်နှင့်မြန်မာ တို့သည် ရှေ့တန်းမှပါဝင်နေကြသည်၊ မဇ္ဈိမဒေသသို့ဗုဒ္ဓသာသနာပြန်လည်ပြန့်ပွာရေး အတွက် အားကြိုး မာန်တက် ဆောင်ရွက်ခဲ့ကြ သည်မှာလည်း သီဟိုဠ်နှင့်မြန်မာတို့သာဖြစ်ကြသည်၊


သီဟိုဠ်သားကြီး အနာဂါရိကဓမ္မပါလ၏ဆောင်ရွက်မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ မဟာဗောဓိစေတီ တော်နှင့် ထင်ရှားသော ဗုဒ္ဓ၀င်ဆိုင်ရာ မြေမြတ်မဟာတို့ကို သတ်သတ်မှတ်မှတ် ထားကာ အမြတ်တနိုးပူဇော် ခွင့်ရခဲ့ကြသည်။ အနာဂါရိကကြီးသည် ဗုဒ္ဓဘာသာနိုင်ငံများကိုသာမက ကမ္ဘာအရပ်ရပ်သို့ ခရီးထွက်ပြီး သာသနာတော်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်၊

စိတ်တ်ဓာတ်စွမ်းရည်မြင့်မားကြီးမြတ်သော အနာဂါရိက သူတော်စင်ကြီးသည် သေဆုံးခါနီးအထိတိုင်အောင် ပင် သာသနာတော်အတွက် အားထုတ်ကြိုးပမ်း ခဲ့သည်၊ ဒီဘ၀တွင်သာမက နောင်ဘ၀များတွင်လည်း ဗုဒ္ဓသာသနာ တော်စည်ပင်ပြန့်ပွာရေး အတွက် ကြိုးပမ်းရပါလိုကြောင်း ဆုတောင်းသွားခဲ့သေးသည်၊ သူ၏ ဆောင်ရွက်များ ကြောင့် မဟာဗောဓိစေတီတော်နှင့် ထင်ရှားသော ဗုဒ္ဓ၀င်ဆိုင်ရာ မဟာမြေမြတ်တို့သည် ကမ္ဘာအရပ်ရပ်ရှိ ထေရ၀ါဒရော၊ မဟာယာနပါ ညီညွတ်စုဝေးရာ မဟာဌာနကြီး အဖြစ်ဝင့်ထည်စွာ တည်ရှိနေခြင်းဖြစ်ပါသည်။

လယ်တီဆရာတော်ဘုရားကြီး နည်းနည်နိဿယဖြင့် ထင်ရှာသော ကမ္မဌာန်းနည်းပြဆရာကြီး ဦးဘခင်၏ တပည့် ကုန်သည်သူဌေးဘ၀မှ ကမ္ဘာကျော်ဝိပဿနာ နည်းပြဆရာကြီးဖြစ်လာသူ ဂုရုဂိုအင်ဂါ သည် မြန်မာနိုင်ငံ မန္တလေးမြို့ တွင်မွေးဖွားခဲ့ သူ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သည်၊ ဆရာကြီးသည် မိမိမွေးဖွားရာ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ပြန်သောအခါ အဖိုးတန်ဆုံး ၀ိပဿနာနည်းပညာကို ယူသွားနိုင်ခဲ့သည်၊
ဆရာကြီး၏ ဦးဆောင်မှုဖြင့် ကမ္ဘာအရပ်ရပ်တွင် ကမ္မဌာန်းရိပ်သာများတည်ထောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ကို ဆောင်ရွက်နေသည်။ သူသည် မြန်မာ့ငြိမ်းချမ်းရေးလမ်းစဉ်ကို ကမ္ဘာပေါ်ရှိလူပေါင်းများစွာတို့အား ထိတွေ့ ခံစားစေနိုင်ခဲ့သည်၊ 
ယခုအချိန်တွင် မွန်းဘိုင်းမြို့၌မြန်မာတို့ နှလုံးသည်ပွတ် ရွှေတိဂုံပုံတူစေတီ တော်မြတ် ကြီးကို ကမ္ဘာ့ငြိမ်း ချမ်းရေး အထိမ်း အမှတ်အဖြစ် တည်ထားကိုးကွယ်နိုင်ခဲ့သည်၊

စေတီ တော်မြတ်ကြီးသည် ငြိမ်းချမ်းရေးကိုလားသောယောဂီသူတော်စင်သောင်းချီကာ တရားအားထုတ်နိုင် သည့် ဆဋ္ဌမမြောက် အကြီးဆုံးဒေါက်ခံဆောက်လုပ်ထားသော ဂူပုံစံဖြစ်သည်၊ ဂုရုကြီးသည် ဗုဒ္ဓ သာသနာ တော်ကို မူရင်းအတိုင်း ထိမ်းသိမ်းပေးသော မြန်မာနိုင်ငံကျေးဇူး၊ ဆရာကြီး ဦးဘခင်တို့ ၏ကျေဇူးကိုပြန်လည် ပေးဆပ် သောအားဖြင့် ရွှေတိဂုံပုံတူစေတီတော်နှင့် စေတီတော်ကြီး၏အနီးတွင် ဦးဘခင်ရွာကို တည်ထား ခဲ့သည်။



အိန္ဒိယနိုင်ငံမှ ဗုဒ္ဓသာသနာတော်သည် အသောကမင်းလက်ထက်တွင် သီဟိုဠ်နှင့်မြန်မာနိုင်ငံသို့ စည်စည် ပင်ပင်ရောက်ရှိပြန့်ပွားခဲ့သည်၊ ယခုအချိန်တွင် သီဟိုဠ်သား ရဟန်းတော် များနှင့် မြန်မာနိုင်ငံသား ရဟန်း တော်တို့၏ ဆောင်ရွက်မှုကြောင့် အိန္ဒိယသည် အချိန်ကြာမြင့်စွာပျောက်ကွယ်နေသော အဖိုး မဖြတ်နိုင်သည့် ဗုဒ္ဓသာသနာတော်ကို မူရင်းမပျက်ပြန်လည်ရရှိခဲ့သည်၊

သီဟိုဠ်နှင့်မြန်မာတို့သည်လည်း ကြာမြင့်စွာကွဲကွာနေ သော ဓမ္မဆွေတော် မျိုးတော်တို့ထံ ဗုဒ္ဓ သာသနာ တော်ကို ပြန်လည်ပေးဆပ်ခွင့်ရသဖြင့် အတိုင်းမသိဝမ်း မြောက်ကြည်နူးကြရသည်၊ အိန္ဒိယပြည် တွင်းမှ ဗုဒ္ဓဘာသာလိုလားသော ပုဂ္ဂိုလ်များနှင့် လက်တွဲပြီး ဗုဒ္ဓအဆုံး အမများ ပြန်လည်ထွန်းကားအောင် လုပ်ဆောင် နိုင်ခဲ့ကြသည်တို့ကို ပြန်လည်ဖော်ပြလိုသည်။





No comments:

Post a Comment