Pages

Monday, December 26, 2011

သာသနာ့ သူရဲကောင်း ( ၂ )




မဟာရဋ္ဌ ( ယခင်၊ ဒက္ခိဏပထ) ပြည်နယ်သည် ဗုဒ္ဓဘုရားရှင်လက်ထက်တော်ကတည်းကပင် ထင်ရှားခဲ့သည်၊ မဟာရဋ္ဌပြည်နယ်သည် ဗုဒ္ဓသာသနာတော်နှင့် ပတ်သက်ပြီး ရှည်လျားသော သမိုင်းရှိသည်၊ အဆိုပါဒေသသည် စီးပွားရေး၊ ဘာသာရေး ကသောင်း ကနင်းဖြစ်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်၊ ဗုဒ္ဓဘာသာ သည် အခြေအနေ အရပ်ရပ်ကြောင့် ယင်းဒေသမှ ပျောက်ကွယ်ခဲ့ရသည့်တိုင် သမိုင်းဆိုင်ရာ အထောက် အထားများက ဗုဒ္ဓ သာသနာထွန်းလင်းခဲ့ပုံကို ဖော်ပြနေဆဲဖြစ်သည်၊

ဗုဒ္ဓသာသနာတော်သည် ဘုရားရှင်လက်ထက်တော်က တည်းကပင် ရဟန္တာမထေရ်မြတ် တစ်ပါး ၏ ကျေးဇူးကြောင့် ဤဒေသသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်၊ ဘုရားရှင် လက်ထက်တော်ကတည်းကပင် ဗာဝရီရသေ့ ကြီးသည် ဗြဟ္မဏဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘုရားရှင်၏ တပည့်ဖြစ်လာကာ နောက်လိုက် ရသေ့ ပေါင်းများစွာနှင့် အတူ ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့သည်၊ ထို့နောက် မိမိဒေသ ဒက္ခိဏပထ သို့ ပြန်လည်ကြွသွားခဲ့သည်၊

နောင်သောအခါ ဘုရားရှင်ကိုယ်တော်တိုင် ဒက္ခိဏပထသို့ ကြွတော်မူသည်၊ ထိုအချိန်တွင် ဗာဝရီရသေ့ ကြီးသည် အသက်တစ်ရာ့နှစ်ဆယ် ရှိနေပြီး ဘုရားရှင် အားမိမိအရဟတ္တဖိုလ်ဆိုက်ရောက်ခဲ့ ပုံကို လျှောက် ထား ကြောင်း သုတ္တနိပါတ်တွင်ဖော်ပြထားသည်၊

အဆိုပါ ဒေသမှ အခြားထင်ရှားသော မထေရ်မြတ်တစ်ပါး အကြောင်းကိုလည်း တွေ့ရပြန်သည်၊ ထိုမထေရ် မှာ ပုဏ်ဏ မထေရ်ဖြစ်သည်၊ မထေရ်မြတ်တွင် တပည့်ထေရာ၊ ထေရီပေါင်း များစွာ ရှိကြောင်း ဖော်ပြထား သည်၊ မထေရ်မြတ်သည် မိမိနေထိုင်ရာဒေသသို့ ဘုရားရှင်အားကြွရောက်စေတော်မူပြီးစန္ဒကူးကျာင်း
ဆောက် လုပ်လှူဒါန်းကြောင်းကိုလည်း တွေ့ရသည်၊

ဘုရားရှင် စန္ဒကူးကျောင်းတော်တွင် တစ်ညတာ ကျိန်းစက် တော်မူခဲ့ကြောင်း သိရသည်၊ အာရုဏ်မတက်မီ မဇ္ဈိမဒေသသို့ ပြန်လည်ကြွရောက်တော်မူသည်၊ အပြန်ခရီးနမ္မဒါမြစ်နားသို့ရောက်လတ်သော် နမ္မဒါန ဂါးမင်း၏ ပူဇော်မှုကိုခံယူကြောင်းကိုလည်းတွေ့ရပြန်သည်၊ 

ဆိုပါဒေသသည် ဘုရားရှင်လက်ထက်တော်ကတည်းကပင် တပည့်သာဝက ပေါင်းများစွာတို့ သာသနာပြု ဆောင်ရွက်နေကြပြီဖြစ်သည်၊ သို့ရာတွင် အမျိုးဇာတ်ဝါဒ ပြန်လည်ခေါင်းထောင်လာသော အခါ ဗုဒ္ဓသာသနာ တော်မှာ ဆုတ်ယုတ်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲကျင်းပသောအခါ မဟာရဋ္ဌဒေသမှ ဇာတိနိမ့်များခေါင်းဆောင် အမ်ဘေဒကာသည် မဟာရဋ္ဌဒေသ အခြေအနေတို့ကို တင်ပြသည်၊ သင်္ဂါယနာ အစည်းအဝေးကြီးက လက်ခံ သောအခါ မိမိဒေသ မဟာရဋ္ဌတွင် မဟာဝိဟာရကျောင်း တိုက်ကို ဆောင်လုပ် လှူဒါန်း ခဲ့သည်၊ ကျောင်းတော်ကို မြန်မာနိုင်ငံနှင့် ပူပေါင်းဆောင်ရွက်သော အထိမ်းအမှတ် အဖြစ်ထား ရှိသည်၊

မြန်မာနိုင်ငံမှပင် ဗုဒ္ဓဆင်းတုတော်တစ်ဆူ ပင့်ဆောင်ပြီး ပူဇော်ထားရှိသည်၊ မဟာရဋ္ဌဒေသ ဗုဒ္ဓသာသနာ တော်ပြန့်ပွားရေးတွင် မြန်မာနိုင်ငံသည် ရှေ့တန်းက ပါဝင်ခဲ့သည်၊ ဒေါက်တာ အမ်ဘေဒကာ သည်လည်း မြန်မာနိုင်ငံသား စန္ဒြမုနိမထေရ်မြတ်ထံမှ ငါးပါးသီလ ဆောက်တည်ကာ ဗုဒ္ဓဘာသာ ၀င်ဖြစ်လာခဲ့သည်၊ လူပေါင်းများစွာကိုလည်း ဗုဒ္ဓအဆုံးအမများကို ယုံကြည့်သက်ဝင်စေခဲ့သည်၊ ထိုစဉ်ကပင် လူပေါင်းသိန်းချီပြီး ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်လာခဲ့ကြသည်၊ ယနေ့အချိန်တွင် အမ်ဘေဒကာကို သူတော်စင် အလောင်း တော်ကြီးအဖြစ် မှတ်ယူထားကြသည်၊

မဟာရဋ္ဌဒေသ ဗုဒ္ဓဘာသာတိုးတက်ရေးအတွက် အာတက်ဖွယ်ရာ နောက်ထပ်အချက်တစ်ခုမှာ မြန်မာနိုင်ငံ ဖွားဖြစ်သူ ဂိုအင်ဂါသည် အီဂတ်ပူရီ၌ ကမ္မဋ္ဌာန်းရိပ် သာထူထောင်ကာ ဗုဒ္ဓဘာသာဝင်များ အတွက်သာမက အခြားဘာသာဝင်များကိုပါ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး လမ်းစဉ်တရားတော်များ ကို ဟောပြောပို့ ချပေးနေ သည်၊



သီဟိုဠ်ကျွန်းသို့ ကြွရောက်တော်မူလာသော သီတဂူဆရာတော်ဘုရားကြီးသည် သူကိုယ်တိုင် အိန္ဒိယနိုင်ငံမှ စာသင်သားများနှင့် တွေ့ဆုံအားပေးပြီး သီဟိုဠ်ကျွန်းသို့ ကြွရောက်တော်မူလာကြောင်း၊ အိန္ဒိယနိုင်ငံ တွင် မြန်မာနိုင်ငံစာသင်သား လေးရာကျော်ရှိကြောင်း၊ သိဟိုဠ်ကျွန်းတွင် သုံးရာနီးပါးရှိကြောင်း၊ ထို့အပြင် အခြားနိုင်ငံများတွင် ကျောင်းတက်နေသော မြန်မာ ရဟန်းတော်များနှင့်ပေါင်းလိုက်လျှင် အနာဂတ် တွင် ခေတ်ပညာတတ်မြန်မာရဟန်းတော် တစ်ထောင်နီးပါးရှိကြောင်း မိန့်ကြားသည်၊

ခေတ်ပညာဆက်လက် ပြန့်ပွားအောင် ဆောင်ရွက်ရုံမျှမက တောင်တန်းဒေသများတွင်လည်း ခေတ်ပညာ
တတ် ရဟန်းတော်များ လိုအပ်နေသေးကြောင်း၊ ကမ္ဘာ အရပ်ရပ်တွင် ထိုးဖောက် သာသနာပြုနိုင်ဖို့ လည်းလိုအပ်နေသေး ကြောင်း သြ၀ါဒ အဖြစ်မိန့်ကြားတော်မူပါသည်။

အမိမြေရှိပြည် သူများကို ဗုဒ္ဓတရားတော်ဖြင့် ပြည်လည်ကျေးဇူးဆပ်ခွင့်၊ ဘုရားရှင်ပွင့် ထွန်းတော်မူ ရာ မြေမြတ် မဟာတွင်လည်း တတ်နိုင်သလောက် ကျေးဇူးဆပ်ခွင့် အတူ ကမ္ဘာပေါ်ရှိ လူသားအားလုံး အတွက် မြတ်ဗုဒ္ဓ၏ အနှိုင်းမဲ့ အဆုံးအမများကို ဆက်လက်ဖြန့်ဖြူးဖို့လိုအပ်နေသေးကြောင်း သိရပြန်သဖြင့် ထိုကွက်လပ်များသည် ခေတ်ပညာတတ် မြန်မာစာသင်သား ရဟန်းတော်များ အတွက် ဖြည့်ဆည်းစရာ ကွက်လပ်များ အဖြစ်ရှုမြင်မိပါ ကြောင်း….။

မှတ်ချက်၊ အထက်ပါ ဆောင်းပါးသည် သီရိလင်္ကာနိုင်ငံ၊ "လင်္ကာတမန်မဂ္ဂဇင်း" ဒုတိယ အကြိမ်ထုတ်တွင် လိုအပ်နေသေးသော ကွက်လပ်များ အမည်ဖြင့် ရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။

No comments:

Post a Comment