Pages

Thursday, August 15, 2013

ဇယာ ဟေး






ခင်ဗျား၊ ဗုဒ္ဓကိုကောင်းကောင်းသိမယ်နော်။
အိမ်ဘေးက လူကိုမေးကြည့်ဖူးသည်။

အာ..၊ ကျနော်ကောင်းကောင်းသိတာပေါ့ဗျာ။
ကျနော်တို့ ဆီမှာ သီချင်းတစ်ပုဒ်ရှိတယ်။

ဗုဒ္ဓရယ်၊ သခင်ယေရှုရယ် ပြီးတော့ မဟတ္တမဂန္ဓီဂျီတို့ကို ဖွဲ့ဆိုထားတဲ့ သီချင်းပေါ့။
ဗုဒ္ဓက နံပတ်တစ်မှာ ရှိတယ်လေ။
ကျနော် ဟိန္ဒူဘာသာဝင်တစ်ယောက်ပါ။

ဒါပေမယ့် ဗုဒ္ဓလမ်းညွှန်ချက်တွေကို ငယ်ငယ်ကတည်းက သိပါတယ်။
ပြီးတော့ လူတိုင်းက ဗုဒ္ဓကိုကြိုက်နှစ်သက်ကြပါတယ်။
ဗုဒ္ဓက မေတ္တာတရားကို လက်ကိုင်ထားတယ်။ ညီညွတ်ရေးကို ပုံဖော်ပါတယ်။
ဒါက သူသိတဲ့ ဗုဒ္ဓဖြစ်သည်။

မှန်တာပေါ့ဗျာ။ အိန္ဒိယနိုင်ငံ ရွှေရောင်ခေတ်တွေကို ပိုင်ဆိုင်ထားတာ ဗုဒ္ဓဘာသာ လွှမ်မိုးတဲ့ အချိန်တွေလို့ Heritage of Buddhism မှ ကျနော်ဖတ်ဖူးပါတယ်။

အဲဒီမှာ အခန်းတစ်ခန်းက 1000 years of Glory ဆိုပြီး အိန္ဒိယနိုင်ငံသားကြီး D.C.Ahir ကရေးထား ပါတယ်။

“Those 1000 years were in many ways the grandest in our history. The name and fame of India rose to highest peaks in those centuries, and the the realm of art and literature, learning and piety, Indian achievement reached highest still unsurpassed”.

ပြီးတော့ ခင်များတို့ အိန္ဒိယနိုင်ငံရဲ့ အလံတော်မှာ မြတ်ဗုဒ္ဓရဲ့ အမှတ်တံဆိပ် ဓမ္မစက္ကကို ပုံဖော်ထား တယ်လေ။

အော်..၊ ဟုတ်လား၊ ကျနော်သိထားတာက အဲဒီစက်ဝိုင်းကြီးကို အသောကစကြ ( Asoka Cakra) လို့သိတာပါ။

ဟုတ်ပါတယ်။ အသောကမင်းကြီးရဲ့ ဗုဒ္ဓအပေါ်မြတ်နိုးမှုနဲ့ ငြိမ်းချမ်းခြင်းပုံရိပ်တို့ကို မြတ်နိုးနားလည်တဲ့၊ အမ်ဘေဒကာက ပုံဖော်ခဲ့တာပေါ့ဗျာ။
ဗုဒ္ဓဘာသာခေါင်းဆောင်ကြီး အမ်ဘေဒကာကို ခင်များပြောတာလား။
သူက မေးသည်။

ဟုတ်ပါတယ်။
ရဲရဲဝံ့ဝံ့ပြန်ဖြေလိုက်သည်။
............................

နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ရေး အောင်ပွဲကို အိန္ဒိယနိုင်ငံတွင် ပထမဆုံးတက်ရောက်ရသည်။
မဂဓတက္ကသိုလ်တွင် M.A တက်ရောက်စဉ်အဆောင် ( ၃) အပေါ်ထပ်တွင်ဖြစ်သည်။
အမွှေးနံ့တို့ကြိုင်လှိုင်နေသည်။ အဆောင်မှူးနှင့် အုပ်ချုပ်ရေးအရာရှိကြီးတို့သည်
တိုင်ထိပ်တွင် ရစ်ချည်ထားသော အလံတော်ကို ဆွဲဖွင့်လိုက်သောအခါ ..
Jana gana mana သီချင်းကို သံပြိုင်ဆိုကြသည်။

မြန်မာကျောင်းသားရဟန်းတော်များသည်လည်း သံပြိုင်ပင် အလွယ်ဆုံးအပိုဒ်ဖြစ်သော..
Jaya he Jaya he Jaya he..
ဇယာ ဟေး ဇယာ ဟေး ဇယာ ဟေး
ကိုရွတ်ဆိုကြသည်။
အဓိပ္ပာယ်မှာ
အောင်မြင်ပါစေ..
အောင်မြင်ပါစေ..
အောင်မြင်ပါစေ..

လေတွင် လွန့်လူးနေသော အလံတော်တွင် ပါရှိသည့် မြတ်ဗုဒ္ဓ၏ ဓမ္မစင်္ကြာ အ၀န်းသည် တဖျတ်ဖျတ် 
လူးလွန့်လျက် တက်ရောက်လာသူ အားလုံးကို ဦးညွတ်စေသည်။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။
........................

အိန္ဒိယနိုင်ငံ၏ သြဂုတ်လ ၁၅ရက်၊ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရေးဖွဲ့ပါသည်။

No comments:

Post a Comment