Pages

Friday, August 16, 2013

အဲ ယောင်သွားလို့

 
ရှေးအခါတုန်းက သာသနာ့ဘောင်တွင် အနှစ်အတော်ကြာနေပြီးမှ လူဝတ်လဲလိုက်သော လူပြန်တော်ကြီးတစ်ဦး ရွာစဉ် လှည့်ပြီး ဆီရောင်းရသည်။

ဆီဗျို့၊ ဆီ၊ ဒီဘက်အိမ်ကများ ကပ္ပိကြဦးမလားဗျာ...

ဘုန်းကြီး အပြောမျိုးဖြင့် အော်ရောင်းနေသော ထိုလူကြီးကို အနီးရှိ အိမ်ရှင်မ တစ်ဦးက...

ဟော တော် ..၊ ဘုန်းကြီးလူထွက်ကြီးထင်တယ်..

ထိုစကားကိုကြားလိုက်ရသော လူပြန်တော်ကြီးသည်.

အဲ..အဲ ၊ ယောင်သွားလို့ ဒကာမကြီးရေ..။
 

No comments:

Post a Comment