Pages

Wednesday, May 2, 2012

တောင်းဆုပြည့်စေ








နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားငယ်များ ဘုန်းကြီးကျောင်းတွင် လာရောက်ကာကိုရင်ပြီး ယဉ်ကျေးမှု သင်ယူကြသည်မှာ မြန်မာ့ဓလေ့တစ်ခုဖြစ်သည်၊


ဒီနှစ်ထူးထူးခြားခြားသုံးနှစ်သားလေးတစ်ပါးပါလေသည်၊ ဆရာတော်ကြီးဆွမ်းမစားခင်ကိုရင်ကြီးများ
နှင့် အတူ ဆွမ်းတော်အတင်းခိုင်းလေသည်၊ ကိုရင်ကြီးများ ရှေ့ကနေ တစ်ဆင့်ရွတ်ဆိုပြကြရသည်၊
ဘုရားရှင်အား ပူဇော်ဖွယ် အသီးသီးဖြင့် ပူဇော်ကြ၏၊ ဆွမ်း၊ ပန်း၊ သစ်သီးဆွမ်းစသည်များအပြင်

ယနေ့ ထူးထူးခြားခြား ကန်ဇွန်းဥများ ပါလေသည်၊ ဆွမ်းတော်တင် အပြီးတွင် သုံးနှစ်သား ကိုရင်လေး ကျောင်းနေ.. ပျော်စေရန် ဆရာတော်ကြီးက ဖော်ဖော်ရွေရွေ အနေမျိုးဖြင့်..

ဟဲ့…ကိုရင်လေး..ဘုရားရှိခိုးနဲ့ဆွမ်းတော်တင်လိုက်ဆိုနိုင်ရဲ့လား..
ဟုတ်..
အဲ..ဟုတ်လို့ မပြောရဘူး၊ မှန်ပါလို့ပြောနော်ကိုရင်..
ဟုတ်ပါ..။

ကိုရင်တော့ ခက်ပြီ..
ဘုရားရှိခိုး၊ ဆွမ်းတော်တင်ပြီးရင် ဆုတောင်းရသေးတယ်..၊
ကိုရင်လေး ဆုတောင်းဦး…

ကိုရင်လေးသည် လက်အုပ်ချီကာ မဆိုင်းမတွပင်..
ကန်ဇွန်းဥနည်းနည်ပေးပါဘုရား..၊

ဟေ….
ဒီကိုရင်နဲ့တော့ ခက်ပေါ့..၊

ဆရာတော်ကြီးပြုံးသည်။

"ကပ္ပိယကြီး ကိုရင်လေးကို ကျက်သရေခန်းထဲက ကန်ဇွန်းဥနည်းနည်းယူပေးလိုက်စမ်း.."

ထိုနေ့မှစ၍ ထိုကိုရင်လေးကို ဆုတောင်းပြည့် ကိုယ်တော်လေးဟုခေါ်ကြသည်။

No comments:

Post a Comment