Pages

Thursday, October 27, 2011

တွေးရခက်ကြီး

တိပိဋကများ၏ဖခင် မင်းကွန်းဆရာတော်ကြီးသည် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများတွင် ကျမ်းရိုး သက်သက်ကိုသာမက ခေတ်ပညာ ပါသင်ပေးနိုင်သော သာသနာ့တက္ကသိုလ်ကြီးများကို တည်ထောင် တော် မူခဲ့သည်၊ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့၊ နန်းရှေ့၊ ၆၂ လမ်းနှင့် ၁၂လမ်းထောင့်တွင် သာသနာ့တက္က သိုလ်ကြီးတစ်ခုရှိသည်၊

မန်း သာသနာ့တက္ကသိုလ်ကြီးသည် နန်းဦးတွင်တည်ရှိသည်၊ မင်းတုန်းမင်းတရားကြီးကောင်းမှုတော် အတုလဝေယံ ကျောင်းတော်နှင့် မျက်နှာချင်းဆိုင်တွင် ခန့်ထည်စွာတည်ရှိသည်၊ ပဉ္စမသင်္ဂါ ယနာတင်တော်မူရာ ကုသိုလ် တော်ဘုရားနှင့် မျက်စောင်းထိုးလေးတွင်ရှိသည်၊ ရတနာပုံရွှေမြို့တော်ကြီးကို မင်းတုန်းမင်း ဖန်ဆင်းတည် ထောင်စဉ်က နန်းဦးရပ်တွင် ကျောင်းတိုက်ပေါင်း တစ်ဆယ့်ရှစ်တိုက် ဆောက် လုပ်လှူဒါန်းတော်မူသည်၊

နန်းဦးရွှေကျောင်းအပါအ၀င် မှန်ကျောင်းစသည်တို့ဖြစ်သည်၊ မန်း သာသနာ့တက္ကသိုလ်ကြီးသည် ယခင် မင်းတုန်းမင်းကြီး ကောင်းမှုတော်ဖြစ်သော မှန်ကျောင်းနေရာတွင် တည်ထားသော ကျောင်းတော် ကြီးဖြစ် သည်၊ အဆောင်ပေါင်း ၂၂ ဆောင်ရှိသည်၊ ဘွဲ့နှင်းဆောင်၊ မော်ကွန်းထိန်းဆောင်၊ ပါမောက္ခချုပ်ဆောင်၊ ဌာန မှူးဆောင်၊ နာယကဆောင်စသည်ဖြင့် ခန့်ညားလှသည်၊

သင်ကြားရေးနှင့်ပတ်သက်ပြီး မဟာဌာနကြီး ခုနှစ်ဌာနရှိသည်၊
၁၊ ၀ိနယပိဋက မဟာဌာန၊
၂၊ သုတ္တန္တပိဋကမဟာဌာန၊
၃၊ အဘိဓမ္မပိဋကမဟာဌာန၊
၎၊ပါဠိဌာန၊
၅၊ မြန်မာစာဌာန၊
၆၊ အင်္ဂလိပ်စာဌာန၊
၇၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာန
တို့ဖြစ်သည်၊

စာသင်သားရဟန်းတော်များအကြားတွင် ‘၀ိ၊ သု၊ ဘိ၊ ပါ၊ မြန်၊ လိပ်စာ၊ ဒေသနာ ပြန့်ပွားရေး’ဟု အတိုကောက် ခေါ်ဆိုကြသည်၊ အခြားသော ဌာနဆိုင်ရာများလဲ ရှိသေးသည်၊

စနစ်တကျသင်ကြား၊ သင်ယူနေသော မန်း သာသနာ့တက္ကသိုလ်ကြီးသို့ မြန်မာနိုင်ငံဖွားတိုင်းရင်းသားများ လဲတက် ရောက်သင်ယူကြသည်၊ လေးနှစ်တာသင်ယူမှုပြီးလျှင် ‘သာသနတက္ကသီလဓမ္မာစရိယ’ဘွဲ့အတွက် ကျမ်းစာတစ် ဆောင်တင်ရသည်၊  သုတေသန သဘောကို လက်တွေ့ပြုလုပ်စေခြင်းဖြစ်သည်၊ ဝေဖန်ချက်၊ သုံးသပ်ချက်တို့ ကို သုတေသနကျကျတင်ပြခွင့်ရှိသည်၊

တစ်ခါကမြန်မာစာပေဌာနတွင်ဖြစ်သည်၊ တိုင်းရင်းသားရဟန်းတော်တစ်ပါး ‘သာသနတက္ကသီလဓမ္မာစရိယ’ ဘွဲ့အတွက် ကျမ်းစာတင်ရသည်၊ သူကျမ်းတွင် ရဟန်းတော်တစ်ပါး အကြောင်း တင်ပြထားသည်ကို တွေ့ ရသည်၊

‘မယားဟောင်းဖြစ်သူသည် သင်းပိုင်ကို လှန်ကြည့်ရာ ငါ၏ ယောင်္ကျားတည်းဟု သိ၍’ ရေး သား ထားလေသည်၊

ကျမ်းစစ်ဆရာတော်မှ ‘ငါ့ရှင်ဒီနေရာမှာ စာသဘောက သင်းပိုင် မဖြစ်နိုင်ဘူးထင်တယ်’စသည် ထောက်ပြ
လေသည်၊

ဤတွင် ကျမ်းစာရှင်တိုင်းရင်းသားကြီးက ‘ မှန်ပါ၊ တပည့်တော် အထောက်အထား ရှာတော့ဇာတ်တော် တစ်ခုကို မြန်မာလို ရေးထားတာတွေ့ရပါတယ်ဘုရား၊ အဲမှာရေးထားတာက မယာဟောင်းက ဆွမ်းခံကြွ လာသော မိမိယောင်္ကျားဟောင်းကို ‘တင်းတိမ် ‘လှန်ကြည့်ရာ ငါ၏ယောင်္ကျားတည်း ဟုသိ၍ လို့ပါ ပါ တယ်ဘုရား၊ စဉ်းစားကြည့်တော့ တင်းတိမ် မဖြစ်နိုင်လောက်ဘူးဘုရား၊ သင်းပိုင်သာဖြစ်နိုင် တယ်ဆိုပြီး သုတေသန သဘော အရပြင်လိုက်တာပါဘုရား’

‘လွဲလိုက်ပါဘိ ကိုယ်တော် 'သင်းပိုင်' လှန်ကြည့်လို့ ယောင်္ကျားမှန်သိတာ မဟုတ်ဘူးဗျ၊ တင်းတိမ်ဆိုတာ တပည့်တော်တို့ အခု ‘ကန့်လန့်ကာ ‘ကို ပြောတာဘုရား၊ ကဲပြင်လိုက်၊

မြန်မာစကားကို လိမ့်ပတ်မလည်သေးသဖြင့် ရေးလိုက်သော သုတေသနသဘောသည်  အတွေးရခက် ကြီးဖြစ်ခဲ့ ရဖူးပါသည်၊ 
 ..................
မန်း သာသနာ့တတ္ကသိုလ်တွင်….။

No comments:

Post a Comment