မန္တလေးမြို့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် ပါဠိဌာနဟုရှိသည်၊ အထောက် အကူပြု ဘာသာရပ်ဟုဆိုသော်လဲ အဓိကဘာသာရပ်ကြီးများဖြစ်သော ၀ိနယပိဋက မဟာဌာန၊ သုတ္တန္တပိဋက မဟာဌာန၊ အဘိဓမ္မပိဋက မဟာဌာနတို့ကဲ့သို့ အထူးပြု လေ့လာရသောဌာနတစ်ခုပင်ဖြစ်ပါသည်၊
တက္ကသိုလ်ကျောင်းသား စာသင်သား ရဟန်းတော်များသည် ဘာသာရပ်ခုနှစ်ခုရှိသည်ဆိုသော်ငြားလဲ ၀ိနယပိဋက မဟာဌာနနှင့် ပါဠိဌာနသည် ပြောစမှတ်ပြုရလောက်အောင်ခက်ခဲသော ဌာနများဖြစ်ပါသည်၊ ထိုမဟာဌာန မဟုတ်ပါပဲလျှက် ခက်ခဲသော ပါဠိဌာနများတွင် ယခုလက်ရှိ တာဝန်ယူသင်ကြားပေးနေသော ဌာနမှူးမှာ မြန်မာနိုင်ငံ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ ပထမဆုံး အောင်မြင်သော မြန်မာဒေါက်တာဘွဲ့ရ ဆရာတော်များဖြစ်ပါသည်၊
သာသနတက္ကသီလ ဓမ္မပါရဂူ ( Ph.D) ဟုခေါ်တွင်သည်၊
သာသနတက္ကသီလ ဓမ္မပါရဂူ ( Ph.D) ဟုခေါ်တွင်သည်၊
ဆိုပါ ပါဠိဌာနတွင် ပါဠိဘာသာကို သာမက ဟင်ဒီ( Hindi) သက္ကတ ( Sanskrit) နှင့် အတူ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ရှေးဟောင်းသဒ္ဒါကျမ်းများကို လေ့လာရပြန်သည်၊
ဥပမာ သဒ္ဒနီတိကျမ်း- မြန်မာရဟန်းတော် စီရင်ရေးသားပြီး နိုင်ငံခြားသို့ တင်ပြစစ်ဆေးခံထားသောကျမ်း ကိုလဲ အရိပ် အမြွက် သင်ယူရသည်၊ ကစ္စည်း သဒ္ဒါကျမ်း၊ မောဂ္ဂလာန် သဒ္ဒါကျမ်းတို့ အပြင် ဗာလ၀တာရကျမ်း စသည်တို့က်ုလဲသင်ယူရသည်၊
ထူးခြားချက်မှာ ဆိုပါ ဘာသာရပ်များကို ရေးနေကျမြန်မာ အက္ခရာများမသုံးပဲ Roman ရေးသားနည်း၊ ဒေ၀နာဂရီခေါ်သော အိန္ဒိယနိုင်ငံသုံး အက္ခရာများနှင့် ရေးသားရခြင်းသည် အခက်အခဲ တစ်ခုဖြစ်သည်၊ ဖြေဆိုရသော အခါတွင်လဲ ဆိုပါ အက္ခရာများကို သုံးပြီးဖြေဆိုရခြင်းဖြစ်သည်၊ ထိုသို့လော့လာလိုက်သဖြင့်-
ပါဠိပုဒ်ကို သိရသလို၊ သက္ကတပုဒ်ကိုလဲ သိရသည်၊ နောက် ဆိုပါ ဘာသာရပ်နှစ်ခုကို နှိုင်းယှဉ်ပြီးလေ့လာရပြန်သည်၊
ဥပမာ အိန္ဒိယနိုင်ငံတွင် ထင်ရှားသော အမျိုးလေးပါးတို့ကို လေ့လာရာတွင် သူတို့ အဆိုအရ လူတန်းစားတွင် ပထမဆုံးဖြစ်သော Brahma ( ဗြာဟ္မာ) အသံထွက်ရာတွင် ဆိုနေကျ အသံမျိုးဖြစ်သော ဗြန်မာဟုမဆိုရပဲ သက္ကတ အသံ( ကမ္ဘာသုံးအသံဖြင့်) ဗရဟမာဟုရွတ်ဆိုရသည်၊
ထိုကဲ့သို့ ရွတ်ဆိုရသောကြောင့် အသံအခက်အခဲရှိရာ ‘ မြန်မာအက္ခရာများကို international အသံဖြင့် ရွတ်ဆိုကြည့်ချင်ရင် ဟင်ဒီ ကုလားတစ်ယောက်ဆီ နည်းခံသင့်သည်’ဟု မြန်မာနိုင်ငံတွင် ကိုယ်ပိုင် တက္ကသိုလ်ထူထောင်ပြီး ပါဠိ၊ သက္ကတ၊ အင်္ဂလိပ်သင်ကြားပေးနေသော ပါမေက္ခချုပ် တစ်ယောက်က ပြောဖူးပါသည်၊
မြန်မာ အက္ခရာ မူရင်းသည် အိန္ဒိယတောင်ပိုင်းမှ ဖြစ်သည်၊ မြန်မာနှင့် သီရိလင်္ကာတို့ အက္ခရာများ တူကြသည်၊ ခတ္တိယ-မင်းမျိုးကို (Ksatriya) ဟုဆိုရသည်၊ ကရှတရိယဖြစ်သည်၊ ဝေဿ-ကုန်သည်မျိုးကို( vaisya) ၀အိဆယ ဟုဆိုရသည်၊ သုဒ္ဓ- ဇာတ်နိမ့်၊ ကျေးကျွန်းများကို ( Sudra) ဆူဒရ ဟုခေါ်ရသည်၊ ပါဠိနှင့် သဘောသွားတိုက်ဆိုင်ပုံကို လေ့လာရာတွင်
ခတ္တိယ၊ ksatriya၊
Ks-ကို kkhသို့ပြောင်းရသည်၊ ပါဠိတွင် အစ၌ ဗျည်းနှစ်လုံး လက်မခံသောကြောင့် k ကို ချေရသည်၊ ပယ်ထားရသည်၊ tr ကို tt သို့ပြောင်းရသည်၊ ပါဠိအသုံးအနှုံးတွင် ၀ဂ်ဗျည်း၊ အ၀ဂ်ဗျည်း ပူးနေရာတွင် ၀ဂ်ဗျည်းသို့လိုက်ပြီး ပုံစံတူပြုရသည်၊
tသည် ၀ဂ်ဗျည်းဖြစ်သည်၊ r ကား အ၀ဂ်ဗျည်းဖြစ်သည်၊
ပါဠိပုဒ် ခတ္တိယဖြစ်လာသည်၊
ထို့အတူပင် vaisya တွင်လဲ သက္ကတvaiသည် ပါဠိတွင် eသို့ပြောင်းရသည်၊ syကို ss သို့ပြောင်းရသည်၊ ပါဠိပုဒ် ဝေဿဖြစ်လာသည်၊ အလားတူပင် သုဒ္ဓ၊ sudraတွင် drသည် dd သို့ပြောင်းလိုက်သောအခါ ပါဠိပုဒ် သုဒ္ဓဖြစ်လာသည်၊
မြန်မာနိုင်ငံရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးမျာသည် ပြည်ပသို့ ထွက်ပြီး ပညာဆက်လက်သင်ယူကြမည့် မြန်မာ ရဟန်းတော်များ အတွက် မရှိ မဖြစ်လေ့လာသင်ယူရမည့် ဌာနကြီးတစ်ခုဖြစ်ပါသည်၊
ယခု စာရေးသူသည် အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်တွင် ph.dဖြေဆိုဖို့စောင့်ဆိုင်းလျှက်ရှိသည်၊ စာသင်ခန်းများသို့ မကြာခဏ ရောက်ဖူးသည်၊ ပါမေက္ခများပို့ချပေးနေသာ ဘာသာရပ်များတွင် မကြာခဏကြားနေရသည်မှာ ကမ္ဘာသုံး အသံဖြင့် ပါဠိပုဒ်များကို အသံထွက် ရွတ်ဆိုပြကြခြင်းဖြစ်သည်၊ မြန်မာရဟန်းတော်အချို့သည် အထက်ပါ နည်းစနစ်မျိုး မသင်ကြားခဲ့ရသဖြင့် အခက်အခဲ တစ်ခု ဖြစ်နေတတ်သည်၊ ဘာပြောမှန်းမသိ၊ သို့သော် ကြားဖူးသလိုလိုလဲရှိ၊ သိသလိုလိုဖြစ်နေတတ်သည်၊
ဥပမာ သက္ကတပုဒ် dharma- ပါဠိ dhamma၊ karma- ပါဠိ- ကမ္မ၊ Gautama-ပါဠိ gotama၊ yasodara-ကို မြန်မာလို အသံမထွက်ပဲ ယဆောဒရာ၊ asoka၊ ashokaကို မြန်မာလို အသောကဟု မထွက်ရပဲ အဆောက၊ အရှောက၊ ဟုပြောဆိုပို့ချခြင်းဖြစ်သည်၊
မန္တလေးမြို့၊သာသနာ့တက္ကသိုလ်ရှိ ပါဠိဌာနသည် ကျောင်းသားများ အတွက် အရေးပါ အရာရောက်သော ဌာနကြီးတစ်ခုဖြစ်သလို ပို့ချပေးသောဆရာကိုလဲ ကြောက်ရသောဌာနတစ်ခုဖြစ်သည်၊
လက်ရှိ ဌာနမှူး ဆရာတော် ဒေါက်တာ ဉာဏိန္ဒ( m,a၊ ph.d ဓမ္မပါရဂူ)၏ စကားကို အမှတ်ရမိသည်၊
‘အခု တပည့်တော်ပြောပြီးသမျှ အကုန်စာမေးပွဲပြဌာန်းပါတယ်၊ ရွေးပြီးပေးတာမျိုး မရှိပါဘူး၊ အချိန်ရှိတုန်း လုပ်ထားပါ၊ ပြီးမှ ‘ဆင့်…..ခွေးမျှော်လုပ်တာမျိုးလက်မခံပါဘူး’၊
ဟုပြောပြီးဆင်းသွားတတ်သည်၊
တပည့်များ ထုံးစံအတိုင်း ဆရာတော် စာသင်ခန်း အပြင် ခပ်လှမ်းလှမ်းရောက်လျှင် မေတ္တာပို့သံ သဲ့သဲ့ကြားရတတ်သည်၊
ခွင့်လွှတ်ပါဆရာရှင်………..။