Pages

Tuesday, July 26, 2011

ရပ်ပြောလေးတော့ ရပါတယ်

မိတ်ဆွေတစ်ဦးက    မေးပါသည်၊
အိန္ဒိယနိုင်ငံရောက်တာကြာပြီလားတဲ့၊
သိပ်မကြာသေးပါဘူး၊
ကုလားစကားရော ပြောတတ်ပြီလား၊
ရပ်ပြောတော့ရပါတယ်၊
ထိုင်ပြောတော့ မရသေးပါဘူး၊ 
 
‘ကိုယ့် လူပြောတာနားမလည်ဘူး၊ ဘာလဲ ရပ်ပြော ထိုင်ပြော၊ နားမရှင်ဘူး’
လို့ အထွန့်တက်ပါတယ်၊   

ဒီလို ရှိတယ်၊ တို့မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အများကြီး ရှိတယ်၊
မြန်မာစကားကောင်းကောင်းတတ်တဲ့ တိုင်းရင်းသားလဲရှိပါတယ်၊ 

တစ်ချို့ကြတော့ မြန်မာစကားကို ကောင်းကောင်း မပြောတတ်ကြဘူး၊ တစ်ခါတုန်းက တိုင်းရင်းသား တစ်ယောက် ထင်းထမ်းပြီး ရွာကို ပြန်လာတာ လမ်းမှာ စစ်ဆေးရေးတွေ့နဲ့တွေ့တော့ စစ်ကြပါတယ်၊ ဘယ်ကလာတာလဲ၊ ဘာလုပ်သလဲ၊ ဘာအတွက်လဲ၊ အဖေဘယ်သူလဲ၊ အမေဘယ်သူလဲ မေးကြပါတယ်၊

နောက်တော့ မေးခွန်းတွေက နိုင်ငံရေးလုပ်သလား စသည်ဖြင့်ဆက် မေးပါတော့တယ်၊
ဒီမှာတင် တိုင်းရင်းသားကြီးက စစ်ဆေးရေး အရာရှိကို ပြောလိုက်ပါတယ်၊

‘ဟေ့ ငါ့လူရေ၊ ငါမြန်မာစကားကို ရပ်ပြောပဲရတယ်၊ ထိုင်ပြောမရသေးဘူး၊ သွားလိုက်ဦးမယ်’တဲ့၊

‘ကိုယ်လဲ အဲလိုပဲ ကုလား စကားရပ်ပြောတော့ရပါတယ်၊ ထိုင်ပြောမရသေးပါဘူး၊

No comments:

Post a Comment