စာသင်တိုက် တစ်တိုက်တွင်ဖြစ်သည်။ ဆိုပါ စာသင်တိုက်သည် ခေတ်နှင့်အညီ ဘာသန္တရစာပေတို့လဲ သင်ပြ သင်ယူနေသော စာသင်တိုက် ဖြစ်သည်။
ကျောင်းသာများစွာ ရှိ၏။ ဒေသအစုံမှ လာရောက်ပြီး သင်ယူနေကြသည်။ အညာသားလဲ ပါသည်။ အောက်သားလဲ ပါသည်။
မိမိတို့လာရောက် စာပေသင်ယူနေသော စာသင်တိုက်တွင် စာချဆရာ များမှာ များလှ၏။ ဘွဲ့ဖြင့် မှတ်ရန် မလွယ်ကူလှပေ။ မွန်ပြည်နယ်မှ သဒ္ဒါဆရာကို ' ရာမည ' ဟု ခေါ်ကြ၏။ တချို့ အပြောင်အပျက်နာမည်များဖြင့်လည်း ခေါ်ကြသည်။ အရိုက်ကြမ်းသောကြောင့် ဦးအာဠာဝက ဟုနောက်ကွယ်တွင် ခေါ်ကြသည်။
ဆရာတစ်ပါး၏ အမည်မှာမူ အနဲအငယ် ဆန်းပါသည်။ သူ့ကို ' ဦးဘောအိ' ဟုခေါ်ကြသည်။ ဤနာမည် ကိုကင်ပွန်းတပ်လိုက်ပုံက
တစ်နေ့တွင် ဆိုပါ ဆရာသည် အင်္ဂလိပ်စာ စတင်သင်ကြားပေး၏။
boy ကို ကြားနေကြ အသံထွက် ဘျွိင်း မဟုတ်ပဲ 'ဘောအိ' ဟု အသံထွက်ပြပါသည်။
ထိုနေ့မှစ၍ ယင်း စာချဆရာတော်ကို သူ့နောက်ကွယ်တွင် 'ဦးဘောအိ' ဟုသာခေါ်ကြတော့သည်။
ထိုဆရာတော်၏ သင်တန်းမှာလဲ အထူးအောင်မြင်သဖြင့် အခြားစာသင်တိုက်များမှပင် လာရောက် သင်ယူကြရလေသည်။
No comments:
Post a Comment