ဆရာတော်သည် ဘုန်းကြီး၏။ စာပေတတ်ကျွမ်း၏။ အပြော၊ အဟော ကောင်း၏။ ဥပဓိခန့်ငြား၏။ တပည့်ပေါင်းများစွာလဲရှိ၏။ ဆရာတော်၏ဘုန်းကံကြောင့်သက်တော်ငါးဆယ်ကျော်တွင်နိုင်ငံခြား ထွက်ခွင့် ကြုံတော့သည်။
သို့သော် ဆရာတော်သည် ငယ်စဉ်ကပင် ပါဠိစာပေများကိုသာ လိုက်စား ကျွမ်းကျင် ခဲ့သောကြောင့် ခေတ်သစ်စာပေ အင်္ဂလိပ်တွင် အားနည်းပါသည်။ ကြည်ညိုသော ဒကာ ဒကာမများ၏ လျှောက်ထား တောင်းပန်မှုဖြင့် အာရှနိုင်ငံ များသာမက အနောက်ခြမ်းက နိုင်ငံတစ်ချို့နှင့် ဥရောပ နိုင်ငံ များ တိုင်ကြွ ရောက်ပြီး မြန်မာ ဒကာ ဒကာမများကို သွန်သင်ဆုံးမ၊ ညွှန်ပြနိုင်မှုရှိသည်။
တစ်နေ့တွင် ကြည်ညို လေး စားသော ဒကာတစ်ယောက်မှ ဆရာတော်ကြီးကို လျှောက်ထားပါသည်။
“ ဆရာတော်၊ ဆရာတော်က အင်္ဂလိပ်စာလဲ မတတ်ပဲနဲ့ ကမ္ဘာပတ်နေတယ်ဆိုတော့၊ အခက် အခဲ များ တွေ့ပါသလားဘုရား”တဲ့၊
အင်မတန်ရင်းနှီးသော ဒကာလဲဖြစ်ပါသည်။ ထိုအခါ ဆရာတော်ကြီးက-
” ဘုန်းကြီးကတော့ မခက်ပါဘူး၊ ဒါပေမယ့် ဘုန်းကြီးနဲ့တွေ့တဲ့ နိုင်ငံခြားသား ဒကာကတော့ ခက်တာပေါ့” ကျောင်းဒကာရာ"တဲ့။
No comments:
Post a Comment