လွန်လေပြီးသော ကမ္ဘာများစွာက တစ်ခုသောကာလတွင် ဘုရားရှင်သည် ရသေ့ဖြစ်ခဲ့ဖူး၏။ သုမေဓာဟု သိကြသည်။ သူ၏ချမ်းသာမှုသည် အတိုင်းအတာမဲ့ဖြစ်၏။ ထိုအတိုင်းအတာမဲ့ ချမ်းသာတွင်တွယ်တာခြင်းကင်း ၏။ ဥစ္စာဓနကြွယ်ဝမှုသည် ကာမဂုဏ်ချမ်းသာကိုသာပေးစွမ်းနိုင်မှန်းသိခဲ့၏။ ထိုချမ်သားထက်လွန်သော ချမ်းသာကိုရချင်၏။ ရှာချင်၏။ နောက်တွင်အနှိုင်းမဲ့ဥစ္စာဓနကိုစွန့်လွှတ်လိုက်တော့၏။
ဤသို့ဖြင့်ရှေးသူဟောင်းလမ်းစဉ်ကိုလိုက်နာကာ ရသေ့ပြုခဲ့သည်။ ကာမဂုဏ်ချမ်းသာထက်လွန်သော ချမ်းသာကိုရခဲ့ပါသည်။ ဤသည်မှာ စိတ်ချမ်းသာမှုပင်ဖြစ်၏။ စိတ်ကိုလိုရာထားနိုင်သောနည်းဖြစ်၏။ ဈာန်ချမ်းသာ ဟုခေါ်သည်။ စိတ်ချမ်းသာနေသော မဟာပုရိသအဖြစ်ဖြင့် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။
တစ်ခုသောရက်မြတ်တွင် သူနေထိုင်ရာတောနှင့် မနီးမဝေးက မြို့သို့ ဒီပင်္ကရာအမည်ရှိသောသူတော်စင်တို့
၏ အရှင်လောကထွတ်တင်တစ်ဦးကြွလာ၏။
လောကထွတ်တင်ဒီပင်္ကရာအတွက် မြို့သူမြို့သားများနှင့်အတူ လမ်းပြင်ခွင့်ကိုထူးထူးခြားခြားရခဲ့၏။ မိမိ၏ ဈာန်စွမ်းအင်ဖြင့် တစ်ခဏခြင်းပြီးနိုင်စွမ်းသော်လည်း ကိုယ်စွမ်းဖြင့် သာ လမ်းကိုပြင်၏။ မြို့သူမြို့သား များနှင့်အတူပကတိပုရိသတို့ အစွမ်းကိုသာပြခဲ့သည်။
သုမေဓာရသေ့လမ်းပြင်၍မပြီးသေးမီပင် လောကထွတ်တင်ကြွလာသည်။ လောကထွတ်သိတော်မူပြီးဖြစ်ပါသည်။

သုမေဓာ အတွက် အခွင့်ထူးပေးလို၍ကြွလာခြင်းပင်ဖြစ်တော်မူ၏။
မပြီးသေးသော လမ်းအတွက် မိမိကိုယ်ကို ခင်းပြီးလျှောက်လှမ်းစေ၏။ မေတ္တာကြီးမားတော်မူသောလောက ထွတ်ဒီပင်္ကရာဘုရားမြတ်သည် သုမေဓာရသေ့ကိုယ်ကိုနင်းပြီးကြွတော်မမူခဲ့ပေ။
သတ္တ၀ါများအတွက်တရားတော်ကိုဟောကြားပြီး ချမ်းသာကိုဆောင်တော်မူ၏။
ရသေ့သူမြတ်လည်း လောကထွတ်တင်ကဲ့သို့သတ္တ၀ါများချမ်းသာကိုဆောင်ချင်သည်။ ဆောင်ခွင့်ရ
လိုကြောင်းလျှောက်တင်သည်။ လောကထွတ်တင်ဘုရားရှင်က
‘သင်လည်းငါလိုလောကထွတ်တင်ဘဒ္ဒကမ္ဘာတွင်ဖြစ်လိမ့်မည်’’ဟုမိန့်ကြားခဲ့၏။
လိုကြောင်းလျှောက်တင်သည်။ လောကထွတ်တင်ဘုရားရှင်က
‘သင်လည်းငါလိုလောကထွတ်တင်ဘဒ္ဒကမ္ဘာတွင်ဖြစ်လိမ့်မည်’’ဟုမိန့်ကြားခဲ့၏။
သုမေဓာသူမြတ်သည် ကာမဂုဏ်ချမ်းသာကိုစွန့်ခဲ့၏။ အများဆိုင်ချမ်းသာကိုစွန့်ပြီး တစ်ယောက်တည်း ချမ်းသာရှာခဲ့ပြန်၏။ ရခဲ့၏။
ထိုနောက်တစ်ယောက်တည်းချမ်းသာကိုစွန့်ပြီး အများချမ်းသာကိုဆောင်ခွင့်ရရန်တောင်းဆိုပြန်သည်။
ယခုတောင်းဆိုလိုက်သော အများချမ်းသာသည် မိမိစွန့်လွှတ်ခဲ့သော ကာမဂုဏ်ထက်သာသော လောကီလွန်ချမ်း သာပင်ဖြစ်၏။ အနှိုင်းမဲ့ မေတ္တာဖြင့် အနှိုင်းမဲ့ ကမ္ဘာရှည်ခရီးကြီးကိုကြွတော်မူခဲ့သည်။
အနှိုင်းမဲ့ မေတ္တာဖြင့် အနှိုင်းမဲ့ ကမ္ဘာရှည်ခရီးကြီးကိုကြွတော်မူခဲ့သည်။
ReplyDelete