၁။
တံမြက်စည်းလှည်းရမယ်။
၂။
ဘုရားနေ့စဉ်ဝတ်တက်ရမည်။
၃။
ဆွမ်းစားအပင့်အဖိတ်ရှိက လိုက်ရမည်။
ဆိုသော
စည်းကမ်းသုံးချက်ဖြင့် လင်္ကာမြေက ဆင်ဟာလီကျောင်းတွင် နေထိုင်ခွင့်ရသည်။
တံမြက်စည်းလှည်းရမည်
ဟူသော စည်းကမ်းသည်ပင် သူ့အရပ်သူ့ဒေသနှင့်မို့ ခက်သေးသည်။
ဘုရုမေ
အရှင်ကို တံမြက်စည်းမလှည်းပါနဲ့။ အမှိုက်ပဲကျုးံပါလို့ ဆရာတော်က ပြောပါတယ်..
ဘာလိုလဲ
ထပ်ပြီးမေးမိတော့..၊
အရှင်ဘုရားလှည်းတာက
ကြက်ယက်သလိုပဲလို့ ဆရာတော်ကပြောတယ်။
နောက်တော့
သူတို့တံမြက်စည်းလှည်းတာကို သေချာကြည့်မိတော့ ဟုတ်ပေသားပဲလို့ သိလိုက်ရသည်။
သူ့တို့တံမြက်စည်းသည်
မြန်မာတံမြက်စည်းလို အလုံးကြီးမဟုတ်၊ တံမြက်ဆံများကို ယပ်တောင် ကဲ့သို့
ဖြန့်ထားသည်။
လှည်းသော
အခါတွင်လည်း လှည်းကျင်းပြီးသားဘက်တွင် လူမနေရ။ အမှိုက်များကို သဲပြင် အပေါ်မှ ခပ်ရှပ်ရှပ်ဆွဲယူလိုက်ခြင်းသာပါ။ လှည်းကျင်းပြီးသား ဘက်တွင်လဲ အုန်းလက်ပမာ ပြန့်ပြူးကျန်ရစ်သည်။ သဲများပါမလာပဲ အမှိုက်သည်သာ
ပါလာသည်။
မိမိကားသူတို့လို
မဟုတ် အမှိုက်ပြောင်ပြီးရောဆိုသလိုမျိုးဖြင့် မြန်မာလို လှည်းကျင်းလိုက်တော့သဲတွေ
ပါသည်။ သဲပြင်တွင် ကောက်ကြောင်းကြီးများ အထင်သားရှိသည်။
ကြက်ယက်သလိုမို့
အမှိုက်မလှည်းရတဲ့။
နောက်တော့
ဖြေးဖြေးချင်းတတ်မြောက်သွားပါသည်။
ကြက်ယက်ထားသလိုကြီး
မဖြစ်တော့ပါ။
၂။
ဘုရားဝတ်တက်လိုက်ရမည်။
လင်္ကာမြေက
ဘုရားဝတ်တတ်ခြင်းသည် ကြည်နူးစရာအကောင်းဆုံးဖြစ်သည်။
ကျောင်းအနီးအနားက
ဒကာ ဒကာမများလာကြသည်။
တတ်နိုင်သည့်ပန်းများကို
တစ်ပွင့် တစ်ခိုင်ဖြစ်စေ ယူလာကြသည်။
ပန်းတင်ခုံတွင်
စုံထားကြသည်။
ဘုရားဝတ်တက်ရန်နီးလာသောအခါ
အဖြူများသည် အဖြူတစ်စု၊ အနီများသည် အနီတစ်စု၊ အ၀ါ အပြာ အစိမ်းစသည် ပန်းရောင်စုံတို့သည်
တစ်ကန့်စီသာရှိကြသည်။
ရွေးချယ်ထားပြီးသော
ပန်းများကို ပန်းကန်ငယ်များတွင် ထည့်ကြသည်။
ထို့နောက်
ဘုရားဝတ်တက်လာသူ ကလေးလူကြီးမကျန် ပန်းတင်ခုံမှ ပန်းများကို လက်ဆင့်ကမ်းပြီး ဘုရားရှင်ဆီသယ်ဆောင်ပူဇော်ကြသည်။
ဘုရားဝတ်တက်ပြီးလျင်
သံဃာတော်များကို ဦးချပူဇော်ကြသည်။
မြန်မာများလို
ဘုန်းအားလုံးကို တစ်ကြိမ်တည်းဖြင့် ဦးချ ၀တ်ပြုလိုက်သည် မဟုတ် တစ်ပါးလျင် ဦးသုံးကြိမ်နှုံးဖြင့်
သံဃာအားလုံးစုံအောင် ဦးချဝတ်ပြုသည်။
ထူးခြားသည်ကားတင်ပလ္လင်ခွေပြီး
ထိုင်နေရသည် မဟုတ် မတ်တတ်ရပ်ပြီး အပူဇော်ခံရသည်။
ပရိတ်သတ်များလျင်
တစ်နာရီကျော်ကျော်ကြာတတ်သည်။
“အာယု
ဘ၀ံ” ဟု ဆုပေးရသည်။
အသက်ရှည်ပါစေ...တဲ့။
၃။
ဆွမ်းစားအပင့်အဖိတ်ရှိကလိုက်ရမည်။
လင်္ကာကျွန်းသည်
အသောကမင်းကြီး လက်ထက်ကစလို့ ဗုဒ္ဓသာသနာထွန်းလင်းလာခဲ့သည်။
ယနေ့အချိန်တိုင်အောင်လည်း
ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓသာသနာမြတ်နိုးသူ တို့လာရောက်လေ့ လာသင်ယူနေကြသည်။
ခေတ်သစ်နည်းများဖြင့်
စနစ်တကျပို့ချသင်ကြားလေ့လာနေကြသည့် ကမ္ဘာသိတက္ကသိုလ်ကြီးများလည်း အများအပြားပင်ရှိသည်။
တိုင်းသူပြည်သားများကလည်း
ဗုဒ္ဓသာသနာတော်ကိုကြည်ညိုသည့်အလျောက် ဆွမ်း၊ ကွမ်း၊ ကျောင်း၊ ဆေး မလစ်ဟင်းရအောင် လှူဒါန်းနေကြသည်။
ရုံးလုပ်သားများအပြားရှိသော
တိုင်းပြည်မို့ စနေ၊ တနင်္ဂနွေနေ့တိုင်း ဆွမ်းစားကြွရသည်။
ရဟန်းတော်များ
ဆွမ်းဘုဉ်းပေးနေသောအခါ အိမ်သူအိမ်သားအားလုံးသည် မိမိနိုင်ရာ ဆွမ်း၊ ဆွမ်းဟင်း စသည်များဖြင့်
ရဟန်းတော်များကို လှူဒါန်းကုသိုလ်ယူနေကြသည်။
တစ်ခါတစ်ရံ
ဆရာတော်ကြီးက ဆွမ်းအနုမောဒနာအနေအားဖြင့် တရားအဟောခိုင်းလေ့ရှိသည်။
ဟောခါစမို့
မြန်မာနည်း၊ မြန်မာဟန်အတိုင်း သီလပေးသည်။
ကျောင်းပြန်ရောက်သောအခါ
“ဘုရုမေတို့ သီလပေးတာကလဲ ငေါက်သလိုပဲနော်”တဲ့။
မြန်မာဟန်အတိုင်း
ဂရု၊ လဟု ပီပီရွတ်ဆိုမိသောကြောင့်ဖြစ်သည်။
အတွေ့အကြုံများလာသောအခါ
ငေါက်သလိုမဖြစ်တော့ပါ။
အခုတိုင်
တွေးမိတိုင်း ကြည်နူးရသည်။
အခွင့်အခါ
သင့်ရင်ဖြင့် ပြန်လာချင်ပါသေးတယ် လင်္ကာရယ်။
No comments:
Post a Comment