ညသည် တိတ်ဆိတ်နေသည်။ တခါတရံ အော်ဟစ်လိုက်သောညငှက်တို့၏ အသံနှင့် ကျောင်း တလင်း ပြင်တွင် အိပ်နေကြသော နွားတို့၏ စာမြှပ်ပြန်သံသာ ရှိနေ၏။ ညဆယ့်တစ်နာရီခန့် ဖြစ်၏။ တော ရွာ မို့စောစောအိပ်လေ့ရှိကြသည်။ ညအမှောင်သည် လဲဤ အရပ်ဤဒေသတွင် မြန်လွန်းသည် ထင်ရ သည်။
နှင်းထု ထူထူတို့ကလွှမ်းမိုးနေသောကြောင့် လဲပို၍ တိတ်ဆိတ်နေတတ်သည်။ ညသည် အတော်နက်၍ ဆူသံအော်သံတိတ်ဆိတ်နေပါလျှင် ချင်းတွင်းမြစ်ရေစီးသံကိုကြားရတတ်သည်။
ရွာနှင့်ကျောင်းသည် တစ်ခေါ်သာသာမျှဝေးသောလဲ မှောင်မည်းမည်းညများတွင် ရွာလှမ်းပြီးမမြင်ရပေ။ သူတို့တောင်ယာမှရွာပြန်ပြီးလူစုံသောကာလများတွင်မူမီးရောင်လဲ့လဲ့ကို ညအခါများတွင် ရံဖန်ရံခါတွေ့ ရတတ်သည်။
လသာညများတွင် အသက်ကြီးသော အဖိုးအဖွားတို့၏ ချောင်းဟတ်သံနှင့်တေးဆိုသံတို့ကို ကြားရ တတ် သည်။
ညကို ဖွဲ့ဆိုလေသလား၊ အမှောင်ကို တေးသီနေသည်လား၊ တစ်ရေးနိုး ကလေးများကို ပြန်လည်ချော့ သိပ် နေသည်လားမပြောတတ်ပါ။ သူတို့အသံကြားရသဖြင့် ကိုယ်တိုင် အိပ်ချင်စိတ် ဖြစ်လာတတ် သည် ကတော့ အမှန်ပါ။ သူတို့ရွာသူတို့ဓလေ့သည်ချစ်စရာကောင်းပါသည်။ မြေပြန့်နှင့်ဝေးသော ဒေသဖြစ် အဆောင် ယောင်ကင်းကင်းဖြင့် လှနေတတ်သည်။ တစ်ရွာလုံးမှလည်း အိမ်ခြေနှစ်ဆယ် ကျော်သာရှိသည်။
တောင်ယာ တက်ချိန်ဆိုပါလျှင် ရွာထဲတွင်လူသူ မရှိသလောက် ဖြစ်နေတတ်သည်။ ရွာထဲဖြတ်သွား ဖြတ်လာနွားများကို သာတွေ့ရမည်။ ဘယ်ချိန်ပြန်လာသည်တော့ မပြောတတ်ပါ။ နောက် ရက်များတွင် ကျောင်းသို့ရောက်လာပြီး တောင်ယာမှ ခူးဆွတ်ခဲ့ကြသော အသီး အရွက်များကို လာ ပို့ တော့ပင် သူတို့ တောင်ယာမှ ခဏပြန်ဆင်းလာကြောင်း သိရသည်။ သခွားသီးလက်ဆောင် ပါတတ်သည်။ ဖရုံသီးလဲ ပါတတ်၏။ သူတို့ရောက်ပြီး နောက်နေ့မနက်စောစောတွင် နာဂပျိုဖြူတစ်စု၏ မောင်း ထောင်း သံကို အားရှိပါးရှိ ကြားရတတ်သည်။ စည်းလိုက်ဝါးလိုက် ဖြစ်နေတတ်သည်။ သူတို့နှင့်တွေ့ပြီး စကား ပြော ရသည်မှာ ပျော်စရာကောင်းသည်။ သူတို့ဓလေ့တစ်ချို့ကိုသိမြင်နိုင်သည်။
ဤရွာလေးသို့ မရောက်ခင် ကသူတို့တောင်ပေါ်တွင်နေကြသည်။ သူတို့နေရာတောင်တန်း တ၀ိုက်တွင် တောင်ယာခုတ်ခြင်းဖြင့် အသက် မွေးဝမ်းကြောင်းပြုကြသည်။ အရင်ကသူတို့နေခဲ့သော ရွာဟောင်း လေး ကို တခါတရံ ပြန် ပြော တတ်သည်။ သူတို့ လက်ညှိုး ညွှန်ပြသည်ကို လှမ်းကြည်လိုက်ရာ တောင်တန်း များ ကိုသာတွေ့ရသည်။ အခုပြောင်းလာသော ရွာလေးကို သူတို့အရင်တောင်ယာဟောင်းက နတ်မင်း ကြီး လိုက် ပါလာခဲ့ ကြောင်း လဲပြန်ပြောတတ်သည်။ တစ်ချို့ အဖိုး အဖွား တို့ဆိုလျှင် သူတို့ကိုယ်တိုင်ပင် တွေ့မြင်ဖူး ကြကြောင်း ပြော ပြတတ်သဖြင့် အံ့သြရသေးသည်။ ငါတစ်ခါ တပည့်တော်တစ်လှည့်ဖြင့် စကားပြောကြ၏။ သွားလဲ အေးလာ လည်းအေးအေးဖြင့် ငြိမ်းချမ်းသော ရွာလေးဖြစ်၏။
သူတို့ရွာဝန်းကျင်က သစ်ပင်တိုင်းတွင် နတ်တစ်မျိုးတော့ ရှိနေတတ်သည်။ နတ်မဟုတ်လျှင် လဲအစောင့် တစ်မျိုးတော့ ရှိနေသည်ချည်းသာဖြစ်၏။ တောင်ယာ တက်လျှင်လဲ တစ်ယောက် တည်းတက်ကြ၏။ မိန်းမသာများလဲ တစ်ယောက်တည်း သွားတတ်ကြသည်။ ပတ်ဝန်းကျင် တွင်အနီး ဆုံးရွာမှာ တောင် တစ် လုံးကျော်၊ မြစ် တစ်ခုခြားများဖြစ်နေတတ်သောကြောင့် အခြားလူစိမ်းတွေ့ရခဲသည်။ သူတို့ရွာသို့ တစိမ်း လူများရောက်လာလျှင်လဲ တိုးတိုးတိုးတိုးဖြင့် စကားပြောစရာ ဖြစ်ကြသည်။ သူတို့တက်သွားသော တောင် ယာကို ညအခါများတွင် မီးရောင်လဲ့လဲ့ဖြင့် မြင်ရတတ်သည်။ ညနက်သည် ထိမီးရောင် လဲတွေ့ ရ တတ် သည်။
တောလိုက်ရန်ရွာထဲမှ ထွက်လာသောသူကိုအဆင်ပြေပါစေလို့မပြောရပါ။ အထူးသဖြင့် ဘုန်းကြီး အနေ နဲ့ မပြောမိဖို့ အရေးကြီးပါသည်။ အခြားရွာများတွင် မည်သို့ရှိမည်မသိသော လည်း ဤရွာလေးတွင်မူ မပြော ရပါ။ မသိချင်ယောင်ဆောင်လိုက်ရသည်။ တခါကမေးဖူးရာ ‘ဘုန်းဘုန်းပြောလို့မရတာ'ဟုပြန်ပြောသဖြင့် နောက်မမေးရဲတော့ပါ။
သို့သော်တောကောင်တစ်ကောင်ရလာလျှင်တော့ဝေပုံကျလာပို့တတ်ပါသည်။ အရင်က မည်သို့ရှိမည် မ သိရသော်လည်း မိမိ လက်ထက်တွင် မူအသားများကို အစိမ်းလိုက်မပို့ကြရန်နှင့် အခြောက်လှမ်းသို့ မဟုတ် ချက်ပြုတ်ပြီးမှပို့ဖို့ပြောရပါသည်။ ဟင်းချက်ပို့ရာတွင် မြေပြန့် လို အဆောင်အယောင်မပါ အသားတုံး ချည်းသက်သက်ကို ချက်လာခြင်းဖြစ်သည်။ ဆီသုံးသည်မတွေ့ရပါ။ အသားစိမ်းအနံ့လည်း ရနေ တတ် သည်။ သူတို့ပိုပြီးပြန်လျှင်ပြန်လည်ချက်ပြုတ်ရတတ်သည်။ စိတ်တိုပြီး သူတို့ကို မဆဲဖို့ လာရောက်ပြီး ပြောပြထားပါသည်။ ဆဲဆိုကြိမ်းမောင်းပြီးခိုင်းပါလျှင်မလုပ်တတ်တော့ဟုပြောပြပါသည်။
တခါတရံ ကြုံရသည်။ သူတို့စကားတွင် ‘မ’ သည် ပေးဟူသော အဓိပ္ပာယ်ဖြစ်၏။ တစ်ခုခုကို မကြ သော အခါ ‘မမ ဟုပြောလိုက်မိလျှင် ဘာမှဆက် မလုပ်တတ်တော့ပဲ ကြောင်ကြည့်နေတတ်သည်။ နောက်မှ ဖြည်းဖြည်းချင်းသူတို့ စကားကိုသင်ရသည်။ မသိစေချင်သော အကြောင်းအရာကို သူတို့ဘာသာစကားဖြင့် ပြောကြသည်။ ဘာမှမသိသော်လည်း သူတို့ရယ်တာကိုကြည့်ပြီး လိုက်ပြီးရယ်မိသည်။ မြန်မာစကားရေလည်သော သူများကို ပြောရသေးသည်။ ရယ်စရာဆိုရင်တော့မြန်မာလိုပဲပြောပါ။ စိတ်ညစ်စရာ ဆိုရင်တော့ နင်တို့စကားနဲ့ပဲပြောကြပါလို့။ ဟုတ်ပါတယ်။ ဗြုန်းကနဲ့ မန္တလေးမြို့ ကနေ ပြီး ဒီတော ရွာလေး တကယ့်တောရွာလေးကို ရောက်ခဲ့ရတာဆိုတော့ လွမ်းတဲ့စိတ်က မပြေနိုင်သေးဖြစ်နေ တတ်လို့။
ညအခါများတွင်ကျောင်းတိုင်ကိုကျွဲများလာပြီး ကိုယ်စောင်းတိုက်တတ်၏။ ခြောက်လှန့် လိုက်သဖြင့် တော ထဲသို့ တဖြောဖြောတိုးဝင်သွားသံကို ကြောက်လန့်တကြား ကြားရတတ်ပြန်သည်။ မည်သည့်ငှက်ဟု မ ပြောပြတတ်ပါ။ ကျောင်းဝင်းတခါးဝက နေတစ်ညလုံး တတောက်တောက် တအူအူဖြင့် ကြားနေရ တတ် သည်။
ထိုရွာလေးတွင် အိပ်မရသော ညများစွာ၊ ထိတ့်လန့်ရသောညများစွာ၊ အေးလွန်း သောညများစွာ၊ စိတ် ကယောင် ခြောက်ခြားဖြစ်ရသော ညများစွာ၊ စုစုရုံးရုံးနှင့် ပျော်ခဲ့ရသော ညများစွာကိုပိုင် ဆိုင်ခဲ့ပါသည်။
No comments:
Post a Comment