ဆရာဟူသည် မိမိတပည့်ကိုမိမိ တို့ထက် သာလွန်စေချင်ကြသည်။ မသာနိုင်တောင်မှ တန်းတူတော့ လိုက်စေချင်ကြသည်။ နည်းမျိုးစုံသုံးကာ မိမိတို့၏ တပည့်များကိုလမ်းညွှန်ပေးတော်မူခဲ့ကြသည်။
ရွာတစ်ရွာတွင် စာပေတတ်ကျွမ်းသော ဆရာတော်တစ်ပါးသည် တပည့်ပေါင်းများစွာမွေးပြီး ဦးဆောင် ဦးရွက်ပြုတော်မူနေသည်။ တပည့်တိုင်းသည် ထင်သလောက် မပေါက်ပဲ ဖြစ်နေကြသည်ကို အားရ တော် မူခြင်းမရှိလှ။
တစ်နေ့ တပည့်တစ်ပါးနှင့် အတူ ခရီး တစ်ခုကို အတူကြွတော်မူ၏။ တပည့်သည်လဲ ဆရာတော်၏ နောက်တော်ပါးမှ တစ်ဖ၀ါးမကွာ လိုက်ပါလာခဲ့သည်။
တစ်နေရာသို့အရောက်တွင် ဆရာတော်က မိမိနောက်က တပည့်ကိုလှည့်၍ မိန့်တော်မူသည်။
“ အင်း ငါဖြင့် တပည့်တွေမွေးလိုက်တာ၊ တစ်ပါးမှ မစံ့ဘူး။ အဲဒီ အထဲ မင်းပဲ ငါ့ခြေရာလိုက်ပြီး နင်းနိုင်တယ်၊ ခွေးချီးတွေ ပေကုန်ပြီ ဆေးကြဦးစို့ကွာ”တဲ့။ အာဂဆရာမြတ်တည်း။
No comments:
Post a Comment