လွမ်းမိသည်။
တက္ကသိုလ်နောက်ဆုံးနှစ်ပြီးတော့စတုတ္ထနှစ်ကျောင်းသာများ၏အာစရိယပူဇာကိုမန္တလေးမြို့၊သာသနာ့တက္ကသိုလ်ဘွဲ့နှင်းဓမ္မာရုံတွင်ကျင်းပသည်။လေးနှစ်တာနေစဉ်အတွင်းဆရာတပည့်ဆက်ဆံရေးတွင်ပြောမှားဆိုမှားများရှိခဲ့ပါလျှင်ခွင်လွှတ်ပေးဖို့တောင်းပန်ကြခြင်းဖြစ်ပါသည်။ စာသင်သားများဘက်မှအရှင်သဇ္ဇနကတပည့်စာသင်များကိုယ်စားဝန်ချတောင်းပန်သည်။ဆရာများကလည်းခွင့်လွှတ်ပါကြောင်းအတန်းပေါင်းစုံက ဆရာများကိုယ်စား ပါမောက္ခချုပ်မှ ပြန်လည်မိန့်ကြားပါသည်။ နောက်ဆုံးဂါဝရပြုခြင်းဟုသိရချိန်ဝယ် ၀မ်းနည်းစိတ်က လှိုက်ကနဲ့ မထိမ်းသိမ်းနိုင်အောင်ဖြစ်မိသည်။ လေးနှစ်တာကာလအတွင်ဝယ်နယ်ပေါင်းစုံကစာသင်သားများကိုတွေ့ရသည်။အတွေ့အကြုံတွေဖလှယ်ကြသည်။စာအတူရွတ်ခဲ့ကြရသည်။
အောင်ပွဲတွေလဲအဆင့်ဆင့်ဖြတ်ကျော်လာခဲ့ကြသည်။ သွားအတူ လာအတူဖြင့် ခရီးများစွာကိုလည်း သွားခဲ့ကြရသည်။
တောင်လေသွေးသော ညချမ်းများတွင် အဆောင် ဧည့်ခန်းတွင် စုရုံးကာ ရယ်မောခဲ့ကြရဖူးသည်။ အခုတော့ အတိတ်တွင် ကျန်တော့သည်။ လွမ်းသည်။ စာမေးပွဲနီးသောကာလများတွင် ကုသိုလ်တော်ဘုရား ၀င်းအတွင်းက ခရေတောတွင် အပေါင်းအသင်းစုံစုံနဲ့ စာတွေငြင်းခုံကြသည်။ ခရေတွေလဲကောက်ကြသည်။ ခရေမွှေးမွှေးကိုဘုရားတင်ပူဇော်ကြသည်။ မြင်ယောင်နေမိသည်။ခရေတွေလေတွင်ဝဲပြီးတဖွဲတဖွဲကြွေကျနေသည်ကို။ မန္တလေးမြို့တည်၊နန်းတည်မင်တုန်းမင်းကြီး၏ကောင်းမှုတော်ပိဋကတ်တော်များကိုတည်ထားပူဇော်ထားသောဓမ္မစေတီတော်တို့ကိုကြည်ကြည်
်နူနူးဖူးကြရပြန်ပါသည်။
သီရိလင်္ကာနိုင်ငံရောက်ပြီးတက္ကသိုလ်တွင်ဗုဒ္ဓသာသနာသမိုင်းသင်ရသောအခါသင်္ဂါသမိုင်းအကြောင်းကိုပြောတိုင်းပရောဖက်ဆာကမန္တလေးက
ကျောက်စာတော်တွေအကြောင်းကိုပြောပြပါသည်။ အံ့သြဖွယ်ရာကောင်းကြောင်း၊
မြန်မာမင်းနှင့်ပြည်သူတို့ကရဟန်းသံဃာတော်များနှင့်ပူပေါင်းပြီးဗုဒ္ဓသာသာကည်ညိုပုံတို့ကိုကမ္ဘာအရပ်ရပ်ကစာသင်သားများရှေ့ဝယ်ပြောပြနေသဖြင့်ဂုဏ်ယူမိသည်။ ရန်ကုန်မြို့တွင် ကျင်းပသော ဆဋ္ဌသင်္ဂါယနာသည် နိုင်ငံတကာကတက်ရောက်ကြသဖြင့် ဗုဒ္ဓသာသနာတွင် ပထမဆုံးအပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးဖြစ်ကြောင်း ပြောသောအခါ ၀မ်းသာမိပါသည်။ မြန်မာများ၏ကြည်ညိုပုံကိုလဲ လေးစားမိကြောင်း ပြောကြသည်။ ပရောဖက်ဆာက မန္တလေးအကြောင်းကို ပြောပြသောအခါ မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်တွင် စာသင်ခဲ့ရသော ဘ၀ကို ဂုဏ်ယူမိသည်။ ဆောင်းညများတွင် အဆောင်ရှေ့က လမ်းပေါ် တိုးတိုး တိတ်တိတ်ဖြင့် လမ်းလျှောက်ခဲ့ရသည်တို့ကို သတိရသည်။ အိပ်လို့လဲ မပျော်နိုင်ခဲ့ပါ။ အဆောင် ၂ ထောင့်စွန်းက လှမ်းကြည့်လိုက်ပါလျှင်မန်းတောင်တော်တွင် ထွန်းညှိပူဇော်ထားသောလျှပ်စစ်မီးရောင်တို့ကထိန်ထိန်းညီးနေတတ်ပြန်သည်။ အဆောင်ရှေ့က ဗန်ဒါပင်တို့ကိုတိုးဝှေ့တိုက်ခတ်လာသောလေနုအေးတို့ကလဲ ဒီညမအိပ်ရန် အဖော်ညှိနေသယောင်ထင်ရသည်။
အဆောင်စွန်းဆီက ထိုးဆင်းလားသော လရောင်သည် ဧည့်ခန်းတွင် တစ်နယ်တစ်ရပ်ဆီက အလည်လာသော ဧည့်သည်ပမာ။ အဲလိုညကိုလဲ လွမ်းသည်။ စာမေးပွဲနီးပြီဆိုလျှင် အဆောင်တိုင်းစာကျက်သံမြိုင်မြိုင်ကို ကြားရသည်။ အချင်းချင်းမေးမြန်းဆွေးနွေးရသော ညများကိုလဲ မှတ်မိနေပြန်သည်။ စာဆွေးနွေးရင်း ဘေးရောက်သွားသောညများလဲ ရှိခဲ့ဖူးသည်။ စာများရကောင်းလားလို့ ဆရာကို အပြစ်တင်မိသောညများလဲ မနည်းပါ။ လပြည့်၊ လကွယ်နဲ့ လစဉ် ရှစ်ရက်နေ့များတွင် အတန်းမရှိသဖြင့် မြို့ထဲထွက် ထွန်းဦးစာပေ၊ နဂါးစာပေ၊ ရဲရင့်စာပေနဲ့ မြညွန်ဆွေစာပေတို့တွင် ၀င်ရောက်မွှေနှောက်ရသောအဖြစ်ကိုလည်း အမှတ်ရမိသည်။ ညနေတက္ကသိုလ်ပြန်ရောက် မန္တလေးတောင်ပေါ်တက်ရသော ညနေချမ်းများကို တသသ လွမ်းနေတတ်သည်။
မန်းတောင်ပေါ်ကလှမ်းကြည့်လိုက်ပါလျှင်တခမ်းတနားလှနေတတ်သောတက္ကသိုလ်နဲ့ပတ်ဝန်းကျင်၊မင်းတုန်းမင်းတရားကြီး၏
ကောင်းမှုတော်ကျောက်စာပိဋကတ် စေတီတော်များကိုခရေတောကြီးပတ်လည်ဝိုင်းပြီး သာယာနေပုံကို ကြည့်လို့မ၀နိုင်။ တတ်သလောက် မှတ်သလောက်ဖြင့် ကမ္ဘာအရပ်ရပ်က နိုင်ငံခြားခရီးသွားတွေကိုမန်းတောင်တော်ပေါ်ကနေပြီး ‘ ဟိုမြင်နေရတဲ့ ကျောင်းတော်ကြီးဟာတို့နေတဲ့ကျောင်းပဲလို့ကြွားမိတဲ့အထိပါပဲ”။
နေ့စဉ်နေ့တိုင်းညနေဘုရားဝတ်တက်အပြီးတွင်သူငယ်ချင်းများနဲ့အတူကျုံးဘေးလမ်းလျှောက်ရသည်တို့ကိုလွမ်းမိသည်။
ရောင်လည်လည်နဲ့နန်းရှေ့ဈေးထဲလဲရောက်သွားတတ်ပြန်သည်။ အပြင်ထွက်ခိုက်အဆောင်စစ်မည်လဲစိုးရိမ်ရပြန်သည်။
စာမေးပွဲနီးကြောင်းကိုကျောက်တော်ကြီးဘုရားပွဲကအသိပေးနှိုးဆော်သည်။ ဇာတ်စင်ဆောက်ရန်ဝါးလုံးများပုံလာပြီဆိုလျှင်စာမေးပွဲနီးပြီ။
ဇာတ်သမားများဆိုင်းသံမြိုင်မြိုင်ဖြင့်ဇာတ်တိုက်ကြပြီဆိုလျှင်စာမေးပွဲသည်လဲရက်ပိုင်းမျှသာကျန်တော့သည်။
ဆိုင်းသံမြိုင်မြိုင်ဖြင့်စာမေးပွဲဖြေရလေ့ရှိသည်။ ဆောင်းလေ လေး လည်း ဖြန်းသည်။ ပွဲဈေးတန်းတွင်လူစုံသည်။ အကြော်နံ့လည်းသင်းသည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် မန္တလေးမြို့၊ သာသနာ့ တက္ကသိုလ်ကျောင်းသားဘ၀ကို နှုတ်ဆက်ခဲ့ရသည်။ ရင်ထဲ ရှိုက်လျှက် နာဂတောင်တန်းကို ရောက်ခဲ့ပြန်သည်။ တောင်တန်းတွေအကြားတိုင်းရင်းသား နာဂအဆွေတွေနဲ့ (၂) နေခဲ့ရပြန်သည်။ အဲဒီကပြန်တော့ ရန်ကုန်မြို့တော်မှာ ဘွဲ့ယူရသည်။ ပြီးတော့ သီရိလင်္ကာနိုင်ငံရောက်ခဲ့ရသည်။မြန်လွန်းလှသည်။ ဤနိုင်ငံတွင်လည်းမန္တလေးသာသနာ့တက္ကသိုလ်၌ စာသင်ခဲ့ရသော မိတ်ဆွေများနှင့်ပြန်လည်ဆုံတွေ့ရသည်။
မန္တလေးအကြောင်းပြောကြသည်။ ခရေတောက ခရေအကြွေတွေအကြောင်း စကားစပ်ကြသည်။ အတိတ်ကရယ်မောခဲ့ရသောညတွေကိုပြန်ကောက်ရသလိုခံစားရသည်။
အခုချိန်ဆိုခရေတွေရှိလေမလား တွေးမိသည်။ စာကျက်နေမည်ဖြစ်သော ညီတော်တွေကိုပြေးမြင်ယောင်မိသည်။
လွမ်းသည်။ ခရေ အကြွေတွေလဲ ရှိမည်။
ခရေတောက ခရေအကြွေတွေအကြောင်း စကားစပ်ကြသည်။ အတိတ်ကရယ်မောခဲ့ရသောညတွေကိုပြန်ကောက်ရသလိုခံစားရသည်။
ReplyDeleteအခုချိန်ဆိုခရေတွေရှိလေမလား တွေးမိသည်။ စာကျက်နေမည်ဖြစ်သော ညီတော်တွေကိုပြေးမြင်ယောင်မိသည်။
သာသနာအတွက် အားတွေ..............
အမိုး