မတ်တတ်ရပ်ပြီး ကောင်းကောင်းပြေးတတ်တော့ ရွာဦးကျောင်းရောက်သည်။ ကိုးနှစ်ကျော် ဆယ်နှစ် ရောက် တော့ ကိုရင်ဝတ်သည်။ ရွာဦးကျောင်းတွင်သုံးနှစ်၊သုံးမိုးနေပြီးတော့မန္တလေးမြို့ ကြီးသို့ တက်ခဲ့သည်။ လေးငါးခြောက်နှစ်နေပြီးတော့ စာမေးပွဲများ အတန်အသင့် အောင်မြင်သည်။ ရွာကိုတစ်နှစ် တစ်ခေါက် တော့ ရောက်ဖြစ်သည်။
နောက်ထပ်လေးငါးနှစ် ဆက်လက် နေထိုင်လိုက်သောအခါ အထက်တန်း ပိဋကတ်များကိုလေ့လာ
နိုင်ခဲ့သည်။ နောက်တော့ နိုင်ငံခြားပညာသင်သွားဦးမည်ဆိုကာ မြန်မာပြည်မှ အပြင်သို့ ထွက်ခွါခဲ့သည်။
နိုင်ခဲ့သည်။ နောက်တော့ နိုင်ငံခြားပညာသင်သွားဦးမည်ဆိုကာ မြန်မာပြည်မှ အပြင်သို့ ထွက်ခွါခဲ့သည်။
ရွာကိုလဲ တစ်နှစ် တစ်ခေါက် မရောက်နိုင်တော့။ တခါတရံ အမေ့ဆီမှဖုန်းဆက်သည်။ စာကို လူကြုံပါး တတ် သည်။ စာကြိုးစာပါ။ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားပါ။ အများအကျိုးဆောင်နိုင်သောပုဂ္ဂိုလ်ကြီး ဖြစ် အောင် ကြိုးစားပါ စသည်ဖြင့် မှာတတ်သည်။
အဖေဆီမှစာတွင်ကား ကျမ္မာရေးဂရုစိုက်ဖို့လောက်သာမှာသည် ကိုတွေ့ရသည်။ အချိန်တန် လို့အမိ မြေ ပြန်ရောက်တော့ ရွာကို ပြန်ခဲ့သည်။ အမေ သည် ဂုဏ်ယူလို့ မဆုံးတော့။
ရွာထဲ လှည့်ပြီး “ ကျုပ်သား ဦးဇင်းနိုင်ငံခြားက ပြန်လာပြီ” ဟုဆိုကာတွေ့တဲ့သူတိုင်းကို ပြောတော့၏။ နောက်ဆုံး အိမ်က အဖေဖြစ်သူကိုပင် သူ့သားတော်ကြောင်း ပြောတော့၏။
ပြီးတော့ အမေက အဖေ့ ဆီက ထောက်ခံချက်တောင်းသည်၊
“နေပါဦးတော့၊ ကိုအ၀ှာ၊ ကျုပ်တို့သားဦးဇင်း စာဘယ်လောက်များ တတ်ပလဲ လို့ ထင်သလဲ”တဲ့။ ဒီတော့ တိတ်ဆိတ်နေတဲ့ အဖေက ပြောပါတယ်။
“ စာဘယ်လောက်တတ်တယ်တော့ ငါ မပြောတတ်ဖူးဟေ့၊ မနက်မနက် မျက်နှာသစ်တာကတော့ နင်ခတ်ထားတဲ့ ရေတစ်အိုး ကုန်တယ်ဗျား”တဲ့။
No comments:
Post a Comment