Pages

Tuesday, June 11, 2013

သီဟသေနာပတိ သုတ္တံ


ကေပုပ္ဖံ ဧကောဒကံ။
ပူဇေနာပိ သုခံ လဘေ။


ပန်းတစ်ပွင့် ရေတစ်ခွက် ပူဇော်ခြင်းအားဖြင့်လည်း ပစ္စပ္ပုန် တမလွန်နှစ်တန်သော ဘ၀တွင် ချမ်းကိုရစေ တတ်သည်။ 
ပးကမ်း လှူဒါန်းခြင်းကို ကောင်းသော အရာ တစ်ခု အဖြစ် လူသားတိုင်း ဘာသာတိုင်းက မြတ်နိုးစွာ လက်ခံကြသည်။


တစ်ခါက ဘုရားရှင် မဟာဝန်တော ကုဋာဂါရကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ်က သီဟစစ်သူကြီး 
သည် ဘုရားရှင်ထံမှောက်သို့ ရောက်လာပြီး ဒါနနှင့်ပတ်သက်သော မေးခွန်းတစ်ချို့ မေးဖူးသည်။

ရှင်တော်ဘုရား၊ အလှူပေးတဲ့ အတွက် ယခုလက်ရှိဘ၀ရရှိမယ့် အကျိုးများကို ဟောပြနိုင်ပါလားဘုရား။
သီဟစစ်သူကြီး အလှူပေးလိုက်လက်ငင်းရမယ့် အကျိုးများကိုပြခြင်းငှာတတ်နိုင်ပါတယ်။

၁။ ပေးလှူတတ်တဲ့ အလှူရှင်ကို လူအများက ချစ်ခင်ကြတယ်။

၂။ နောက်တစ်မျိုးက အလှူရှင်ထံကို တည်ကြည်ငြိမ်းချမ်းသော စိတ်ဓာတ် ပိုင်ရှင်သူတော်စင်များ လာရောက် တတ်ကြတယ်။

၃။ နောက်တစ်မျိုးက အလှူရှင်သည် ထင်ပေါ်ကျော်ကြားရသည်။

၎။နောက်တစ်မျိုးက အလှူရှင်များသည် လူများအလယ် ပရိသတ်အကြား ရဲရဲဝံ့ဝံ့သွားလာလှုပ်ရှားနိုင်တယ်။

၅။ နောက်တစ်မျိုးက အလှူရှင်များဟာ ဒီဘ၀ ဒီခန္ဓာစွန့်ရမယ့် နောက်ဆုံး အချိန်မျိုးမှာ စိတ်ကြည်လင်နေ တတ်တယ် သေလွန်ပြီးနောက် နောက်ဘ၀များတွင် ကောင်းရာသုဂတိဖြစ်တဲ့ နတ်ဘုံနတ်နန်းဖြစ်ရတယ်..။

ဘုရားရှင်မိန့်ကြားသော ထိုစကားကြားရသည့် သီဟစစ်သူကြီးသည်..
 
ရှင်တော်မြတ်ဘုရား၊ တပည့်တော်သည် အရှင်မြတ်ဘုရားဟောလို့လက်ခံရသည့် သဘောမျိုး မဟုတ်ပဲ၊ ကိုယ်တွေ့အားဖြင့် လက်ရှိရမယ့် ပစ္စုပ္ပန် အကျိုးလေးပါးကို ခံစားသိရှိပါတယ်ဘုရား။

တပည့်တော်က ပေးလှူတတ်တော့ လူအများချစ်ခင်ကြပါတယ်။
ပြီးတော့ တည်ကြည်လေးမြတ်စိတ်ဓာတ်မြင့်မားသော သူတော်စင်ကြီးများလည်း တပည့်တော်ဆီကြွလာ တတ်ကြပါတယ်။

သီဟစစ်သူကြီးက လူတိုင်းကိုပေးလှူတတ်တယ်။ သံဃာများကို ကြည်ညိုလေးစားတယ်စသည်ဖြင့် မင်း ပရိသတ်၊ သူဌေး သူကြွယ်၊ မှူး မတ် စသည်ဖြင့် ပရိသတ်အလယ်မှာ ထင်ပေါ်ကျော်ကြားရပါတယ်ဘုရား။

ထိုအခါ ဘုရားရှင်က သီဟစစ်သူကြီး၊ သင်ပြောတဲ့ လက်ရှိ လက်ငင်းရမယ့် အကျိုးလေးပါးထင်ရှားသလို၊ လက်ရှိဘ၀ခန္ဓာစွန်ရကြတော့လည်းပဲကောင်းရာသုဂတိရောက်ရတယ်ဆိုတာ ဒါနအကျိုးပင်ဖြစ်ပေတယ်။

(သီဟသေနာပတိသုတ်)


No comments:

Post a Comment