တက္ကသိုလ်ဟူသော အမည်သည် မြို့တစ်မြို့၏
အမည်ဖြစ်သည်။ taxila ဟုခေါ်ကြသည်။ ပညာရပ်များ စွာပို့ချ သင်ယူကြသည်။ ကမ္ဘာ အရပ်ရပ်မှ ကျောင်းတော်သားများဖြင့်
စည်ကားသည်။
ဗုဒ္ဓဇာတက ဖြစ်တော်စဉ်များနှင့် ကြီးပြင်း လူလားမြောက်ခဲ့ကြသော
ရှေးမြန်မာ ပညာရှိကြီးများသည် ပညာရေး အရိပ်အမြုံ အဖြစ်တည်ထောင် ဖန်တီးကြသောအခါ တက္ကသီလကိုပင်
မြတ်နိုးစွာဖြင့် ပွားယူခံစားလျက် တက္ကသိုလ်ဟု အမည်ပေးလိုက်ကြသည်။
မြန်မာ့ဟန်၊ မြန်မာ့အတွေး၊ မြန်မာ့အနုပညာ၊
မြန်မာမိဘနှစ်ပါးမှ လူဖြစ်လာရသောကြောင့် တက္ကသိုလ်ကို ကလေးငယ်ဘ၀ကတည်းက ကြားဖူးသည်။ ဘုရားအလောင်းတော်သည်
တက္ကသိုလ်ပြည်သို့ ပညာသင် သွားသည်ဟု မကြာခဏကြားရသည်။
လူဝတ်ကြောင်ဘ၀ဖြင့် ကြာကြာ မနေလိုက်ရပဲနှင့်
ကိုရင်ဝတ်ရသောအခါ တက္ကသိုလ်အမည်နှင့် ပိုမိုနီး စပ်ပြန်သည်။ ဆရာတော်ဆုံးမသော သြ၀ါဒများတိုင်းတွင်
တက္ကသိုလ်ပြည်သွားကျောင်းတော်သားကြီးများ
အကြောင်းနာယူခွင့်ရသည်။
ရွာဦးကျောင်းတော်သာသည်လည်း
ရပ်၊ ရွာ၊ နယ်ပယ် အစုံအလင်မှ လာရောက်ကြသော လူငယ်များကို အသိအမြင်ပေးနေသော ဌာနကြီးဖြစ်သောကြောင့်
ဇာတ်တော်များလာ တက္ကသိုလပြည်ကြီးရောက်ရသလို ထင်မြင်မိသည်။
လူ့ဘ၀ဖြင့်ဆိုသော ဆယ်တန်းအောင်မှ တက္ကသိုလ်ရောက်ကြသင်ရသည်။
ကိုရင်ဝတ်လိုက် သောကြောင့် တက္ကသိုလ်မြန်မြန်ရောက်သည်ဟု ပြောနိုင်သည်။ တက္ကသီလ၊ တက္ကသိုလ်သည်ပင်
ဘုန်းကြီးရှင်းပြသော အခါ ပါဠိစကားဖြစ်နေသည်ကို သိရသည်။
လောက အတတ်၊ လောကဓာတ်ပညာများနှင့် အကျင့်သီလ ( မင်းကျင့် တရားဆိုင်ရာများကို သင်ကြားပေးသော ဌာန၊ သင်ယူရာဌာနဟုသိရသည်။
ငယ်စဉ်ဘ၀ စည်းကမ်း မကျန၍ အဆုံးအမခံရတိုင်း
တက္ကသိုလ်ပြည်ရောက် ကျောင်းတော်သားများ ၏ ကောင်း သော အကျင့်ကြောင့် တိုးတက်သွားပုံ၊ မကောင်းသော
အကျင့်ကြောင့် ဆုတ်ယုတ်သွားပုံ များနှင့် ချိန်ထိုး ပြလေ့ ရှိသည်။
ဘုရားအလောင်းတော်သည် တက္ကသိုလ်ကျောင်းသား
ဖြစ်ဖူးသည်။ ဒေ၀ဒတ္တ(ဒေ၀ဒတ်) သည်လည်း အတိတ် ဘ၀များစွာက တက္ကသိုလ်ကျောင်းသားဖြစ်ဖူးသည်။
ရှေးခေတ် အိန္ဒိယနိုင်ငံကျောင်းသားများ သာမက
နီးစပ်ရာ ဟိမ၀န္တာတောင်တန်းဒေသမှကျာင်း တော်သား များလည်းလာရောက်သင်ယူကြသည်။ တိုင်းကြီးဆဲ့ခြောက်တိုင်းမှကျောင်းတော်သားဖြစ်သည်။
ထို့အပြင် ဖီလော်ဆော်ဖာများနိုင်ငံဆိုနိုင်လောက်သော
ယောနကတိုင်း( ဂရိ) တို့မှလည်း လာရောက်သင် ယူကြသည်။
အိန္ဒိယနိုင်ငံသည် အတတ်ပညာ အားလုံးနှင့်
ကိုးကွယ်မှု ဘာသာပိုင်းဆိုင်ရာအားလုံး၏ အရင်းအမြစ်ဟု ဆိုကြ သည်။ ဤတက္ကသိုလ်အမည်သည် ရှေးခေတ်အိန္ဒိယသမိုင်းများတွင်
နေရာအယူများသည်။
အရှေ့တိုင်းနှင့် အနောက်တိုင်းပေါင်းစပ်ထားသော
အနုလက်ရာများဖြင့် ယနေ့တိုင်အောင် အနုပညာ၊ အနုစိတ် တွင် ဦးထိပ်ကနေရာ ယူထားဆဲဖြစ်သည်။
ဗုဒ္ဓဘာသာဆိုင်ရာ ကိုးကွယ်မှုသမိုင်းအရ
ဘုရားရှင်လက်တော်က ဘုရားရှင် ကိုယ်ပွားရုပ်ပွားတော်ကိုး ကွယ်မှု မရှိခဲ့သော်လည်းနောက်ပိုင်းတွင်
ဗောဓိပင်၊ ဓမ္မစင်္ကြာအ၀န်း၊ ကြာပန်း၊ လှည်းဘီးဝန်းပုံနှင့် ပလ္လင်ပုံတော်များကို ဘုရားရှင်ကိုယ်စားပူဇော်ခဲ့ကြသည်။
အိန္ဒိယ( မဇ္ဈိမ) အနုလက်ရာ၊ ဒဿန၊ အကျင့်စရိုက်များဖြင့်
ထုံမွှမ်းထားရာ (အလောင်းတော် အဖြစ်ဖြင့် အကြိမ်ပေါင်းများစွာပညာဆည်းပူရာ) တက္ကသီလာမြို့သို့
ရောက်ရှိလာသော ဂရိတို့၏ ဥရောပလက်ရာ များဖြင့် ပေါင်းစပ်လိုက်သောအခါ ဗုဒ္ဓဘာသာ၏ကိုးကွယ်မှုသမိုင်းသည်
ပိုမိုထွန်းလင်းလာခဲ့သည်။
ရုပ်တုများထုလုပ်လာကြသည်။ ဥရောပလည်း
မဆန်လွန်း၊ ကုလားဟန်လည်း မပေါက်လွန်းသော မြတ် ဗုဒ္ဓ၏ ကိုယ်ပွားတော်၊ ရုပ်ပွားတော်များသည်
တက္ကသိုလ်မြေကစခဲ့သည်ဟုပြောနိုင်သည်။
တက္ကသိုလ်သည် ဗုဒ္ဓ၊ ပိဋက၊ ဇာတက၊ အနုအလှ၊
စာပေ၊ ရသ၊ သမိုင်းများတွင် အဘက်ဘက်က ပါဝင်နေသည်ကိုတွေ့ရသည်။
No comments:
Post a Comment